၂ဝ၂ဝ ခုနှစ် ဂန္ထဝင်အပတ်စဉ်ဗေဒင် (မတ်လ ၃ဝရက်နေ့မှ ၅ ရက်နေ့) အထိ

blank
တနင်္လာသားသမီး

စိတ်ပူပန်ကြောင့်ကျမှုတွေကို တည်ငြိမ်စွာကျော်ဖြတ်ရင်ဆိုင်နိုင်လိမ့်မယ်။ လုပ်ငန်းတွေစိတ်ထင်သလောက် ပေါက်အောင်မလုပ်နိုင်ပေမယ့် ကိုယ်ပိုင်အရည်အသွေးတွေ တိုးတက်အောင် ကြံဆောင်လုပ်ဆောင်နိုင်လိမ့်မယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး တကျက်ကျက်ဖြစ်နေမယ်။ အအေးမိတတ်ပါတယ်။

ယတြာ- ချို့တဲ့သူတွေအတွက် ဆပ်ပြာလှူဒါန်းပါ။

အင်္ဂါသားသမီး

အခြားနေရာတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ရပ်တန့်နေတာကြောင့် ခေါင်းပူနေတဲ့ကာလပါ။ ဝင်ငွေထက်သုံးရမယ့်ငွေတွေ ပိုများနေသလို ခံစားနေရလိမ့်မယ်။ အိမ်သားတွေဆီက အားပေးနှစ်သိမ့်မှုတွေရလိမ့်မယ်။ ချစ်သူဆီကနွေးထွေးမှုကို မျှော်လင့်တစား မရနိုင်ဖြစ်နေတဲ့ကာလပါ။

ယတြာ- နေအိမ်ဘုရားမှာ ရေချမ်းကပ်ပါ။

ဗုဒ္ဓဟူးသားသမီး

စားသောက်ကုန်နဲ့ပတ်သက်ပြီး အကျိုးပေးမယ့်ကာလပါ။ စေတနာထားပြီးလုပ်ဆောင်တတ်တဲ့ အကျင့်ကြောင့် အရာရာအဆင်ပြေပါလိမ့်မယ်။ သားသမီးတွေရဲ့ ကျန်းမာရေးကြောင့် စိတ်ပူပန်ရတတ်ပါတယ်။ မိမိထက်ငယ်ရွယ်သူရဲ့ ကမ်းလှမ်းခြင်းကို ခံရလိမ့်မယ်။ အမြင်အာရုံနဲ့ပတ်သက်တဲ့ပြဿနာလေးတွေဖြစ်တတ်တယ်။

ယတြာ- ဆေးဝါးလှူဒါန်းပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

စီးပွားရေးကိစ္စတွေမှာ ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်မှုတွေ နှောင့်နှေးကြန့်ကြာနေမှုကြောင့် စိတ်ဖိစီးမှုများနေတဲ့ကာလပါ။ ရစရာရှိတဲ့ငွေတွေ လက်လွန်နေလိမ့်မယ်။ ချစ်သူရဲ့အားပေးကူညီမှုကြောင့် စိတ်ဓာတ်ကြံ့ခိုင်မှုကို တည်ဆောက်နိုင်လိမ့်မယ်။ အစာအိမ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေဖြစ်တတ်ပါတယ်။

ယတြာ- လူကြီးမိဘတွေအတွက် ဆေးဝါးဓာတ်စာလှူဒါန်းပါ။

သောကြာသားသမီး

မိသားစုတွေအတွက် အချိန်ပေးနိုင်နေတဲ့ကာလပါ။ ဝင်ငွေလျော့နည်းနေပေမယ့် မေတ္တာတရားတွေနဲ့ အရာရာကို ကျော်ဖြတ်နိုင်မယ့်ကာလပါ။ မိသားစုအတွင်း၊ ချစ်သူရည်းစားတွေအတွင်းမှာ ချစ်ခြင်းတရားတွေကို ဆပွားတည်ဆောက်နိုင်လိမ့်မယ်။ လူမှုရေးကိစ္စမှာ အငြင်းအခုံအနည်းငယ်ဖြစ်တတ်တယ်။

ယတြာ- နွမ်းပါးလူနာများအတွက် အလှူငွေထည့်ဝင်ပါ။

စနေသားသမီး

ဝန်ထမ်းတွေအနေနဲ့​အထက်လူကြီးဆီက ကူညီပံ့ပိုးမှုတွေ​ ရလိမ့်မယ်။ မမျှော်လင့်ထားတဲ့ လက်ဆောင်တစ်ခုကိုရလိမ့်မယ်။ မိသားစုအတွင်းမှာ စိတ်သဘောထားကွဲလွဲမှုအနည်းငယ် ကြုံရပါလိမ့်မယ်။ လက်တွဲဖော်ရဲ့​ ပျင်းရိလေးဖင့်မှုတွေကို အားမလိုအားမရဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအထူးကောင်းမွန်ပါတယ်။

ယတြာ- ဆန်လှူပါ။

တနင်္ဂနွေသားသမီး

ရပ်ဝေးရောက်နေတဲ့ တနင်္ဂနွေသားသမီးတွေအနေနဲ့ မိသားစုအရေးကိစ္စတွေကြောင့် စိတ်ပူပန်နေရမယ့်ကာလပါ။ ငွေကြေးကိစ္စပူပန်စရာနည်းနေတဲ့ကာလဖြစ်ပေမယ့်လည်း စိတ်ချမ်းသာမှုလျော့နည်းနေတတ်ပါတယ်။ ချစ်သူမရှိတဲ့ တနင်္ဂနွေသားသမီးတွေအနေနဲ့​ ချစ်ရေးဆိုခြင်းကို ခံရလိမ့်မယ်။ မောင်နှမသားချင်းတစ်ယောက်ယောက်ရဲ့​ ကျန်းမာရေးကိစ္စကြောင့် စိတ်ပူပန်ရတတ်ပါတယ်။

ယတြာ- ရေလှူပါ။