၂ဝ၁၉ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ)

blank
တနင်္လာသားသမီး

အပြောင်းအလဲတွေကို ဖော်ဆောင်ဖို့ စိတ်ဆန္ဒရှိနေပေမယ့်  လမ်းပျောက်နေတဲ့ ကာလဖြစ်တယ်။ အချစ်ရေးအတွက် အချိန်မပေးနိုင်တာကြောင့် ချစ်သူနဲ့ကတောက်အဆလေးတွေ ကြုံတွေ့ရမယ်။ အရာရာကိုအလိုမကျဖြစ်နေမယ်။ ငွေဝင်ပေမယ့် လက်ထဲမှာမမြဲနိုင်ဖြစ်နေမယ်။ ပညာရေးနဲ့ပတ်သက်ပြီး ထင်မှတ်မထားတဲ့အခွင့်အရေးတွေရမယ်။

ယတြာ- ဂုဏ်တော်ပုတီးစိတ်ပါ။

အင်္ဂါသားသမီး

လုပ်ငန်းခွင်အတွင်းက အခက်အခဲပြဿနာတွေကြောင့် စိတ်ဖိစီးနေမယ်။ အစပိုင်းမှာ ခက်နေတဲ့ကိစ္စတွေကို အကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်မယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီကြောင့် ငွေကြေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ်။ အရာရာတိုင်းကို စိတ်ရှည်ရှည်ထားပြီးရင်ဆိုင်ကျော်လွှားပါ။

ယတြာ- ကံဆိုး၊ကံညံ့တွေ ပပျောက်စေဖို့ ဘုရားတန်ဆောင်းသန့်ရှင်းရေးလုပ်ပေးပါ။

ဗုဒ္ဓဟူးသားသမီး

နတ်သမီးတွေရဲ့ စောင်မမှုတွေရနေသလို ထူးခြားတဲ့ကံကောင်းမှုတွေ ဆက်တိုက်ကြုံတွေ့ရမယ်။ အတားအဆီးတွေကို တည်ငြိမ်ရင့်ကျက်စွာ ကျော်လွှားနိုင်သောကြောင့် ထင်မှတ်မထားတဲ့ အောင်မြင်မှုတွေကိုရရှိမယ်။ ပတ်ဝန်းကျင်မှာ နာမည်သတင်းကျော်ဇောမယ်။ စိတ်သွားတိုင်းကိုယ်ပါပြီး အလုပ်အကိုင်တွေကို စိတ်ရှိသလောက်လုပ်ဆောင်နိုင်မယ်။

ယတြာ-  မိဘမဲ့ကလေးတွေကိုနွားနို့တိုက်ကျွေးပါ။

ကြာသပတေးသားသမီး 

ဒီတစ်ပတ်အတွင်းမှာ အကြောင်းမဲ့ ပျင်းရိထိုင်းမှိုင်းနေမယ်။ ပညာရေးမှာ လစ်ဟာပြီး စိတ်လေနေမယ်။ ချစ်သူနဲ့ ကတောက်တဆလေးတွေဖြစ်မယ်။ ရပ်ဝေးက ဧည့်သည်ရောက်လာမယ်။  အရေးကြီးသောဆုံးဖြတ်ချက်တွေမချမှတ်မီ သူငယ်ချင်းတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ ရေနဲ့ပတ်သက်တဲ့ လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှပ်နှံပါ။

ယတြာ- သံဃာတော်တွေအတွက် ဖိနပ်လှူဒါန်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သောကြာသားသမီး

အနာဂတ်ရည်မှန်းချက်တွေကို အားသွန်ခွန်စိုက်ပုံဖော်နိုင်မည့်ကာလဖြစ်တယ်။ အားလပ်ချိန်မရှိလောက်အောင် အနားမနေအလုပ်လုပ်နေရပေမယ့်လည်း ပျော်ရွှင်တက်ကြွနေမယ်။ အလုပ်နဲ့ပတ်သတ်ပြီး ကွန်ယက်အသစ်တွေ ချိတ်ဆက်ဆောင်ရွက်နိုင်မယ်။ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေနဲ့အတူ ငွေကြေးတွေဒလဟော ဝင်လာတတ်တယ်။

ယတြာ- ရေချမ်းကပ်လှူပါ။

စနေသားသမီး

အိပ်မက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်။ တနင်္လာသား အထက်လူကြီးတစ်ဦးရဲ့ စောင်မမှုခံရမယ်။ စိတ်ခံစားချက်တွေထက် ဦးနှောက်ကိုဦးစားပေးတတ်တာကြောင့် လူမှုရေးကိစ္စတွေမှာ လစ်ဟင်းမှုတွေကြုံတွေ့ရမယ်။ အသေးအဖွဲကိစ္စတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတတ်တယ်။ ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်ပါတယ်။

ယတြာ- ဘုရားမီးလှူဒါန်းပါ။

တနင်္ဂနွေသားသမီး

မူယာမာယာပိုတွေကြောင့် လုပ်ငန်းခွင်မှာ စိတ်ညစ်နေမယ့် ကာလဖြစ်တယ်။ ထူးခြားတဲ့လက်ဆောင်တစ်ခုကို ရတတ်တယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး အခြားလူတွေဆီက အကြံမယူပါနဲ့။ ငွေရေးကြေးရေးကိစ္စတွေက အတက်အကျမရှိဘဲ တည်ငြိမ်နေမယ်။ မိတ်ဆွေဟောင်းတွေနဲ့ လုပ်ငန်းတစ်ခုကို အစပျိုးနိုင်ပါလိမ့်မယ်။

ယတြာ-  ငှက်သက်စေ့လွှတ်ပါ။