ဒီဇင်ဘာမွေးနေ့ရှင်လေးတွေကို ချစ်သူအဖြစ်ရွေးချယ်မယ်ဆိုရင် ဒါလေးအရင်ဖတ်ကြည့်ပါ။

blank

စာချစ်သူတို့ရေ…

လူတွေမှာ မွေးဖွားရာလအလိုက် အမူအကျင့်လေးတွေ ကိုယ်စီရှိတတ်ကြပါတယ်။ မိမိချစ်သူ၊ လက်တွဲ ဖော်ဟာ မွေးဖွားရာလအလိုက် ဘယ်လိုအမူအကျင့်လေးတွေရှိတယ်ဆိုတာ သိထားမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ကြား နားလည်မှုတွေပိုပေးနိုင်ကြမှာပါ။

ဒီတစ်ပတ်တော့ ချမ်းအေးတဲ့ဒီဇင်ဘာလမွေးနေ့ရှင်လေးတွေကို ချစ်သူတော်မယ့်သူများအတွက် သိ ထားသင့်တဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီဇင်ဘာမွေးလရှင်လေးတွေဟာ…

၁။ သစ္စာရှိကြတယ်။

တစ်ခါသိပြီးရင် ကိုယ့်ဘဝတစ်လျှောက်လုံးအတူရှိသွားချင်တဲ့လူစားမျိုးဆိုတာ ဒီဇင်ဘာမွေးနေ့ရှင်တွေ ကို ပြောတာပါ။ သစ္စာကြီးမားပြီး ယုံကြည်ထိုက်သူတွေဖြစ်ပါတယ်။ တစ်ခါတရံ အပေါ်ယံမချိုမြတာလေးတွေရှိ ပေမဲ့ လိမ်ညာခြင်းထက်စာရင်တော့ အများကြီးပိုကောင်းတာမို့ တန်ဖိုးထားထိုက်တဲ့လက်တွဲဖော်ကောင်းဆို လည်း မမှားပါဘူး။

၂။ သီးခြားနေတတ်ကြတယ်။

သူတို့တွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လိုချင်ကြပြီး သူတို့ယုံကြည်ထိုက်သူမဟုတ်ရင် သူတို့ခံစား ချက်တွေကိုလည်း ဖွင့်ဟမပြောတတ်ကြပါဘူး။ သူတို့ခံစားချက်တွေကို ရင်ဖွင့်စေချင်ရင် သူတို့ရဲ့ကိုယ်ပိုင် လွတ်လပ်ခွင့်တွေကို အလေးထားပေးဖို့ မမေ့ပါနဲ့နော်။

၃။ ဦးဆောင်နိုင်ကြတယ်။

ဘယ်လိုအခက်အခဲမျိုးတွေကိုမဆို အကောင်းဆုံးဖြေရှင်းနိုင်ကြသူတွေပါ။ အရာရာကို တရားမျှတ အောင်၊ ယထာဘူတကျအောင် နှစ်ဖက်အမြင်နဲ့ကြည့်ပြီး စဉ်းစားပေးတတ်ကြတယ်။ ဘဝကို စနစ်တကျနေ ထိုင်ဖြတ်သန်းတတ်ကြပြီး သူတို့ဘဝရဲ့ဦးစားပေးရမယ့်အရာတွေကိုလည်း သိကြတယ်။ ပြဿနာတစ်ခုခုဖြစ် ရင် တစ်ဖက်သားအပေါ် အပြစ်မပုံချတတ်တဲ့အတွက် သူတို့နဲ့ချစ်သူဖြစ်ရသူတွေဟာ ကံကောင်းတဲ့သူတွေပါပဲ။

၎။ သူတစ်ပါးကို ကူညီတတ်ကြတယ်။

ကြင်နာတတ်တဲ့နေရာမှာ ဆရာကျသူတွေဟာ ဒီဇင်ဘာမွေးလရှင်လေးတွေပါပဲ။ လူတွေအပေါ် အမြဲ အကောင်းမြင်လေ့ရှိကြပြီး လူတိုင်းမှာ အရည်အချင်းကိုယ်စီရှိတယ်လို့လည်း ယုံကြည်ကြပါတယ်။ သူတို့တွေ ဟာ တစ်ယောက်ယောက်ကို တစ်ခုခုတော့ အမြဲကူညီနေတတ်ကြတဲ့အတွက် သင်နဲ့ချစ်သူဖြစ်ရင်လည်း သင့် အပေါ် အမြဲကူညီနေမယ့် လက်တွဲဖော်ကောင်းပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ ခေါင်းမာကြတယ်။

လူတိုင်းမှာလိုပါပဲ။ ဒီဇင်ဘာမွေးလရှင်တွေမှာလည်း အားသာချက်ရှိသလို အားနည်းချက်တွေလည်း ရှိ ကြပါတယ်။ သူတို့တွေဟာ သူတို့မယုံကြည်တဲ့အရာတွေဆိုရင် သဘောတူညီဖို့၊ နားထောင်ဖို့ ခေါင်းမာတတ်ကြ တယ်။ အဲ့ဒီအကျင့်ကို ပြောင်းလဲအောင်လည်း ဖိအားပေးလို့ မရပါဘူး။ သူတို့နဲ့ချစ်သူဖြစ်ရင် ဒီအချက်လေး တော့ သိထားဖို့ လိုပါတယ်။

၆။ ကတိတည်ကြတယ်။

ကတိတည်ခြင်းဟာ အချစ်ရေးတစ်ခုအတွက် အလွန်အရေးကြီးပါတယ်။ သူတို့တွေဟာ ကိုယ်တိုင်က အကောင်းဆုံးလက်တွဲဖော်ဖြစ်ဖို့ အားစိုက်ထုတ်သလို သူများတွေကိုလည်း တတ်နိုင်သလောက် ကူညီတတ်ကြ ပါတယ်။ ဘယ်လိုတာဝန်မျိုးမဆို ကျေပွန်အောင် ကြိုးစားတတ်ကြတဲ့အတွက် သူတို့နဲ့ချစ်သူဖြစ်ရတာ စိတ်ချမ်း သာစရာပါပဲ။

၇။ အလိုလောဘနည်းကြတယ်။

ဒီဇင်ဘာလမွေးဖွားသူလေးတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေထက် မိသားစု၊ သူငယ်ချင်းတွေ၊ ချစ်ခြင်း မေတ္တာနဲ့ ပျော်ရွှင်စရာတွေ၊ စိတ်ချမ်းသာမှုတွေကိုသာ ပိုတန်ဖိုးထားကြသူတွေပါ။ သူတို့တွေဟာ လက်ရှိ အ ခိုက်အတန့်တိုင်းကို တန်ဖိုးထားရှင်သန်ကြတဲ့အတွက် သူတို့နဲ့ချစ်သူဖြစ်ခွင့်ရသူတွေဟာ ကံအကောင်းဆုံး လူတွေပါပဲ။

၈။ ဉာဏ်ပညာထက်မြက်ကြတယ်။     

ဘဝမှာ သင်ယူဖို့ ဘယ်တော့မှ နောက်မကျဘူးလို့ ယုံကြည်ကြသူတွေပါ။ သူတို့တွေဟာ အသစ် တစ်ခုခုကို အမြဲသင်ယူနေတတ်ကြပြီး သူတို့သိထားတတ်ထားတာတွေကိုလည်း တခြားသူတွေကို ပြန်မျှ ဝေတတ်တဲ့အတွက် သူတို့အနားရှိခွင့်ရသူတွေဟာလည်း ဗဟုသုတတွေ အမြဲရနေပါတယ်။

၉။ ကြင်နာတတ်ကြတယ်။

ဒီဇင်ဘာမှာ မွေးဖွားကြသူတွေဟာ လူတွေအပေါ် သနားကြင်နာတတ်ပြီး ကူညီတတ်တဲ့သဘာဝတွေ ပါရှိပြီးသားဖြစ်ပါတယ်။ တချို့လူတွေက သူတို့ရဲ့ကြီးမားတဲ့မေတ္တာတရားတွေနဲ့ မထိုက်တန်တာသိပေမဲ့လည်း သူတို့တတ်နိုင်သမျှတော့ သူတို့ချစ်တဲ့သူတွေကို ကူညီနေတတ်တယ်။ ဒီလိုစိတ်ထားကောင်းတဲ့ ဒီဇင်ဘာမွေး လရှင်လေးကို ချစ်သူတော်ထားတယ်ဆိုရင်  ဂုဏ်ယူစရာပါပဲ။

၁ဝ။ ရိုးသားကြတယ်။

မရိုးသားမှုနဲ့ လိမ်ညာမှုတွေကို ရွံ့မုန်းပြီး ရိုးသားမှုကို အထူးမြတ်နိုးသူတွေဖြစ်ပါတယ်။ သူတို့ယုံကြည် ရာကိုပဲ ရိုးရိုးသားသားပြောဆိုလုပ်ကိုင်တတ်ကြတယ်။ ဒါကြောင့် သူတို့နဲ့ချစ်သူတော်မယ်ဆိုရင် ရိုးသားမှုကို လက်ကိုင်ထားဖို့ မမေ့ပါနဲ့နော်။

တိုက်ဆိုင်မှုလေးတွေပါရင် SHARE လိုက်ပါဦးနော်။