သင့်အစားစားပုံအလေ့အထက ပြောပြနေတဲ့သင့်အကြောင်း

blank

စာချစ်သူတို့ရေ…

တစ်ခါတရံမှာ သေးဖွဲတဲ့အပြုအမူလေးတွေဆိုတာ လူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်လို့ရနိုင်တဲ့ ပြတင်းပေါက်လေးတွေနဲ့ တူပါတယ်။ အဲ့ဒီအပြုအမူတွေထဲမှာ စားသောက်နေထိုင်မှုပုံစံတွေ လည်း ပါပါတယ်။

လေ့လာသူများကတော့ လူတွေရဲ့စားသောက်နေထိုင်မှုပုံစံပေါ်မူတည်ပြီး ဘယ်လိုလူစားလဲဆိုတာ ဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီသုံးသပ်ချက်တွေအရ…

  • အစားနှေးသူများဟာ ဘဝကို ဘယ်လိုအသိအမှတ်ပြုတန်ဖိုးထားရမလဲဆိုတာသိပြီး ထိန်းချုပ် ရတာကို ကြိုက်နှစ်သက်လေ့ရှိကြသူတွေပါ။
  • အစားမြန်သူတွေကတော့ ရည်မှန်းချက်ကြီးသူတွေ၊ ပန်းတိုင်ရှိသူတွေ၊ အတွေ့အကြုံအသစ် တွေရရှိဖို့ အမြဲတမ်းတံခါးဖွင့်ထားတတ်သူတွေ၊ သိပ်စိတ်မရှည်တတ်သူတွေပါ။
  • ထူးထူးဆန်းဆန်းအစားအစာအသစ်လေးတွေ ကြိုက်တတ်သူတွေကတော့ သူတို့ရဲ့သက်တောင့် သက်သာရှိတဲ့ ဘဝထဲက ရုန်းထွက်ရတာကို ကြိုက်နှစ်သက်ကြသူတွေပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အစားရွေးတဲ့သူတွေကတော့ ဇီဇာကြောင်ပြီး အနည်းငယ်စိတ်မူမမှန်သူတွေဖြစ်ဖို့များပြီး ထမင်း ပန်းကန်ထဲမှာ အစားအသောက်တွေကို တစ်မျိုးစီသပ်သပ် ရပ်ရပ်ထည့်စားတတ်သူတွေကတော့ နေရာတကာ အသေးစိတ်ဆန်လွန်းပြီး စည်းကမ်းကြီးသူတွေ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

သင်ကော အစားစားတဲ့အခါ ဘယ်လိုအမူအကျင့်မျိုး ပိုင်ဆိုင်ထားတဲ့သူလဲ။