၂ဝ၂ဝ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ)

blank

တနင်္လာသားသမီး

ငွေဝင်ပေမဲ့ မစုနိုင်ဘဲ ကုန်ကျစရာတွေ ဝိုင်းဝိုင်းလည်နေတဲ့ကာလပါ။ အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ အလျင်စလိုမလုပ်ဘဲ အချိန်ယူဆုံးဖြတ်ပါ။  စက်ပစ္စည်းဝင်ကိန်းရှိတယ်။ မိသားစု အတွင်း သတင်းထူးကြားရမယ်။ မမျှော်လင့်ဘဲ ခရီးတစ်ခုထွက်ရမယ်။ သင့်အတွက် ကံကောင်းစေ မယ့်ခရီးဖြစ်ပါတယ်။

ယတြာ ။        ။ နာမကျန်းနေသူကို ဆေးဝါးဒါနပြုပါ။

အင်္ဂါသားသမီး

ပြီးပြီးသားကိစ္စတွေကို ထားခဲ့ပြီး စိတ်သစ်၊ လူသစ်နဲ့ အနာဂတ်ဆီ ခရီးဆက်ရမယ့်ကာလဖြစ် ပါတယ်။ တနင်္လာနံနဲ့စတဲ့ လုပ်ငန်းတွေမှာ အကျိုးပေးမယ်။ အချစ်ရေးမှာ ကြားလူကြောင့် စိတ်အ နှောင့်အယှက်ဖြစ်နေမယ်။ သင့်ရဲ့သစ္စာတရားတွေနဲ့သာ ချစ်သူယုံကြည်အောင် သက်သေပြလိုက်ပါ။ အဆုတ်အအေးပတ်တတ်ပါတယ်။

ယတြာ ။        ။ လူကြီးမိဘတွေကို တဘက်လှူပါ။

ဗုဒ္ဓဟူးသားသမီး

ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတတ်တယ်။ စီးပွားရေးလုပ်ငန်းသစ်တွေ စတင်ဖို့ အခွင့်အရေးပေါ်မယ်။ ဝန်ထမ်းဖြစ်ရင် အလုပ်နေရာအပြောင်းအရွှေ့ရှိပါတယ်။ ပညာရပ်အသစ်တစ်ခု သင်ယူခွင့်ပေါ်မယ်။

ယတြာ ။        ။ မွေးနေ့မှာ သစ်ပင်စိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

        အဖက်ဖက်က အဆင်ပြေပြီး ပျော်စရာတွေနဲ့ ပြည့်နေတဲ့အချိန်ဖြစ်ပါတယ်။ ရည်မှန်းချက်တွေ ကို အကောင်အထည်ဖော်ရမယ့်အချိန်ပါ။ ဆရာသမားကောင်းတွေရဲ့ ဖေးမကူညီမှုတွေ ကြုံရမယ်။ မိတ်ဆွေဟောင်းနဲ့ ပြန်ဆုံရတတ်တယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်တယ်။

ယတြာ ။        ။ စာချစ်သူတစ်ယောက်ကို စာအုပ်လက်ဆောင်ပေးပါ။

သောကြာသားသမီး

အချစ်ရေးနဲ့ ဘဝအရေးကြားမှာ ဗျာများနေရတဲ့အချိန်ပါ။ မိတ်ဆွေကောင်း တွေကို ဖွင့်ဟတိုင်ပင်ပြီး အကြံဉာဏ်တောင်းသင့်ပါတယ်။ တနင်္လာသားသမီးတစ်ယောက်ဆီက အကူအညီရမယ်။ ငွေဝင်ကိန်းရှိပါတယ်။ ထီထိုးပါ။

ယတြာ ။        ။ မွေးနံထောင့်မှာ စံပယ်သုံးကုံးလှူပါ။

စနေသားသမီး

အဆိုးအကောင်းဒွန်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ အလှူအတန်းများများပြုလုပ်ပေးပါ။ သောကြာနံနဲ့စတဲ့ လုပ်ငန်းတွေ အကျိုးပေးတတ်ပါတယ်။ မလိုသူတွေရဲ့ စကားအရှုပ်အရှင်းကြောင့် မိသားစုအတွင်း စိတ်ဝမ်းကွဲစရာဖြစ်တတ်တယ်။ ပြဿနာတွေကို စိတ်အေးအေးထားဖြေရှင်းပါ။ မကြာခင် အခက်အခဲတွေအားလုံး ပြေလည်သွားမှာပါ။

ယတြာ ။        ။ နွမ်းပါးတဲ့ကျောင်းသားတစ်ယောက်ကို စာရေးကိရိယာလှူပါ။

တနင်္ဂနွေသားသမီး

မိသားစုအတွင်း သတင်းကောင်းကြားရမယ်။ ကြန့်ကြာနေတဲ့အကြွေးတွေ ပြန်ရမယ်။ အလှူအတန်းပြုရမယ်။ ပညာရေးကံကောင်းနေပါတယ်။ အချစ်ရေးမှာ အချစ်ဟောင်းနဲ့ အချစ် သစ်ကြား ဗျာများနေရတတ်တယ်။ ဒီတစ်ပတ်အတွင်းမှာ သင့်ကို ပျော်ရွှင်စေမယ့် လက်ဆောင်တစ်ခု လက်ခံရရှိတတ်တယ်။

ယတြာ ။        ။ လမ်းဘေးခွေးတစ်ကောင်ကို ထမင်းကျွေးပါ။

ဗေဒင်စာစောင်လေးကို သူငယ်ချင်းတွေ ဖတ်ရအောင် SHARE ပေးလိုက်ပါဦး။