၂ဝ၁၉ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ)

blank
တနင်္လာသားသမီး

ယခုတစ်ပတ်အတွင်းမှာ ငွေကြေးရေးရာကိစ္စတွေ ထင်သလောက်ခရီးမပေါက်ဘဲ ဖြစ်နေမယ်။ လက်လွန်ထားတဲ့ငွေတွေကြောင့် စိတ်ဖိစီးမှုများပြားနေမယ်။ စနေနံပစ္စည်းတစ်ခု ဝင်တတ်တယ်။  လုပ်ငန်းခွင်အတွင်းမှာ အကြီးအကဲရဲ့ အကူအညီတွေရတတ်တယ်။ Single တွေအနေနဲ့ RS ဘဝကို ဆိုင်းမဆင့်ဘုံမဆင့်ရောက်သွားတတ်တယ်။

ယတြာ- ဘုရားပရဝုဏ်သန့်ရှင်းရေးလုပ်ပေးပါ။

အင်္ဂါသားသမီး

အလိုလိုနေရင်း စိတ်ထိခိုက်လွယ်နေမယ့် ကာလဖြစ်တယ်။  ရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့  နှောင့်နှေးနေမယ်။  မိသားစုအတွင်းက ပြဿနာတွေကို အပြီးသတ်ဖြေရှင်းနိုင်မယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်သင့်နေတဲ့ ကာလပါ။

ယတြာ- ငှက်သက်စေ့လွတ်ပါ။

ဗုဒ္ဓဟူးသားသမီး

နှစ်စကတည်းက ကြိုးစားနေခဲ့တဲ့ အရာတွေ  အကောင်အထည်ပေါ်မယ်။ မိသားစုအတွင်းသတင်းထူးကြားရမယ်။ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုသွားရတတ်တယ်။ မျှော်လင့်နေသူဆီက ချစ်စကားကြားရတတ်တယ်။
ယတြာ- နွမ်းပါးကလေးတွေကို စာရေးကိရိယာလှူဒါန်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရစိတ်တွေနဲ့ ယုံကြည်မှု ကင်းမဲ့နေမယ်။ စိတ်ခံစားချက်တွေကို လျစ်လျူရှုနေတဲ့ ချစ်သူကြောင့် စိတ်အားငယ်နေမယ်။ ခံစားချက်တွေကို ထိန်းချုပ်ပြီးလုပ်သင့်လုပ်ထိုက်တာကို  အလေးထားဆောင်ရွက်သင့်တဲ့ အချိန်ဖြစ်တယ်။ ပညာဆည်းပူးနေသူများ အထက်တန်းကျကျအောင်မြင်တတ်တယ်။
ယတြာ- လမ်းဘေးခွေးကလေးတွေကို အစာကျွေးပါ။a

သောကြာသားသမီး

ပြောချင်ရာကို ကမူးရှူးထိုးပြောတတ်သောအကျင့်ကြောင့် ပြဿနာတွေ ဖြေရှင်းရတတ်တယ်။ ငွေကြေးအထားမှားတာ၊ အဖိုးတန်ပစ္စည်းတွေပျောက်ရှတာမျိုးတွေဖြစ်တတ်တယ်။ ရေလမ်းခရီးတစ်ခု သွားရခဲ့ရင် ထီထိုးပါ။ သောကြာ လူပျိုကြီး၊အပျိုကြီးများ မထင်မှတ်ဘဲ အိမ်ထောင်ကျတတ်တယ်။

ယတြာ- သံဃာတော်များကို အချိုပွဲကပ်လှူပါ။

စနေသားသမီး

ဒီအပတ်အတွင်းမှာ အခြားလူတွေကြောင့် အချိန်ကုန်နေတတ်တယ်။ ထင်မှတ်မထားသူတစ်ဦးထံမှ လက်ဆောင်ရတတ်တယ်။  ဘဝတက်လှမ်းအတွက် အထောက်အကူပြုမယ့် ပွဲတစ်ခုတက်ရောက်ရတတ်တယ်။
ယတြာ- ငါးသက်စေ့လွှတ်ပါ။

တနင်္ဂနွေသားသမီး

အိမ်တွင်းရေးပြဿနာတွေကြောင့် စိတ်ရှုပ်နေရပေမယ့် အားပေးတတ်တဲ့ ချစ်သူကြောင့် စိတ်အားတက်ရလိမ့်မယ်။ သက်ကြီးဝါကြီးတစ်ဦးရဲ့ ကူညီစောင်မမှုကြောင့် အလုပ်မှာ အဆင်ပြေလိမ့်မယ်။ အလုပ်ကြွေးတွေနဲ့ ချေးငှားထားတဲ့ ငွေကြွေးတွေကို ဖြေရှင်းနိုင်လိမ့်မယ်။ လေမညီညွတ်တာကြောင့် ကျန်းမာရေးပြဿနာလေးတွေဖြစ်တတ်တယ်။

ယတြာ- မွေးနံထောင့်မှာ ဆီမီးကပ်လှူပါ။

သင့်အတွက် မှန်နေခဲ့ရင် သူငယ်ချင်းတွေဖတ်ရဖို့ ဤစာလေးကို SHARE ပေးပါ။