၂ဝ၁၉ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ)

blank
တနင်္လာသားသမီး

လုပ်သမျှအလုပ်တွေကို စိတ်ပါလက်ပါလုပ်နေမယ့် ကာလဖြစ်တယ်။ လုပ်ငန်းခွင်မှာ အောင်မြင်မှုရရှိမယ်။ အနှောင့်အယှက်အဟန့်အတားများတတ်ပေမယ့်  စိတ်ဓာတ်ခွန်အားတွေနဲ့ ကျော်ဖြတ်နိုင်မယ်။  အမည်ဂုဏ်သတင်း အထူးကျော်ဇောမယ်။ ပညာရှာနေတဲ့ တနင်္လာသားသမီးတွေ ပညာသင်ဆုရတတ်တယ်။

ယတြာ- မိဘမဲ့ကျောင်းမှာ နွားနို့လှူဒါန်းပါ။

အင်္ဂါသားသမီး

အပြောင်းအလဲတွေကို ဘဝတက်လှမ်းအတွက်အသုံးချပြီး အောင်မြင်မှုရမယ့်ကာလဖြစ်တယ်။  ဝန်ထမ်းတွေအလုပ်အကိုင်အပြောင်းအရွှေ့ကြုံရတတ်တယ်။။ အလုပ်တွေကို ဇယ်ဆက်သလိုလုပ်ကိုင်နေရသလို လုပ်သလောက် အကျိုးအမြတ်ရနေတဲ့ ကာလဖြစ်တယ်။ ချစ်သူနဲ့ရေလမ်းခရီးတစ်ခုသွားရလိမ့်မယ်။

ယတြာ- မွေးနံထောင့်မှာ ရွှေထီးငွေထီးလှူဒါန်းပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဗုဒ္ဓဟူးသားသမီး

အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ကံအထူးကောင်းတဲ့ ကာလဖြစ်တယ်။ အထက်လူကြီးရဲ့ ချီးကျူးဂုဏ်ပြုမှုတွေရတတ်တယ်။ လေနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာအနည်းငယ် ကြုံရတတ်တယ်။ ညအိပ်ညနေခရီးထွက်ရန် မသင့်တော်သေးပါ။ အချစ်ရေးမထူးခြားသေးပါ။
ယတြာ- ရေတွင်းရေကန်အတွက် အလှူငွေထည့်ဝင်ပေးပါ။

ကြာသပတေးသားသမီး

အကြံဉာဏ်အသစ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အသင့်တော်ဆုံးကာလပါ။  စွန့်ဦးလုပ်ဆောင်လိုက်တဲ့ အလုပ်တွေကနေ အောင်မြင်မှုများစွာ ရရှိမယ်။ အိမ်ကိုညအိပ်ညနေဧည့်သည်ရောက်လာခဲ့ရင် ထီထိုးပါ။ လူကြီးမိဘကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ပူပန်ရမယ်။ ချစ်သူရှိတဲ့ ကြာသပတေးသားသမီးတွေ စေ့စပ်ကြောင်းလမ်းရတတ်ပါတယ်။

ယတြာ- လမ်းတံတားအလှူငွေ ပေးအပ်ပါ။

သောကြာသားသမီး

အမြင်တွေကို သေသေချာချာစဉ်းစားဆုံးဖြတ်ခြင်းမရှိပါဘဲ ထုတ်ဖော်မပြောပြပါနဲ့။ အလုပ်အကိုင်နဲ့ပတ်သက်ပြီး ပြိုင်ဘက်တွေ အားလုံးကို ဖြည်းဖြည်းနဲ့မှန်မှန် အနိုင်ယူနိုင်မယ်။ အရေးကြီးတဲ့ အကြောင်းအရာတွေကို အဓိကထားဆောင်ရွက်ပါ။ နိုင်ငံရပ်ခြားခရီး ထွက်ရတတ်တယ်။

ယတြာ- ပညာရေးအတွက်အလှူငွေထည့်ဝင်ပါ။

စနေသားသမီး

ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး တွေးတောလုပ်ဆောင်တတ်တာကြောင့် အလုပ်အကိုင်နဲ့ပတ်သက်ပြီး အောင်မြင်မှုများစွာရရှိမယ်။ အလုပ်တွင်သလောက် အကျိုးကျေးဇူးများစွာရရှိခံစားရမယ်။ ငွေကြေးအပေးအယူကိစ္စတွေကို  သတိထားဆောင်ရွက်ပါ။

ယတြာ- နွမ်းပါးကလေးတွေအတွက် အနွေးထည်လှူဒါန်းပါ။

တနင်္ဂနွေသားသမီး  

ငွေဝင်သလောက် ငွေကြေးအကုန်အကျများနေမယ့်ကာလဖြစ်တယ်။  နိုင်ငံရပ်ခြားကို မထင်မှတ်ဘဲ အလည်အပတ်သွားရတတ်တယ်။ ရပ်ဝေးမှမင်္ဂလာသတင်းတစ်ခု ကြားရလိမ့်မယ်။ အလုပ်အကိုင်အပြောင်းအရွှေ့များကြုံရတတ်တယ်။ ကျန်းမာရေးအထူးဂရုစိုက်ပါ။

ယတြာ-  စောင်လှူပါ။