ဖုန်းအပေါ် သင့်စွဲလန်းမှုက ပြောပြနေတဲ့ သင့်စိတ်ပိုင်းဆိုင်ရာအခြေအနေ

blank

စာချစ်သူတို့ရေ…

တစ်ခါတရံမှာ လူတစ်ယောက်မှာရှိတဲ့ သေးဖွဲတဲ့အပြုအမူလေးတွေဟာ အဲ့ဒီလူရဲ့ဘဝတစ်ခုလုံးကိုဖော် ပြနိုင်တဲ့အရာလည်း ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ဒီနေ့ခေတ်ကြီးမှာ ဖုန်းအသုံးပြုမှုပုံစံကလည်း လူတစ် ယောက်ရဲ့အမူအကျင့်ကို ဖော်ပြနေပါတယ်။

လူအများစုဟာ ကိစ္စတစ်ခုခုနဲ့ စောင့်ဆိုင်းနေကြတဲ့အချိန်တွေ၊ ဥပမာ စတိုးဆိုင်မှာ ငွေရှင်းဖို့ တန်းစီ စောင့်ဆိုင်းနေရချိန်မျိုးမှာတောင် အွန်လိုင်းဖွင့်ပြီး အလုပ်လုပ်တာ၊ သူငယ်ချင်းနဲ့စကားပြောတာမျိုးတွေ လုပ်ကြ ပါတယ်။ အချိန်ရတာနဲ့ ကိုယ့်ဖုန်းကိုယ် စစ်ဆေးကြည့်သင့်တယ်လို့လည်း လုံးဝထင်မှတ်ထားကြပါတယ်။

မကြာသေးခင်က လေ့လာမှုတစ်ခုအရလည်း ဖုန်းစွဲလန်းသူတွေကို တွေ့ဆုံမေးမြန်းရာမှာ “ ကိုယ့်ရှေ့ မှာ ဖုန်းမရှိရင်တောင် မနေတတ်တော့သလို ခံစားရတယ်” ၊ “အွန်လိုင်းပေါ်မှာ ရှိသင့်တဲ့အချိန်ထက်ကို အများ ကြီးအချိန်ပိုဖြုန်းမိတယ်” ဆိုပြီး ဖြေတဲ့သူတွေကို အများကြီးတွေ့ခဲ့ရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါ့အပြင် ဖုန်းအပေါ် အဲ့ဒီလိုစွဲလန်းရခြင်းရဲ့ အဓိကအကြောင်းရင်းကလည်း စိတ်မတည်ငြိမ်ခြင်းကြောင့် လို့ ဖော်ပြထားပါတယ်။ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ ရှက်ကြောက်ကြသူတွေကတော့ စိတ်မတည်ငြိမ် သူတွေထက် ဖုန်းစွဲလန်းမှုအလားအလာ ပိုလျော့နည်းတယ်လို့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

သင်ကော သင့်တစ်နေ့တာရဲ့ ဘယ်နှနာရီလောက်ကို အွန်လိုင်းသုံးဖြစ်နေလဲ။