၂ဝ၂ဝ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ)

blank

တနင်္လာသားသမီး

လမ်းမှားပေါ်ရောက်ကာနီးနေတဲ့သူတစ်ယောက်ကို လမ်းမှန်ရောက်အောင် ကူညီနိုင်လိမ့်မယ်။ အထင်အမြင်လွဲနေတဲ့ ကိစ္စရပ်တွေကို အပြီးသတ်ဖြေရှင်းနိုင်မယ်။ ဘဝတိုးတက်ဖို့ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာလိမ့်မယ်။ အလွန်စန်းပွင့်နေတဲ့ ကာလလည်းဖြစ်ပါတယ်။ ပညာရှာသူများ ခရီးမပေါက်သလို ခံစားရမယ့်ကာလဖြစ်ပါတယ်။

ယတြာ ။          ။ သစ်သီးဆွမ်းကပ်လှူပါ။

အင်္ဂါသားသမီး

အချစ်ရေးမှာ ယုံကြည်မှုတွေ လွယ်လွယ်ကူကူတည်ဆောက်ယူနိုင်မယ့် ကာလဖြစ်တယ်။ လက်အောက်ငယ်သားတွေဆီက လေးစားမှုနဲ့ အထင်ကြီးမှုခံရမယ်။ အထက်လူကြီးဆီက အကြံကောင်းတွေရမယ်။ ခရီးထွက်ရကိန်းရှိတယ်။ ထူးခြားတဲ့အိပ်မက် မက်ရင် ထီထိုးပါ။

ယတြာ ။          ။ သက်ကြီးရွယ်အိုတွေအတွက် ငွေကြေးလှူဒါန်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဗုဒ္ဓဟူးသားသမီး

မိသားစုဝင်တွေအပေါ်၊ ချစ်ရသူအပေါ် အချိန်ပေး ဂရုစိုက်ပေးနိုင်မယ်။ လုပ်ငန်းမှာကြုံရမယ့် စိန်ခေါ်မှုတွေကို ယုံကြည်မှုရှိရှိဖြေရှင်းနိုင်မယ်။ ငွေကြေးကိစ္စတွေ ဖြေရှင်းပေးရင်း သင်ခန်းစာကောင်းတွေ ရလာမယ်။ သူတစ်ပါးအကျိုးဆောင်ရင်း ကိုယ့်အကျိုးအောင်မယ့် ကာလလည်းဖြစ်ပါတယ်။ Crush နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေတည်ဆောက်နိုင်မယ်။

ယတြာ ။          ။ သူဆင်းရဲကလေးငယ်လေးတွေကို တတ်နိုင်သလောက် ကျွေးမွေးပေးကမ်းပါ။

ကြာသပတေးသားသမီး

ဒီတစ်ပတ်ထဲမှာ လိုတာမရ၊ ရတာမလို ဖြစ်နေလို့ ခံစားရတတ်တယ်။ အတွေးလွန်နေတာကို ရပ်တန့်လိုက်ပါ။ အရိုးရှင်းဆုံးစဉ်းစားပြီး ဆုံးဖြတ်ချက်ချပါ။ စိတ်တူကိုယ်တူ ပေါင်းလို့ရမယ့် သူငယ်ချင်းအသစ်တွေ တိုးပွားလာမယ်။ နေ့ရက်တိုင်းဟာ အချစ်တွေနဲ့ ဝေဆာနေတာကြောင့် ပျော်ရွှင်ရလိမ့်မယ်။

ယတြာ ။          ။ ရေလှူပေးပါ။

သောကြာသားသမီး

ဘဝထဲက ကွယ်ပျောက်သွားခဲ့တဲ့သူတစ်ယောက် ဘဝထဲကို ပြန်လည်ဝင်ရောက်လာလိမ့်မယ်။ ဘဝပန်းတိုင်အတွက် အထောက်အကူပြုနိုင်မယ့် အကူအညီတွေရရှိလိမ့်မယ်။ အချစ်ရေးမှာ ဆန္ဒတွေတကယ်ဖြစ်လာဖို့ နည်းနည်းဝေးနေသေးတယ်။ ငွေကြေးဝင်လာမစဲ တသဲသဲဖြစ်နေတဲ့အချိန်ပါ။

ယတြာ ။          ။ မနက်ခင်းမှာ ငှက်ကလေးတွေကို အစာကျွေးပါ။

စနေသားသမီး

မိတ်ဆွေသစ်တွေနဲ့ ဆုံရလိမ့်မယ်။ အချို့မိတ်ဆွေသစ်တွေကသာ ကောင်းကျိုးဖြစ်ထွန်းစေနိုင်မယ်။ အချစ်ရေးမှာ နားလည်မှုတွေ ပိုမိုတိုးပွားလာလိမ့်မယ်။ သူများတွေရဲ့ ဝေဖန်မှုတွေကို ဥပေက္ခာပြုပြီး ရည်ရွယ်ချက်အတိုင်း ကြိုးစားလုပ်ဆောင်နိုင်လိမ့်မယ်။ စိတ်အလိုလိုက်ပြီး အပျော်ဘက်ကို ဦးစားပေးတာတွေ လျှော့ပါ။ မိသားစုအတွင်း နွေးထွေးမှုတွေ တိုးတက်လာမယ်။

ယတြာ ။          ။ မွေးရက်မှာ သတ်သတ်လွတ်စားပါ။

တနင်္ဂနွေသားသမီး

ကိုယ့်စိတ်ထဲကမပါဘဲ  ပြောလိုက်တဲ့ စကားတွေကြောင့် အထင်လွဲစရာတွေ ဖြစ်ပေါ်လိမ့်မယ်။ စိတ်အနှောင့်အယှက်ပေးတဲ့ မိတ်ဆွေတွေရှိသလို အကျိုးစီးပွားအတွက် အခွင့်အလမ်းတွေ ယူဆောင်လာပေးနိုင်တဲ့ သူငယ်ချင်းကောင်းတွေနဲ့လည်း ဆုံရလိမ့်မယ်။ အချစ်ကို ပေါ့ပေါ့လေးတွေးပြီး ကစားတတ်သူတစ်ယောက်ကြောင့် နာကျင်ခံစားရတတ်တယ်။

ယတြာ ။          ။ မိဘမဲ့ကလေးကျောင်းမှာ တတ်နိုင်သလောက် သွားရောက်လှူဒါန်းပါ။

ဒီဗေဒင်စာစောင်လေးတွေကို SHARE ပေးဖို့မမေ့ပါနဲ့နော်။