၂ဝ၂ဝ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇန်နဝါရီ  ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ)

တနင်္လာသားသမီး

အဖက်ဖက်က အဆင်ပြေပြီး ပျော်စရာတွေနဲ့ ပြည့်နေတဲ့အချိန်ဖြစ်ပါတယ်။ ရည်မှန်းချက်တွေ ကို အကောင်အထည်ဖော်ရမယ့်အချိန်ပါ။ ဆရာသမားကောင်းတွေရဲ့ ဖေးမကူညီမှုတွေ ကြုံရမယ်။ မိတ်ဆွေဟောင်းနဲ့ ပြန်ဆုံရတတ်တယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်တယ်။ အစားအသောက် ဆင်ခြင်သတိပြုပါ။

ယတြာ ။        ။ စာချစ်သူတစ်ယောက်ကို စာအုပ်လက်ဆောင်ပေးပါ။

အင်္ဂါသားသမီး

အနာဂတ်အတွက် စိတ်သစ်၊ လူသစ်နဲ့ အနာဂတ်ဆီ ခရီးဆက်ရမယ့်ကာလဖြစ်ပါတယ်။ တနင်္လာနံနဲ့စတဲ့ လုပ်ငန်းတွေမှာအကျိုးပေးမယ်။ အချစ်ရေးမှာ ကြားလူကြောင့် စိတ်အ နှောင့်အယှက်ဖြစ်နေမယ်။ ချစ်သူယုံကြည်အောင် သစ္စာတရားတွေနဲ့သက်သေပြလိုက်ပါ။ ကျန်းမာရေး ဂရုစိုက်ပါ။

ယတြာ ။        ။ လူကြီးမိဘတွေကို တဘက်လှူပါ။

ဗုဒ္ဓဟူးသားသမီး

အဆိုးအကောင်းဒွန်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ အလှူအတန်းများများပြုလုပ်ပေးပါ။ သောကြာနံနဲ့စတဲ့ လုပ်ငန်းတွေ အကျိုးပေးတတ်ပါတယ်။ မလိုသူတွေရဲ့ စကားအရှုပ်အရှင်းကြောင့် မိသားစုအတွင်းမှာ စိတ်ဝမ်းကွဲစရာဖြစ်တတ်တယ်။ ပြဿနာတွေကို စိတ်အေးအေးထားဖြေရှင်းပါ။

ယတြာ- ဂုဏ်တော်ပုတီးစိတ်ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

မိသားစုအတွင်း သတင်းကောင်းကြားရမယ်။ ကြန့်ကြာနေတဲ့အကြွေးတွေ မမျှော်လင့်ဘဲပြန် ရမယ်။ အလှူအတန်းပြုရမယ်။ ပညာရေးကံကောင်းနေပါတယ်။ အချစ်ရေးမှာ အချစ်ဟောင်းနဲ့ အချစ် သစ်ကြား ဗျာများနေရတတ်တယ်။ ဒီတစ်ပတ်အတွင်းမှာ တစ်ယောက်ယောက်ဆီက သင့်ကို ပျော်ရွှင် စေမယ့် လက်ဆောင်တစ်ခု လက်ခံရရှိတတ်တယ်။

ယတြာ ။        ။ လမ်းဘေးခွေးတစ်ကောင်ကို ထမင်းကျွေးပါ။

သောကြာသားသမီး

ဝင်ငွေထွက်ငွေမမျှတလို့ အတန်ငယ်စိတ်မောနေရမယ့်ကာလဖြစ်ပါတယ်။ အခက်အခဲတွေကို ဇွဲရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ်လိုက်ပါ။ မကြာခင်မှာ ပြေလည်သွားပါလိမ့်မယ်။ အချစ်ရေးမှာ စန်းပွင့်နေ ပါတယ်။ ရောက်လေရာမှာ ချစ်ကြိုက်သူတွေဝိုင်းဝိုင်းလည်နေတတ်တယ်။ အလုပ်အင်တာဗျူးဖြေဆို ထားပါက အောင်မြင်ပါမယ်။

ယတြာ ။        ။ သူငယ်ချင်းတစ်ယောက်ကို ဒံပေါက်ကျွေးပါ။

စနေသားသမီး

         အဟောင်းတွေနဲ့ အကျိုးပေးနေတဲ့ကာလဖြစ်ပါတယ်။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံ တတ်တယ်။ လုပ်ငန်းဟောင်းတွေဆီက အကျိုးအမြတ်တွေရတတ်တယ်။ ပျောက်သွားတဲ့ ပစ္စည်း ဟောင်းတွေ ပြန်တွေ့တတ်ပါတယ်။ အိမ်ကို ညအိပ်ညနေဧည့်သည်လာတတ်တယ်။ လာရင် ထီထိုးပေးပါ။

ယတြာ ။        ။ မွေးနေ့မှာ ကြာဆံကြော်ဆွမ်းလောင်းပါ။

တနင်္ဂနွေသားသမီး

ကြိုးစားသလောက် အရာမထင်သေးတာမို့ အတန်ငယ်စိတ်မောရဦးမယ့်ကာလပါ။ ဇွဲမလျှော့ ပါနဲ့။ အကူအညီပေးမယ့်သူတွေ ပေါ်လာတတ်ပါတယ်။ အချစ်ရေးအဆင်ပြေသာယာနေပါတယ်။ ကျန်းမာရေး သင့်ပါတယ်။ လုပ်ငန်းသစ်စတင်မယ်ဆိုရင် အချိန်နည်းနည်းစောင့်လိုက်ပါ။

ယတြာ ။        ။ မွေးနေ့မှာ သီလရှင်တစ်ပါးကို ဆွမ်းဆန်စိမ်းတစ်ပြည်လှူပါ။