၂ဝ၂ဝ ၏ အပတ်စဉ်ဗေဒင် ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၂၃) ရက်နေ့အထိ

blank

တနင်္လာသားသမီး

ပရောဂျက်အသစ်တွေ၊ အကြံဉာဏ်အသစ်တွေကို စတင်နိုင်မယ့်အချိန်ဖြစ်တယ်။ ပညာရှာမှီးနေသူတွေ အနေနဲ့ သတင်းကောင်းတွေကြားရလိမ့်မယ်။ နိုင်ငံရပ်ခြားနဲ့ ပြောဆိုဆက်သွယ်မှုတွေ အဆင်ပြေမယ်။ ငွေကြေးအကြပ်အတည်းအနည်းငယ် ကြုံရလိမ့်မယ်။ အိမ်ထောင်ရှင်တွေအနေနဲ့ အဆင်ပြေသာယာမှုတွေနဲ့ တက်လှမ်းနိုင်လိမ့်မယ်။ နား၊ လည်ချောင်း၊ သွေးနဲ့ အရေပြားဆိုင်ရာ ကျန်းမာရေးပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ Crush ရဲ့ စိတ်ဝင်စားခံရမယ့် အဖြစ်အပျက်လေးတွေ ဖြစ်တတ်ပါတယ်။

ယတြာ- မွေးနေ့မှာ သံဃာတော်တွေကို ဆွမ်းလောင်းပါ။

အင်္ဂါသားသမီး

လုပ်ငန်းခွင်အတွင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အရာရာကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မယ်။ ရာသီဥတုအပြောင်းအလဲကြောင့် ကျန်းမာရေးပြဿနာလေးတွေ ကြုံရတတ်တယ်။ ပျိုရွယ်သူများ ချစ်ရေးဆိုခံရလိမ့်မယ်။ ရပ်ဝေးရောက်နေတဲ့ ချစ်သူဆီက သတင်းကောင်းကြားရလိမ့်မယ်။ အရေးမကြီးတဲ့ ကိစ္စတွေအတွက် ငွေကုန်ကြေးကျများနေမယ်။ ရပ်ဝေးက မိတ်ဆွေဟောင်းတွေနဲ့ တွေ့ဆုံရလိမ့်မယ်။ ပညာရေးနဲ့ပတ်သက်ပြီး လူကြီးသူမတွေဆီက အကြံဉာဏ်ကောင်းတွေ ရရှိမယ့်ကာလပါ။

ယတြာ- အဖြူရောင်ပန်းသုံးပွင့်ကို ဘုရားမှာကပ်ပြီး လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီး

မမျှော်လင့်ဘဲ လစာတိုးတတ်တယ်။ နိုင်ငံရပ်ခြားခရီးတစ်ခု သွားရလိမ့်မယ်။ အလုပ်ပြောင်းချင်သူတွေ အနေနဲ့ အခုအချိန်က အချိန်ကောင်းပဲဖြစ်ပါတယ်။ ငွေကြေးအပေးအယူကိစ္စတွေကို သတိထားပါ။ အချစ်ရေးနဲ့ပတ်သက်ပြီး ရိုလာကိုစတာလိုပဲ ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ အချိန်ပါ။ စကားပြောမြန်ပြီး စိတ်လောတတ်တဲ့အကျင့်ကြောင့် ဆက်ဆံရေးမှာ အထင်လွဲမှုလေးတွေဖြစ်တတ်တဲ့ကာလပါ။

ယတြာ-နွမ်းပါးကလေးတွေအတွက် စာရေးကိရိယာလှူဒါန်းပါ။

ကြာသပတေးသားသမီး

ဝန်ထမ်းများအတွက် ကံအထူးကောင်းတဲ့ ကာလပါ။ မိသားစုဝင်တစ်ဦးဦး ငွေအကြီးအကျယ် ဝင်တတ်ပါတယ်။ အနာဂတ်အတွက် ရင်းနှီးမြှပ်နှံမှုတွေ စတင်နိုင်မယ်။ စိတ်မွန်းကြပ်မှုတွေ၊ စိတ်ရှုပ်စရာ အနည်းငယ်ကြုံရတတ်တယ်။ လက်တွဲဖော်နဲ့နားလည်မှုတွေ တည်ဆောက်နိုင်လိမ့်မယ်။ ချစ်သူမရှိသေးတဲ့ ကြာသပတေးသားသမီးတွေ အင်္ဂါသားသမီးတွေနဲ့ ဖူးစာဆုံတတ်တယ်။ အကြီးအကဲတစ်ဦးဦးဆီက အကူအညီရတတ်တယ်။

ယတြာ- ရေဖိုးလှူဒါန်းပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သောကြာသားသမီး

စီးပွားရေးနဲ့ပတ်သက်ပြီး ထင်သလောက်ခရီးမပေါက်တာမျိုးတွေ ဖြစ်တတ်တယ်။ ဘွဲ့လွန်ပညာရပ်တွေ လေ့လာနေတဲ့သူတွေ ကံကောင်းမယ်။ ငွေကြေးအပေးအယူ လွှဲမှားတာမျိုးတွေဖြစ်တတ်တယ်။ ပျိုရွယ်သူများ စန်းအလွန်ပွင့်မယ်။ အသက်ငယ်တဲ့သူတစ်ယောက်ယောက်ရဲ့ ကျန်းမာရေးကိစ္စကြောင့် စိတ်ပူပင်ရမယ်။ အိမ်ထောင်ရှင်တွေအနေနဲ့ အခြားလူတွေရဲ့ စကားကြောင့် ရန်ဖြစ်စကားများရတတ်ပါတယ်။

ယတြာ-ဘုရားစင်သန့်ရှင်းရေးလုပ်ပါ။

စနေသားသမီး

လုပ်ငန်းနဲ့ပတ်သက်တဲ့ ခရီးတစ်ခုထွက်ရလိမ့်မယ်။ အနုပညာနဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့သူတွေ အဆင်ပြေမယ်။ ချစ်သူမရှိသေးသူများ တိတ်တခိုးချစ်ရသူကို ဖွင့်ပြောဖို့ အချိန်ကောင်းပဲဖြစ်ပါတယ်။ အတိတ်မှာ ကွဲကွာခဲ့သူတစ်ယောက်နဲ့ ရုတ်တရက်ဆုံတွေ့မယ်။ စိတ်အတက်အကျမြန်ခြင်းကြောင့် လူမှုရေးမှာ ကသိကအောက်လေးတွေ ဖြစ်စေလိမ့်မယ်။ အိမ်ကိုဧည့်သည်ရောက်လာခဲ့ရင် ကံအထူးကောင်းပါတယ်။

ယတြာ- သောကြာသားသမီးတစ်ယောက်ကို အနီရောင်အစတစ်စလက်ဆောင်ပေးပါ။

တနင်္ဂနွေ

စီးပွားရေးကိစ္စပြောဆိုစရာတွေကို ဒီအပတ်ထဲမှာ ပြောဆိုဆောင်ရွက်ပါ။ ကံအထူးကောင်းမယ်။ ပညာရှာမှီးနေသူများ ပျင်းရိထိုင်းမှိုင်းနေတဲ့ကာလပါ။ ငွေအချေးအငှားတွေ လုပ်ဆောင်ဖို့ မသင့်ပါ။ ဓာတ်မတည့်ခြင်းကြောင့် အရေပြားပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ အချစ်ရေးသာယာ အဆင်ပြေပါတယ်။ နိုင်ငံရပ်ခြားရောက်နေသူများ အလုပ်အသစ်ရတတ်ပါတယ်။

ယတြာ- ဆင်းရဲသူတွေကို ဗယာကြော်ဆယ်ခု လှူဒါန်းပါ။

ဗေဒင်လေးကို Like and Share လုပ်လိုက်ပါဦး။