ချစ်သူက ဇန်နဝါရီလမှာ မွေးတဲ့သူလား…။ ဒါလေးကို ဖတ်ကြည့်လိုက်ပါနော်။

blank
၁။ ဇန်နဝါရီလမှာ မွေးဖွားတဲ့သူတွေဟာ ဟာသဉာဏ်ရွှင်တယ်။

ချစ်သူက ဇန်နဝါရီလဖွားလေးဆိုရင် သေချာတာကတော့ ဝမ်းနည်းတယ်ဆိုတာ ဘာပါလိမ့်လို့ကို ဖြစ်နေမှာပါ။ သူ့ရဲ့ အပြုအမူတွေ၊ အပြောအဆိုတွေဟာ အပြုံးအရယ်မရှိ နေတတ်တဲ့သူကိုတောင်မှ ဝါးလုံးကွဲရယ်မိစေနိုင်ပါတယ်။

၂။ ဇန်နဝါရီလမှာ မွေးဖွားတဲ့သူတွေဟာ အနည်းငယ်ကလေးဆန်ပါတယ်။

လူအများစုဟာ အသက်အရွယ်ရလာတာနဲ့အမျှ ရင့်ကျက်လာတတ်ကြတယ်ဆိုပေမယ့် ဒါဟာ ဇန်နဝါရီလဖွားတွေအတွက်တော့ မမှန်ပါဘူး။ သူတို့ဟာ အရေးပေါ်အခြေအနေတွေမှာတောင်မှ အပူအပင်မရှိသလို နေထိုင်နေတတ်ကြပါတယ်။

၃။ ဇန်နဝါရီလဖွားတွေဟာ စိတ်ခံစားချက်တွေကို သိုဝှက်ထားတတ်ကြတယ်။

သူတို့ဟာ သူတို့ရဲ့ခံစားချက်တွေကို အလွယ်တကူထုတ်ဖော်မပြသတတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ ချစ်စခင်စအခြေအနေမှာပဲ ဖြစ်တတ်တာပါ။ သူ့နှလုံးသားထဲကို အပြည့်အဝဝင်ရောက်သွားနိုင်ပြီဆိုတာနဲ့ သူ့စိတ်ခံစားချက်တွေကို အလိုလိုထုတ်ဖော်ပြသလာပါလိမ့်မယ်။

၎။ သူတို့ဟာ ပွဲကြိုက်မောင်၊ ပွဲကြိုက်ခင်လေးတွေပါ။

ပါတီပွဲတိုင်းမှာ ကဲနေတာကို တွေ့ရမှာဟာ ဇန်နဝါရီလဖွားတွေပါ။ သူတို့ဟာ လေးလံထိုင်းမှိုင်းနေတဲ့ ပတ်ဝန်းကျင်ကို ချက်ချင်းပဲ မြူးကြွသွက်လက်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

၅။ သူတို့ဟာ တစ်ခါတလေမှာတော့ ဂေါက်တောက်တောက်နိုင်ပါတယ်။

ဘယ်သူတွေ ဘယ်လောက်ပဲ ရူးကြောင်ကြောင်နိုင်တယ်ဆိုဆို ဇန်နဝါရီလမှာ မွေးဖွားတဲ့သူတွေကိုတော့ မယှဉ်နိုင်သေးပါဘူး။ ဇန်နဝါရီလမှာ မွေးဖွားတဲ့သူတွေရဲ့ ချစ်သူတွေဟာ သူတို့ဘဝမှာ အနည်းဆုံးတစ်ခါလောက်တော့ “ဒီလောက်ရူးကြောင်ကြောင်နိုင်တဲ့သူကို ငါ ဘယ်လိုများချစ်ခဲ့ပါလိမ့်” လို့တွေးဖူးပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ သူတို့ရဲ့ အမြင်တွေဟာ တခြားသူတွေနဲ့ အတော်ကွဲပြားနေတတ်တယ်။

သူတို့ဟာ စိတ်ဓာတ်ခိုင်မာပြီးတော့ တမူထူးခြားတဲ့ အတွေးအမြင်ရှိနေတတ်ပါတယ်။ ဒါပေမဲ့ သူနဲ့ချစ်သူဖြစ်ရခြင်းရဲ့ ကောင်းတဲ့အချက်က ကိုယ့်ရဲ့ အတွေးအမြင်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုဖော်ထုတ်ခွင့်ရှိတာပါပဲ။

၇။ သူတို့ဟာ စဆရကလေးတွေပါ။

သူတို့ဟာ တစ်ခါတလေမှာ သူတို့ကိုယ်သူတို့တောင် မသိဘဲ အလိုလို စဆရက လုပ်မိနေတတ်ပါတယ်။ ဆရာလုပ်တတ်တယ်ဆိုပေမယ့် သူတို့ဝသီအရသာ ပြောဆိုမိနေတာဖြစ်ပြီး အတင်းချုပ်ချယ်နေမှာ မဟုတ်တာကြောင့် ကိုယ်အဆင်မပြေဘူးဆိုရင် ထုတ်သာပြောလိုက်ပါ။ သူချက်ချင်းနားလည်သဘောပေါက်ပါလိမ့်မယ်။

၈။ သူတို့ဟာ ကိုယ့်အားကိုယ်ကိုးတတ်တယ်။

ဇန်နဝါရီလမှာ မွေးဖွားကြတဲ့သူတွေဟာ တစ်ပါးသူဆီက အကူအညီကို တော်ရုံတန်ရုံ မယူချင်တတ်ကြပါဘူး။ သူတို့ဟာ သန်မာပြီး မှီတွယ်လိုစိတ် ကင်းဝေးတာကြောင့် အရာအားလုံးကို သူ လုပ်နိုင်တယ်လို့ သူ့ကိုယ်သူ ယုံကြည်နေမှာပါ။ သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကိုယ်နဲ့ အတူမျှဝေလို့ရတယ်ဆိုတာကို သူသဘောပေါက်စေဖို့ဆိုတာ အချိန်အတော်ယူရပါလိမ့်မယ်။

၉။ သူတို့ဟာ မာယာကင်းတယ်။

ဇန်နဝါရီလမွေးဖွားသူတစ်ယောက်နဲ့ ချစ်သူဖြစ်တဲ့အခါမှာ သိထားရမှာက သူ့အပေါ်မှာ မာယာတွေထုတ်သုံးခြင်းက သူ့ကို စိတ်ဆိုးဒေါသထွက်စေတယ်ဆိုတာပါပဲ။ သူတို့ကိုယ်တိုင်ကလည်း ပွင့်ပွင့်လင်းလင်းနဲ့ တဲ့တိုးပြောဆိုတတ်ကြပါတယ်။ သူ့အပေါ်မှာ မာယာကင်းလေလေ သူကလည်း ကိုယ့်ကို အဆုံးအစမရှိချစ်မြတ်နိုးဖို့များလေလေပါပဲ။

၁ဝ။ သူတို့ဟာ လိုက်လျောညီထွေနေနိုင်တတ်တယ်။

ဇန်နဝါရီလမွေးဖွားသူတွေဟာ အခြေအနေတွေအားလုံးကို အလွယ်တကူလက်ခံနိုင်စွမ်းရှိတတ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ အလေ့အကျင့်နဲ့ ကိုယ်ရည်ကိုယ်သွေးကို သူတို့ပေါင်းသင်းနေတဲ့သူတွေအပေါ်မှာ မူတည်ပြီး ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ ဇန်နဝါရီလမွေးဖွားသူတစ်ယောက်နဲ့ ချစ်သူဖြစ်နေတယ်ဆိုရင် အချိန်တိုင်းမှာ သက်တောင့်သက်သာဖြစ်နေတာကို တွေ့ရှိရမှာပါ။

ကိုယ့်ချစ်သူကို ကိုယ့်အကြောင်းတွေ သိရှိနိုင်စေဖို့ ဒီစာစောင်လေးကို မျှဝေပေးသွားပါဦးနော်။