၂ဝ၂ဝ ခုနှစ်၏ ဂန္ထဝင်အပတ်စဉ်ဗေဒင် မတ်လ (၂၃) ရက်နေ့မှ (၂၉) ရက်နေ့ အထိ

blank
တနင်္လာသားသမီး

အလုပ်အတွင်းမှာ အခွင့်အလမ်းအသစ်တွေရမယ်။ လုပ်ဖော်ကိုင်ဖက်တွေဆီက အကူအညီကောင်းတွေ ရရှိမယ်။ ပညာရှာဖွေနေသူတွေအနေနဲ့ မျှော်မှန်းထားတဲ့ ပန်းတိုင်တွေကို ရရှိမယ်။ အိမ်ထောင်ရှင်တွေအနေနဲ့ တကျက်ကျက်ဖြစ်နေမယ့် ကာလပါ။ မောင်နှမတွေဆီကနေ ပံ့ပိုးမှုတွေ ရရှိမယ်။ အရေပြားနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ လမ်းခွဲထားတဲ့ချစ်သူရဲ့ ပြန်လည်ဆက်သွယ်ခြင်းကို ခံရလိမ့်မယ်။

ယတြာ- ငါးစာကျွေးပါ။

အင်္ဂါသားသမီး

အလုပ်အကိုင်နဲ့ပတ်သက်ပြီး အတက်အကျများနေတဲ့ ကာလပါ။ အဆင်မပြေမှုတွေအကြား ပြေလည်အောင် ကြိုးစားရင်း ကျန်းမာရေးညံ့တတ်ပါတယ်။ စပ်တူလုပ်ငန်းများ တိုးချဲ့ရန်မသင့်သေးပါ။ အချစ်ရေးအနေနဲ့ စန်းပွင့်နေတဲ့ကာလပါ။ စီးပွားရေးအတွက် အိမ်ထောင်ဘက်ဆီက ပံ့ပိုးမှုတွေရမယ်။ အထိုင်းများပြီး အညောင်းမိတာမျိုးဖြစ်တတ်ပါတယ်။ မမျှော်လင့်ထားတဲ့ လက်ဆောင်တစ်ခုရတတ်ပါတယ်။

ယတြာ- ဆွမ်းဆန်စိမ်းလှူပါ။

ဗုဒ္ဓဟူးသားသမီး။

အစိုးရနဲ့ပူးပေါင်းလုပ်ဆောင်ရတဲ့ လုပ်ငန်းတွေ အောင်မြင်မှုရမယ်။ မမျှော်လင့်ထားတဲ့ နေရာတစ်ခုကနေ ငွေအလုံးအရင်းလိုက်ဝင်တတ်တယ်။ စာမေးပွဲဖြေမယ့် ဗုဒ္ဓဟူးသားသမီးတွေ သတိထားပါ။ မတော်တဆမှုတွေဖြစ်တတ်ပါတယ်။ အချစ်ရေးနဲ့ အပျော်အပါးတွေနောက်လိုက်ရင်း အချိန်ကုန်နေတတ်ပါတယ်။ အာရုံစူးစိုက်မှု အားနည်းတဲ့ပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ အခက်အခဲတွေ ကြုံရလင့်တစား ခိုင်မာစွာကျော်ဖြတ်နိုင်ပါလိမ့်မယ်။

ယတြာ-အဖြူရောင်ပန်းကိုးပွင့်လှူပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

ဝန်ထမ်းလုပ်နေတဲ့သူတွေအနေနဲ့ အခွင့်အလမ်းကောင်းတွေ ရရှိမယ်။ အကောင်းတွေ ဆက်တိုက်ကြုံနေရတဲ့အချိန်မို့ အပျော်လွန်ပြီး ဖြစ်တတ်တဲ့ အမှားလေးတွေ ရှိတတ်ပါတယ်။ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မိသားစုအတွင်းမှာ ပြဿနာအနည်းငယ်ဖြစ်တတ်ပါတယ်။ ကျန်းမာရေးအထူးကောင်းမွန်ပါတယ်။ တစ်ဖက်သတ် ပတ်သက်လာတဲ့သူတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်တတ်ပါတယ်။

ယတြာ- မွေးနံထောင့်မှာ ဆီမီးသက်စေ့လှူပါ။

သောကြာသားသမီး

ဆုံးပြီလို့ သတ်မှတ်ထားတဲ့ အကြွေးတွေ ပြန်ရတတ်ပါတယ်။ အလုပ်အကိုင်အတွင်းမှာ မိမိကို ယုံယုံကြည်ကြည်နဲ့ ဦးဆောင်ဖို့ လွှဲပြောင်းပေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ချစ်သူရှိတဲ့သူတွေအနေနဲ့ ချစ်သူနဲ့ပျော်စရာအချိန်တွေကို ဖန်တီးနိုင်ပါလိမ့်မယ်။ ကျန်းမာရေးအထူး ဂရုစိုက်ရမယ့် ကာလပါ။ ကတိမတည်တတ်တဲ့သူတွေကြောင့် စိတ်ညစ်နေနေရတတ်ပါတယ်။ ပန်းတိုင်တွေကို အရယူနိုင်ဖို့ ခြေလှမ်းတွေ အစပြုနိုင်မယ့် ကာလပါ။

ယတြာ- ချို့တဲ့သူတွေအတွက် လက်ဆေးဆပ်ပြာလှူဒါန်းပါ။

စနေသားသမီး

ဒီတစ်ပတ်အတွင်းမှာ အချိန်ဆွဲထားတဲ့ လုပ်ငန်းတွေဆီက သတင်းကောင်းတွေ ကြားရမယ်။ အထက်လူကြီးရဲ့ အသိအမှတ်ပြုခြင်းကို ခံရမယ်။ ကျောင်းသားလူငယ်တွေအနေနဲ့ အဆင့်မြင့်ပညာတွေကို ဆက်လက်သင်ယူနိုင်လိမ့်မယ်။ မလိုအပ်တဲ့အသုံးစရိတ်တွေကြောင့် ငွေကုန်တတ်ပါတယ်။ အချစ်ရေးသာယာအဆင်ပြေနေတဲ့ကာလပါ။ အပူအအေးမညီမျှမှုကြောင့် ကျန်းမာရေးထိခိုက်တတ်ပါတယ်။

ယတြာ- ဖိနပ်လှူပါ။

တနင်္ဂနွေသားသမီး

ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားမှုတွေ အဆင်ပြေမယ်။ လူသစ်တွေနဲ့ တွေ့ဆုံရတတ်ပါတယ်။ အိမ်ခြံမြေဝင်တတ်တယ်။ လူယုံကြောင့် ဒုက္ခရောက်တတ်တဲ့ကာလပါ။ အရေးကြီးတဲ့ငွေပေးငွေယူကိစ္စတွေကို ကိုယ်တိုင်လုပ်ဆောင်ပါ။ ပညာသင်ယူနေသူတွေအနေနဲ့ အပေါင်းအသင်းမက်ပြီး ပညာရေးမှာစိတ်ဝင်စားမှု အားနည်းနေတဲ့ ကာလပါ။ အစာအိမ်ဒုက္ခပေးတတ်ပါတယ်။ အချစ်ရေးကံမကောင်းသေးပါ။

ယတြာ- ဆေးဝါးဒါနပြုပါ။