၂ဝ၁၉၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဒီဇင်ဘာ ၁၆ ၁ဝရက်နေ့မှ ၂၂ ရက်နေ့အထိ)

blank
တနင်္လာသားသမီး

          အဟောင်းတွေနဲ့ အကျိုးပေးနေတဲ့ကာလဖြစ်ပါတယ်။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံ တတ်တယ်။ လုပ်ငန်းဟောင်းတွေဆီက အကျိုးအမြတ်တွေရတတ်တယ်။ ပျောက်သွားတဲ့ ပစ္စည်း ဟောင်းတွေ ပြန်တွေ့တတ်ပါတယ်။ အိမ်ကို ညအိပ်ညနေဧည့်သည်ရောက်လာရင် ထီထိုးပေးပါ။

ယတြာ ။        ။ မွေးနေ့မှာ ကြာဆံကြော်ဆွမ်းလောင်းပါ။

အင်္ဂါသားသမီး

ကြိုးစားသလောက် အရာမထင်သေးတာမို့ အတန်ငယ်စိတ်မောရဦးမယ့်ကာလပါ။ ဇွဲမလျှော့ ပါနဲ့။ အကူအညီပေးမယ့်သူတွေ ပေါ်လာတတ်ပါတယ်။ အချစ်ရေးအဆင်ပြေသာယာနေပါတယ်။ ကျန်းမာရေးသင့်ပါတယ်။ လုပ်ငန်းသစ်စတင်မယ်ဆိုရင် အချိန်နည်းနည်းစောင့်လိုက်ပါ။

ယတြာ ။        ။ မွေးနေ့မှာ သီလရှင်တစ်ပါးကို ဆွမ်းဆန်စိမ်းတစ်ပြည်လှူပါ။

ဗုဒ္ဓဟူးသားသမီး

        စိတ်ကူးသစ်တွေ၊ အကြံဉာဏ်သစ်တွေနဲ့ တက်ကြွနေတဲ့ကာလဖြစ်ပါတယ်။ လုပ်ကိုင်သ လောက် အရာထင်နေတဲ့ရလဒ်တွေကြောင့် လုပ်ငန်းသစ်တွေထပ်ချဲ့နိုင်မယ်။ အိမ်ထောင်ရှင်များ ကြားလူကြောင့် အထင်လွဲရတတ်တယ်။ မလိုသူတွေကို ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ မေတ္တာတရားနဲ့သာ ဆက်ဆံလိုက်ပါ။ သိပ်မကြာခင် အဆင်ပြေသွားမှာပါ။

ယတြာ ။        ။ နွမ်းပါးသူကို သင်တတ်နိုင်သလောက်ငွေကြေး ကူညီလိုက်ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မှရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

        အခွင့်အရေးကောင်းတွေနဲ့ ပြည့်နေတဲ့ကာလဖြစ်ပါတယ်။ အခွင့်အရေးတွေကို လက်လွှတ် မခံပါနဲ့။  သင် ကြိုးစားရင်ကြိုးစားသလောက် ခရီးရောက်မှာပါ။ အချစ်ရေးမှာ အနေဝေးလို့ သွေးအေး နေမယ်။ အရင်းနှီးဆုံးသူငယ်ချင်းနဲ့ အထင်လွဲစရာကြုံရတတ်တယ်။ စကားအပြောအဆို ဆင်ခြင် သတိပြုပါ။

ယတြာ ။        ။ မွေးနေ့မှာ ငါးသက်စေ့လွှတ်ပါ။

သောကြာသားသမီး

ပြီးပြီးသားကိစ္စတွေကို ထားခဲ့ပြီး စိတ်သစ်၊ လူသစ်နဲ့ အနာဂတ်ဆီ ခရီးဆက်ရမယ့်ကာလဖြစ် ပါတယ်။ တနင်္လာနံနဲ့စတဲ့ လုပ်ငန်းတွေမှာ အကျိုးပေးမယ်။ အချစ်ရေးမှာ ကြားလူကြောင့် စိတ်အ နှောင့်အယှက်ဖြစ်နေမယ်။ သင့်ရဲ့သစ္စာတရားတွေနဲ့သာ ချစ်သူယုံကြည်အောင် သက်သေပြလိုက်ပါ။ ကျန်းမာရေး ဂရုစိုက်ပါ။

ယတြာ ။        ။ လူကြီးမိဘတွေကို တဘက်လှူပါ။

စနေသားသမီး

အဆိုးအကောင်းဒွန်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ အလှူအတန်းများများပြုလုပ်ပေးပါ။ သောကြာနံနဲ့စတဲ့ လုပ်ငန်းတွေ အကျိုးပေးတတ်ပါတယ်။ မလိုသူတွေရဲ့ စကားအရှုပ်အရှင်းကြောင့် မိသားစုအတွင်း စိတ်ဝမ်းကွဲစရာဖြစ်တတ်တယ်။ ပြဿနာတွေကို စိတ်အေးအေးထားဖြေရှင်းပါ။ မကြာခင် အခက်အခဲတွေအားလုံး ပြေလည်သွားမှာပါ။

ယတြာ ။        ။ နွမ်းပါးတဲ့ကျောင်းသားတစ်ယောက်ကို စာရေးကိရိယာလှူပါ။

တနင်္ဂနွေသားသမီး

ဝင်ငွေထွက်ငွေမမျှတလို့ အတန်ငယ်စိတ်မောနေရမယ့်ကာလဖြစ်ပါတယ်။ အခက်အခဲတွေကို ဇွဲရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ်လိုက်ပါ။ မကြာခင်မှာ ပြေလည်သွားပါလိမ့်မယ်။ အချစ်ရေးမှာ စန်းပွင့်နေ ပါတယ်။ ရောက်လေရာမှာ ချစ်ကြိုက်သူတွေဝိုင်းဝိုင်းလည်နေတတ်တယ်။ အလုပ်အင်တာဗျူးဖြေဆို ထားပါက အောင်မြင်ပါမယ်။

ယတြာ ။        ။ သူငယ်ချင်းတစ်ယောက်ကို ဒံပေါက်ကျွေးပါ။

သင့်အတွက်မှန်တယ်ဆိုရင် သူငယ်ချင်းတွေအတွက်လည်း ဝေမျှပေးလိုက်ပါဦး။