၂ဝ၂ဝ ခုနှစ်၏ ဂန္ထဝင်အပတ်စဉ်ဗေဒင် (မတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ)

blank

တနင်္လာသားသမီး

အောင်မြင်မှုအကြီးကြီးတွေက ကိုယ့်ကိုစောင့်ကြိုနေတဲ့ကာလဖြစ်တယ်။ ခရီးတိုလေးတွေ ထွက်ရမယ်။ စာမေးပွဲဖြေမယ့်သူတွေ ကံကောင်းမယ်။ အိမ်ထောင်ကျပြီးတဲ့သူတွေ သားသမီးရတနာနဲ့ ပတ်သက်တဲ့ သတင်းကောင်းကြားရမယ်။ မိသားစုအတွင်းမှာရှိတဲ့သူတွေရဲ့ ကိုယ်ရေးကိုယ်တာပြဿနာတွေကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ သူများပြဿနာ ဝင်မပါပါနဲ့။ အစာအိမ်နဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာလေးတွေဖြစ်တတ်ပါတယ်။ အရင်က တင်ကျန်နေတဲ့ အကြွေးဟောင်းတွေကို ဆပ်နိုင်လိမ့်မယ်။

ယတြာ-ရေဖိုးလှူပါ။

အင်္ဂါသားသမီး

စီးပွားရေးမှာ ပြိုင်ဖက်တွေပေါ်လာလိမ့်မယ်။ ပြဿနာပေါင်းများစွာ ဖြေရှင်းရင်း အားကုန်နေရလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီပြဿနာတွေကပဲ ကြီးမားတဲ့အခွင့်အရေးတွေ ခေါ်ဆောင်လာလိမ့်မယ်။ နိုင်ငံရပ်ခြားကို ပညာတော်သင်သွားရတတ်တယ်။ အိမ်ထောင်ရှင်တွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်အဝရလိမ့်မယ်။ အသင့်စားအစားအစာတွေ စားတတ်တဲ့အကျင့်ကိုလျှော့ချပါ။ မိသားစုဝင်တစ်ဦးဦးရဲ့ ကျန်းမာရေးအညံ့ရှိပါတယ်။ ငွေကြေးကတော့ ဝင်လိုက်ထွက်လိုက်ပါပဲ။

ယတြာ- အနီရောင်အစတစ်ခုလှူဒါန်းပါ။

ဗုဒ္ဓဟူးသားသမီး

စီးပွားရေးနဲ့ပတ်သက်ပြီးပညာရပ်အသစ်တွေကို သင်ယူနိုင်လိမ့်မယ်။ ကုန်ပစ္စည်းတွေ ရောင်းအားကောင်းလာမယ်။ ဒီဇိုင်း၊ သီချင်းနဲ့ နည်းပညာတွေနဲ့ပတ်သက်တဲ့ အလုပ်တွေလုပ်နေတဲ့ ဗုဒ္ဓဟူးသားသမီးတွေ ကံအထူးကောင်းမယ်။ အရာရာကို အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ဆောင်နိုင်မယ်။ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးအထူးသတိထားပေးပါ။ မိသားစုအတွက် အချိန်ပေးမှု နည်းနေတဲ့အချိန်ဖြစ်ပါတယ်။ မိသားစုကျန်းမာရေးကိစ္စတွေအတွက် ငွေကုန်ကြေးကျများနေတဲ့ ကာလပါ။

ယတြာ-နေအိမ်ဘုရားမှာ ကံ့ကော်ပန်းလှူပါ။

ကြာသပတေးသားသမီး 

ကိုယ့်ရဲ့ စီးပွားရေးပါတနာတွေနဲ့ ပြဿနာအနည်းငယ်ဖြစ်တတ်ပါတယ်။ ပညာရှာဖွေနေသူတွေအနေနဲ့ အနည်းငယ်စိတ်ဖိစီးနေတတ်ပါတယ်။ အလုပ်မှာ အကြီးအကဲတွေဆီက အကြံဉာဏ်ရတတ်ပါတယ်။ အချစ်ရေးကံကောင်းနေတဲ့အချိန်ပါ။ လက်အောက်ငယ်သားတွေအတွက် ဂုဏ်ယူရမယ့် သတင်းကောင်းလေးတွေ ကြားရတတ်ပါတယ်။ ကျန်းမာရေးအထူးကောင်းပါတယ်။ ဒီအချိန်မှာ ငွေကြေးအပေးအယူကိစ္စတွေ မလုပ်ပါသေးနဲ့ဦး။

ယတြာ-ချို့တဲ့သူတွေအတွက် အဝတ်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သောကြာသားသမီး

ကော်မရှင်နဲ့ပတ်သက်တဲ့လုပ်ငန်းလုပ်ဆောင်နေတဲ့သူတွေ အထူးကံကောင်းမယ်။ နည်းပညာနဲ့ပတ်သက်ပြီးလုပ်ဆောင်နေတဲ့သူတွေ အထူးသတိထားပါ။ ပညာရှာဖွေနေသူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးပွားနေတဲ့ ကာလပါ။ အချစ်ရေးကံကောင်းပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး မိသားစုဆီက အကူအညီရတတ်ပါတယ်။ အရာရာကို အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းနေနိုင်တဲ့ကာလပါ။ ကျန်းမာရေးအနေနဲ့ အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။

ယတြာ-ဘုရားစင်သန့်ရှင်းရေးလုပ်ပါ။

စနေသားသမီး

စနေသားသမီး FA လေးတွေရေ.. RS ဖြစ်ဖို့ပြင်ထားပါ။ ဒီတစ်ပတ်အတွင်းမှာ အချစ်ရေးကံကောင်းတယ်။ စီးပွားရေးအဆင်ပြေမယ်။ ခရီးရှည်တွေ ထွက်ရတတ်တယ်။ တက်တက်ကြွကြွဖြစ်နေမယ်။ မလိုအပ်ဘဲငွေတွေ သုံးမိနေမယ်။ အဆိုးမြင်စိတ်ရှိတဲ့သူတွေနဲ့ ဝေးဝေးနေပါ။ စက်ပစ္စည်းအသစ်ဝင်မယ်။ လက်အောက်ငယ်သား ကျန်းမာရေးအညံ့ရှိပါတယ်။ အအေးမိတာကြောင့် ကျန်းမာရေးထိခိုက်တတ်ပါတယ်။

ယတြာ-ငါးစာကျွေးပါ။

တနင်္ဂနွေသားသမီး

အကောင်းမြင်စိတ်နဲ့ တက်ကြွမှုတွေကြောင့် လုပ်ငန်းခွင်အတွင်းမှာ အောင်မြင်မှုရရှိမယ်။ ကုန်ရောင်းကုန်ဝယ်လုပ်နေတဲ့သူတွေ ကံအထူးကောင်းပါတယ်။ အချစ်ရေးမှာ ပျော်ရွှင်စရာအခိုက်အတန့်တွေကို ဖန်တီးနိုင်လိမ့်မယ်။ သွေးအားနည်းတတ်ပါတယ်။ အအိပ်အစားမှန်အောင် သတိထားပါ။ ပညာရှာဖွေနေသူများ အချိန်စီမံခန့်ခွဲမှု အားနည်းနေတတ်ပါတယ်။

ယတြာ- သက်ကြီးရွယ်အိုတွေအတွက် အာဟာရလှူဒါန်းပါ။

ဗေဒင်လေးကိုနှစ်သက်ရင်ဝေမျှပေးလိုက်ပါဦး။