၂ဝ၂ဝ ခုနှစ်၏ ဂန္ထဝင်အပတ်စဉ်ဗေဒင် ( မေလ ၃ ရက်နေ့မှ ၁ဝ ရက်နေ့အထိ)

blank

တနင်္လာသားသမီး

ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေအနေနဲ့ ခက်ခဲနေတဲ့အချိန်ပါ။ ဝန်ထမ်းတွေအနေနဲ့ လုပ်နေကျအလုပ်တွေကို နည်းလမ်းအသစ်တွေနဲ့ လုပ်ရလိမ့်မယ်။ ငွေကြေးကံမကောင်းသေးပါ။ အချစ်ရေးမှာ အမှတ်ရစရာအချိန်တွေကို ဖန်တီးနိုင်လိမ့်မယ်။ မိသားစုအတွင်းမှာ ပျော်ရွှင်စရာ အချိန်တွေကို ပိုင်ဆိုင်လိမ့်မယ်။ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်တတ်တယ်။

ယတြာ- ရေဖိုးလှူဒါန်းပါ။

အင်္ဂါသားသမီး

စီးပွားရေးလုပ်ကိုင်နေသူတွေအနေနဲ့ မိမိရဲ့ ကုန်ပစ္စည်းတွေ ရောင်းချခြင်းနဲ့ပတ်သက်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းနေရပါတယ်။ ဝန်ထမ်းတွေအနေနဲ့ အထက်ကပေးတဲ့ အလုပ်ဖိအားတွေကြောင့် စိတ်ညစ်နေလိမ့်မယ်။ မလိုအပ်တဲ့ အသုံးစရိတ်တွေကို အတတ်နိုင်ဆုံး လျှော့ချထားရမယ့်အချိန်ပါ။ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေဆီက စိတ်ဓာတ်ခွန်အားတွေရရှိမယ်။ အလှမ်းကွာဝေးနေတဲ့ ချစ်သူနဲ့ ကတောက်ကဆလေးတွေဖြစ်မယ်။

ယတြာ-ဆေးဝါးလှူဒါန်းပါ။

ဗုဒ္ဓဟူးသားသမီး

အရောင်းပိုင်းတွေကို ချဲ့ထွင်ပြီးလုပ်နိုင်လိမ့်မယ်။ ပိုကောင်းတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ရလိမ့်မယ်။ ငွေကြေးအလိမ်ခံရတတ်တာကြောင့် အရာရာကို သတိနဲ့လုပ်ဆောင်ပါ။ အချစ်ရေးနဲ့ပတ်သက်ပြီး ကံကောင်းနေတဲ့ကာလဖြစ်တာကြောင့် အချစ်ရေးကမ်းလှမ်းတာတွေကို လုပ်ဆောင်သင့်ပါတယ်။ ထိခိုက်ဒဏ်ရာရတတ်ပါတယ်။

ယတြာ- နေအိမ်ဘုရားမှာ ဆီမီးကပ်လှူပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

လုပ်ငန်းလုပ်ဆောင်နေသူတွေအနေနဲ့ လက်အောက်ငယ်သားတွေနဲ့ ပူးပေါင်းပြီး ရလဒ်ကောင်းတွေ ထုတ်နိုင်လိမ့်မယ်။ ရင်းနှီးမြှပ်နှံမှု အသစ်တွေ မလုပ်ပါသေးနဲ့ဦး။ အချစ်ရေးနဲ့ မိသားစုရေးရာကြားမှာ ဗျာများနေရမယ်။ မျှော်လင့်မထားတဲ့နေရာတွေကနေ ငွေဝင်လိမ့်မယ်။ အာရုံကြောနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေဖြစ်တတ်ပါတယ်။

ယတြာ- ဘိုးဘွားတွေအတွက် အာဟာရလှူဒါန်းပါ။

သောကြာသားသမီး

လုပ်ငန်းတွေကို စိတ်ရှိသလောက်ပေါက်အောင် မလုပ်ဆောင်နိုင်တဲ့အတွက် စိတ်ဓာတ်ကျနေမယ်။ ချစ်သူရဲ့ အားပေးစကားတွေနဲ့ မာန်တင်းနေရတဲ့ကာလတွေပါ။ ငွေကြေးအဝင်မရှိပေမယ့် အထွက်တွေပြနေတဲ့ ကာလပါ။ မိသားစုအတွင်းမှာ စိတ်ဝမ်းကွဲစရာလေးတွေ ကြုံရတတ်တယ်။ မတော်တဆမှုတွေဖြစ်တတ်တာကြောင့် လမ်းခရီးအသွားအလာ ဂရုစိုက်ပါ။

ယတြာ- ချို့တဲ့သူတွေအတွက် မနက်စာလှူပါ။

စနေသားသမီး

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတွေကို အရင်ကအရှိန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်လိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ တာဝန်ယူထားတဲ့အလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မယ်။ ငွေကြေးဆိုင်ရာ အခက်အခဲတွေကို အကောင်းဆုံးဖြေရှင်းနိုင်မယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြဿနာအကြီးအမားမရှိပါဘူး။ အချစ်ရေးနဲ့ပတ်သက်ပြီး ကြားလူကြောင့် အနှောင့်အယှက်ဖြစ်တတ်ပါတယ်။

ယတြာ-လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။

တနင်္ဂနွေသားသမီး

ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်စိတ်တက်ကြွအောင် လှုံ့ဆော်နေရတဲ့ ကာလပါ။ ကြိုးစားမှုတွေကို အရင်ကလိုပဲ ဆက်လက်မြှင့်တင်ထားပါ။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် စိန်ခေါ်မှုတွေများနေပါတယ်။ မိသားစုရေးရာနဲ့ပတ်သက်ပြီး စိတ်မရှည်ဖြစ်နေပါတယ်။ လေနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ မိမိထက်အသက်ကြီးတဲ့သူတစ်ဦးဦးနဲ့ မေတ္တာရေးဆုံဆည်းရတတ်ပါတယ်။

ယတြာ-စိတ်တည်ငြိမ်စေဖို့ တရားထိုင်ပါ။