၂ဝ၁၉ – ၂ဝ၂ဝ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဒီဇင်ဘာလ ၃ဝ ရက်နေ့မှ ဇန်နဝါရီ ၅ ရက်နေ့အထိ)

blank
တနင်္လာသားသမီး

အရာရာကို ထောင့်စေ့အောင်စီမံဆောင်ရွက်နိုင်မှုကြောင့် အလုပ်အကိုင်မှာ အောင်မြင်မှုတွေရရှိမယ်။  စိတ်လက်ပေါ့ပါးနေမယ်။ အချစ်ရေးအဆင်ပြေပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေရရှိမယ်။

ယတြာ- သက်ကြီးရွယ်အိုတွေအတွက်အားဆေးလှူပါ။

အင်္ဂါသားသမီး

အနာဂတ်အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို မချသင့်သေးပါ။ အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အလုပ်အကိုင်နဲ့ ကိုယ်ရေးကိုယ်တာခံစားမှုတွေကို ခွဲခြားထားပါ။  အမြင်စောင်းနေတာတွေကို လျှော့ချလိုက်မယ်ဆိုရင် အရင်ကပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်ရရှိမယ်။ စကားရှုပ်တတ်သူတွေကို ပြန်လည်ဖြေရှင်းဖို့ အချိန်မကျရောက်သေးပါ။

ယတြာ- နွမ်းပါးသူတွေအတွက်  အဝတ်အထည်လှူဒါန်းပါ။

ဗုဒ္ဓဟူးသားသမီး

ကိုယ်ရည်ကိုယ်သွေးတွေကို ဖြည့်စွမ်းနိုင်ပြီး ပူပင်ကြောင့်ကျမှုတွေကိုဖယ်ရှားနိုင်မယ့် ကာလဖြစ်တယ်။ နာမယ်သတင်း ဂုဏ်သတင်းကျော်ဇောမယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က စိတ်ဖိစီးနေတဲ့ အရာတွေကို အောင်အောင်မြင်မြင်ကောင်းမွန်စွာကျော်လွှားနိုင်မယ်။ ငွေကြေးလက်လွန်ထားတာတွေ ပြန်ရမယ်။

ယတြာ- ဘုရားမှာ  တံခွန်လှူပါ။

ကြာသပတေးသားသမီး

ကြိုးစားမှုတွေကို အသိအမှတ်ပြုချီးမြှောက်ခံရတဲ့ ကာလဖြစ်တယ်။ မထင်မှတ်ဘဲ ပြုမူလိုက်တဲ့ ကိစ္စတစ်ခုကြောင့် သူငယ်ချင်းတစ်ယောက်နဲ့ ကတောက်တဆတွေဖြစ်မယ်။  မိမိနှင့်မသက်ဆိုင်သော အရှုပ်အထွေးကိစ္စတွေကို ဖြေရှင်းရင်း အချိန်ကုန်နေတတ်တယ်။ အသိအကျွမ်းဟောင်းတစ်ဦးရဲ့ အကူအညီကြောင့် ရှုပ်ထွေးနေတဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်မယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သောကြာသားသမီး

ကုန်ကျစရာတွေ ဝိုင်းဝိုင်းလည်နေတဲ့ကာလဖြစ်တယ်။ အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ အလျင်စလိုမလုပ်ဘဲ အချိန်ယူဆုံးဖြတ်ပါ။ စက်ပစ္စည်းဝင်ကိန်းရှိတယ်။ မိသားစု အတွင်း သတင်းထူးကြားရမယ်။ မမျှော်လင့်ဘဲ ခရီးတစ်ခုထွက်ရမယ်။ သင့်အတွက် ကံကောင်းစေ မယ့်ခရီးဖြစ်ပါတယ်။

ယတြာ ။        ။ နာမကျန်းနေသူကို ဆေးဝါးဒါနပြုပါ။

စနေသားသမီး

အချစ်ရေးနဲ့ ဘဝအရေးကြားမှာ ရွေးချယ်ရခက်ပြီး ဗျာများနေရတဲ့အချိန်ပါ။ မိတ်ဆွေကောင်း တွေကို ဖွင့်ဟတိုင်ပင်ပြီး အကြံဉာဏ်တောင်းသင့်ပါတယ်။ ဒီအပတ်ထဲမှာ သင့်ကို အကူအညီကောင်း ပေးမယ့်သူတွေကတော့ မေထုန်ရာသီဖွားတွေပဲ ဖြစ်ပါတယ်။ ငွေဝင်ကိန်းရှိပါတယ်။ ထီထိုးပါ။

ယတြာ ။        ။ မွေးနံထောင့်မှာ စံပယ်သုံးကုံးလှူပါ။

တနင်္ဂနွေသားသမီး

ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတတ်တယ်။ စီးပွားရေးလုပ်ငန်းသစ်တွေ စတင်ဖို့ အခွင့်အရေးပေါ်မယ်။ ဝန်ထမ်းဖြစ်ရင် အလုပ်နေရာအပြောင်းအရွှေ့ရှိပါတယ်။ ပညာရပ်အသစ်တစ်ခု သင်ယူခွင့်ပေါ်မယ်။ အခွင့်အရေးကို လက်လွှတ်မခံပါနဲ့။
ယတြာ ။        ။ မွေးနေ့မှာ သစ်ပင်စိုက်ပါ။