၂ဝ၂ဝ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဧပြီလ ၂ဝ ရက်နေ့မှ ၂၆ ရက်နေ့အထိ)

blank
တနင်္လာသားသမီး

ဝင်ငွေထွက်ငွေမမျှတလို့ အတန်ငယ်စိတ်မောနေရမယ့် ကာလဖြစ်ပါတယ်။ အခက်အခဲတွေကို ဇွဲရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ်လိုက်ပါ။ မကြာခင်မှာ ပြေလည်သွားပါလိမ့်မယ်။ အချစ်ရေးမှာ စန်းပွင့်နေ ပါတယ်။ ရောက်လေရာမှာ ချစ်ကြိုက်သူတွေဝိုင်းဝိုင်းလည်နေတတ်တယ်။

ယတြာ ။        ။ ဘုရားမှာသပြေညွှန့် ကပ်လှူပါ။

အင်္ဂါသားသမီး

မိသားစုအကြားသဘောထားကွဲလွဲစရာလေးတွေ ရှိတတ်တယ်။ ကြားလူတွေစကားရှုပ်တတ်တာကြောင့် မိသားစုအချင်းချင်း ဖြေရှင်းတာက ပိုကောင်းပါတယ်။ ချစ်သူဟောင်းက ပြန်ဆက်သွယ်လာတတ်တယ်။ စီးပွားရေးအတွက် အခွင့်အလမ်းတွေပေါ်လာမယ်။ အခွင့်အရေးကို ဖမ်းဆုပ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားလိုက်ပါ။

ယတြာ ။        ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဗုဒ္ဓဟူးသားသမီး

အဟောင်းတွေနဲ့ အကျိုးပေးနေတဲ့ကာလဖြစ်ပါတယ်။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံ တတ်တယ်။ လုပ်ငန်းဟောင်းတွေဆီက အကျိုးအမြတ်တွေရတတ်တယ်။ ပျောက်သွားတဲ့ ပစ္စည်း ဟောင်းတွေ ပြန်တွေ့တတ်ပါတယ်။ ရပ်ဝေးသူငယ်ချင်းဆီက သတင်းကောင်းကြားရမယ်။ ထူးခြားတဲ့လက်ဆောင်တစ်ခုရတတ်တယ်။

ယတြာ ။        ။ မွေးနေ့မှာခေါက်ဆွဲကြော် ဆွမ်းလောင်းပါ။

ကြာသပတေးသားသမီး

ပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေ ရရှိမယ်။ အဲ့ဒီအခွင့်အလမ်းတွေကိုလက်လွှတ်မခံဘဲ ဝါသနာပါတဲ့အရာကို သေချာစဉ်းစားပြီး ရွေးချယ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်မှု တည်ဆောက်ဖို့ အကောင်းဆုံးအချိန်ပါ။ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ်။

ယတြာ ။        ။ ဘုရားမှာ သစ်သီးဆွမ်းကပ်လှူပါ။

သောကြာသားသမီး

စိတ်လိုက်မာန်ပါလုပ်မိတာမျိုးတွေ သတိထား ရှောင်ကြဉ်ရမယ့် အချိန်ဖြစ်ပါတယ်။ အခန့်မသင့်ရင် မိတ်ဆွေသူငယ်ချင်းတွေနဲ့ အထင်အမြင်လွဲစရာတွေကြုံရတတ်ပါတယ်။ ပညာရေးကံကောင်းပါတယ်။ ထီထိုးပါ။

ယတြာ ။        ။ စာရေးကိရိယာလှူဒါန်းပါ။

စနေသားသမီး

အဆိုးနဲ့အကောင်း ယှဉ်တွဲနေတဲ့အချိန်ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် သေချာစဉ်းစားပြီးမှ လုပ်ပါ။ မမျှော်လင့်ဘဲ အလုပ်နေရာအသစ်တစ်ခုကို ပြောင်းရွှေ့ခွင့်ကြုံရတတ်ပါတယ်။ အချစ်ရေးမှာ ကတောက်အဆလေးအနည်းငယ် ရှိနေပေမယ့် ပြဿနာကြီးကြီးမားမား မရှိသေးပါ။  မိသားစုအတွက် စိတ်ညစ်ရတာလေးတွေကြုံရတတ်တယ်။

ယတြာ ။        ။ ဆွမ်းဆန်စိမ်းလှူပါ။

တနင်္ဂနွေသားသမီး

ပြောင်းလဲမှုတစ်ခုခု လုပ်ဆောင်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီအချိန်က အသင့်တော်ဆုံးအချိန်ပါ။ ဖိအားတွေကြောင့် စိတ်ရှုပ်ရတတ်ပေမယ့် ဒါတွေက အောင်မြင်မှုအတွက် အရေးပါတဲ့ တွန်းအားတွေ ဖြစ်လာမှာပါ။ အချစ်ရေးမှာ စိတ်နှစ်ခွဖြစ်နေတတ်ပါတယ်။ ငွေဝင်ကိန်းရှိပါတယ်။ အဝေးက သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြန်ရတတ်တယ်။
ယတြာ ။        ။ နွမ်းပါးသူတွေအတွက်ဆေးလှူပါ။

ဗေဒင်စာစောင်လေးကို သူငယ်ချင်းတွေ ဖတ်ရအောင် SHARE ပေးလိုက်ပါဦး။