၂ဝ၂ဝ ခုနှစ်  ဂန္ထဝင်၏ အပတ်စဉ်ဗေဒင် (ဖေဖော်ဝါရီလ ၂၄ရက်မှ မတ်လ ၁) ရက်နေ့အထိ

blank

တနင်္လာသားသမီး

ဒီတစ်ပတ်အတွင်းမှာ သတင်းကောင်းတစ်ခုကြားရမယ်။ အခြားလူတွေကို ကူညီပေးလိုက်တဲ့ ကိစ္စတစ်ခုကနေ ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေကို ခံစားရလိမ့်မယ်။ ချစ်သူမရှိသေးတဲ့ တနင်္လာသမီးတွေအနေနဲ့ ချစ်ရေးဆိုခြင်းကို ခံရလိမ့်မယ်။ အိမ်ထောင်ရှင်များအနေနဲ့ အခြားလူတွေရဲ့ အရေးကိစ္စတွေကို ဝင်ပါရင်း စကားများတာမျိုးတွေ ကြုံရလိမ့်မယ်။ အလုပ်ကြောင့် ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်တတ်တဲ့ အကျင့်ကိုရှောင်ပါ။ ကျန်းမာရေးအထူးကောင်းမွန်ပါတယ်။

ယတြာ- သက်ကြီးရွယ်အိုတွေကို သာကူယိုဒါနပြုပါ။

အင်္ဂါသားသမီး

ဒီတစ်ပတ်အတွင်းမှာ ပျော်စရာတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့ရလိမ့်မယ်။ အံ့သြစရာလက်ဆောင်တစ်ခုကို ရလိမ့်မယ်။ ပျော်ရွှင်စရာခရီးတစ်ခုကို ထွက်ရလိမ့်မယ်။ လူသစ်တွေနဲ့ တွေ့ဆုံရလိမ့်မယ်။ လုပ်ငန်းခွင်မှာလည်း ကြိုးစားသလောက် အရာထင်တဲ့ ကာလပါ။ ငွေကြေးကံကောင်းမယ်။ အပျော်တွေဆက်တိုက်ကြုံတွေ့နေရတာကြောင့် စကားအပြောအဆို သတိထားဖို့လိုနေတဲ့ အချိန်ကာလတစ်ခုပါ။ အချစ်ရေးအနေနဲ့ ပန်းခင်းလမ်းကို လျှောက်လှမ်းနေရတဲ့ ကာလပါ။

ယတြာ- ဘုရားမီးပူဇော်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဗုဒ္ဓဟူးသားသမီး

စီးပွားရေးရင်းနှီးမြှပ်နှံမှု လုပ်ဆောင်လိုတဲ့လူတွေအတွက် ကံအထူးကောင်းတဲ့ ကာလပါ။ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေရမယ်။ စာမေးပွဲဖြေဆိုရမယ့် ဗုဒ္ဓဟူးသားသမီးတွေ အထူးသတိထားပါ။ ကျန်းမာရေးအညံ့ဝင်တတ်ပါတယ်။ အချစ်ရေးမှာ အကောင်းမြင်မှုတွေနဲ့ ဖြတ်သန်းနေနိုင်တဲ့ အချိန်ပါ။ မင်္ဂလာကိစ္စပြောဆိုဆောင်ရွက်ခြင်းတွေ အဆင်ပြေမယ်။ ငွေအလုံးအရင်းလိုက် ဝင်တတ်ပါတယ်။

ယတြာ- ဘုန်းကြီးကျောင်းမှာ ရေစစ်လှူဒါန်းပါ။

ကြာသပတေးသားသမီး

လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ငန်းခွင်အတွင်းမှာ အောင်မြင်မှုရတတ်တယ်။ မိတ်ဆွေအသစ်တွေရတတ်တယ်။ အောင်မြင်မှုတွေ ရလင့်တစား ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေတဲ့အချိန်ပါ။ အနုပညာလုပ်ငန်းနဲ့ သက်ဆိုင်တဲ့အလုပ်တွေ အထူးအောင်မြင်မယ်။ ပညာရှာဖွေနေသူတွေအနေနဲ့ ယှဉ်ပြိုင်မှုတွေ ကြုံရလိမ့်မယ်။ အခြားလူတွေရဲ့ သွေးထိုးစကားကြောင့် အချစ်ရေးမှာ ပြဿနာလေးတွေ ကြုံရတတ်ပါတယ်။

ယတြာ-နွမ်းပါးကလေးတွေအတွက် အာဟာရလှူဒါန်းပါ။

သောကြာသားသမီး

အရာရာကို သတိနဲ့ လုပ်ဆောင်ရမယ့် ကာလဖြစ်ပါတယ်။ ပညာရှာနေဖွေနေသူတွေအနေနဲ့ အခွင့်အလမ်းကောင်းတွေရရှိမယ်။ စိတ်တည်ငြိမ်မှု အထူးဂရုစိုက်ရမယ့် ကာလပါ။ မိသားစုအတွင်းမှာ စိတ်ဝမ်းကွဲမှုကြောင့် ပြဿနာတွေဖြစ်ရတတ်ပါတယ်။ ချစ်သူနဲ့လက်ထပ်ဖို့ ပြောဆိုဆွေးနွေးမှုတွေ အဆင်ပြေမယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ရောင်းမှားဝယ်မှားတွေ ဖြစ်တတ်ပါတယ်။ ရပ်ဝေးမှ မိတ်ဆွေတစ်ဦးနဲ့ ပြန်လည်ဆုံတွေ့မယ်။

ယတြာ- ရေအိုးစင်လှူဒါန်းပါ။

စနေသားသမီး

ပညာရေးနဲ့ လက်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့သူတွေ အဆင်ပြေမယ်။ ထင်မှတ်မထားတဲ့ အရာ တွေကနေ ငွေဝင်မယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ထောင်ရေးပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်လိမ့်မယ်။ အိမ်ထောင်ပြုဖို့ စီစဉ်နေတဲ့ စနေသားသမီးတွေအနေနဲ့ အစီအစဉ်တွေ နှောင့်နှေးကြန့်ကြာနေမယ်။ ဦးခေါင်းအပိုင်းမှာ ထိခိုက်ဒဏ်ရာရတတ်ပါတယ်။

ယတြာ- ဘုရားတစ်ခုခုအနီးမှာ အရိပ်ရသစ်ပင် (၅) ပင် စိုက်ပျိုးပေးပါ။

တနင်္ဂနွေသားသမီး

ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ဖို့ အချိန်မသင့်သေးပါ။ တာဝန်ဝတ္တရားတွေ အကြား ဗျာများနေသလို ခံစားနေရပါတယ်။ အားကစားပွဲတစ်ခုခုမှာ ပါဝင်ရလိမ့်မယ်။ ပညာရေးနဲ့ပတ်သက်ပြီး မိတ်ဆွေသူငယ်ချင်တွေဆီက အကူအညီရတတ်ပါတယ်။ ငွေဝင်ပေမယ့် မမြဲနိုင်ဖြစ်နေပါတယ်။ ကြာသပတေးသားတစ်ယောက်ရဲ့ ချစ်ရေးဆိုခြင်းကို ခံရလိမ့်မယ်။ လူကြီးမိဘကျန်းမာရေးကြောင့် စိတ်ပူပန်ရလိမ့်မယ်။

ယတြာ-ဘုရားမှာ ရေချမ်းကပ်လှူပါ။