ချစ်သူဟာ နိုဝင်ဘာလမှာ မွေးဖွားသူတစ်ယောက်ဆိုရင်…

blank

၁။ နိုဝင်ဘာလမှာ မွေးဖွားကြတဲ့သူတွေဟာ တည်ငြိမ်အေးဆေးသူတွေဖြစ်ပေမယ့် မဟုတ်မခံစိတ်ဓာတ်ရှိတဲ့သူလေးတွေပါ။ သူစိတ်ဆိုးစိတ်ကောက်ဖြစ်နေပြီဆိုရင် သူ့အပေါ် ကိုယ်ဘာအမှားလုပ်မိလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။

၂။ နိုဝင်ဘာလမွေးဖွားသူတွေဟာ ခြင်တစ်ကောင်ကိုတောင်မှ မသတ်ရက်နိုင်လောက်အောင် နူးညံ့လွန်းတဲ့သူတွေပါ။ ဒါပေမဲ့ သူတို့ရဲ့ အေးတိအေးစက်နိုင်တဲ့အပြုအမူ၊ အပြောအဆိုတွေတွေကြောင့် မကြာခဏအထင်လွဲခံရလေ့ရှိပါတယ်။ ဒါကြောင့် နှစ်ဦးသားကြားမှာ ပြဿနာတစ်စုံတစ်ခုတက်တဲ့အခါ အလျင်စလိုဆုံးဖြတ်ချက်မချဘဲ အရင်စကားပြောဆိုကြည့်ပါ။

၃။ နိုဝင်ဘာလမွေးဖွားတဲ့သူတွေဟာ ဘယ်သူကမှ မလျှောက်ဖူးတဲ့လမ်းကို လျှောက်ချင်တတ်ကြပါတယ်။ ကိုယ့်ချစ်သူဟာ နိုဝင်ဘာလဖွားချစ်သူတစ်ယောက်ဆိုရင် သူတို့ကို ဘာမလုပ်နဲ့၊ ညာမလုပ်နဲ့ တားမြစ်ရခြင်းက အဆင်မပြေနိုင်ဘူးဆိုတာ သိပြီးသား ဖြစ်မှာပါ။ သူကိုယ်တိုင်လည်း ကိုယ့်ကို မတားမြစ်ဖူးဘူးမဟုတ်လား…

၎။ နိုဝင်ဘာလဖွားတွေဟာ သစ္စာအရှိဆုံးသူတွေဖြစ်တာကြောင့် သူတို့အပေါ်မှာ နှလုံးသားတစ်ခုလုံး ပုံအပ်ပြီး ယုံကြည်ချစ်ခင်လို့ရပါတယ်။ သူဟာ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးမယ့်၊ ကိုယ့်အပေါ်သစ္စာဖောက်မယ့်သူမဟုတ်ပါဘူး။ ကိုယ့်ဘဝရဲ့ ခက်ခဲတဲ့နေ့ရက်တိုင်းမှာ ကိုယ့်ကို ကူညီဖို့ အသင့်ဖြစ်နေမယ့်သူဟာ သူပါပဲ။

၅။ နိုဝင်ဘာလဖွားတွေဟာ လူတိုင်းအပေါ်မှာ တရားမျှတမှုရှိတဲ့သူတွေပါ။ သူတို့ဟာ အငြင်းအခုံမရှိဘဲ စကားပြောဆိုရတာမျိုးကို သဘောကျနှစ်သက်တတ်ကြပါတယ်။ သူတို့ဟာ ကိုယ့်ရဲ့ ထင်မြင်ချက်တွေအပေါ်မှာ ဝေဖန်မှုတွေ ပြုလုပ်နေမှာမဟုတ်တာကြောင့် သူ့အပေါ်မှာလည်း အပြန်အလှန်လေးစားမှုထားပေးလိုက်ပါ။

၆။ နိုဝင်ဘာလမှာ မွေးဖွားကြတဲ့သူတွေဟာ အရာအားလုံးကို အချိန်မဆွဲဘဲ လုပ်ကိုင်ဖို့ ကြိုးစားချင်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ တကယ်လို့ သူတို့အမှားတွေလုပ်ခဲ့မိမယ်ဆိုရင်လည်း ပြန်ပြင်ဆင်နိုင်ဖို့ အချိန်လုံလုံလောက်လောက်ရှိနိုင်မယ်မလား။ အလုပ်ကြိုးစားတတ်သူတစ်ယောက်ကို ချစ်သူတော်ထားရတာဟာ ကံကောင်းမှုတစ်ခုပါပဲနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ နိုဝင်ဘာလမှာမွေးဖွားတဲ့သူတွေဟာ ဝေဖန်အကဲဖြတ်ခံရမှာကို ကြောက်ရွံ့တတ်ကြတာကြောင့် သူတို့ခံစားချက်တွေကို အမြဲသိုဝှက်ထားနိုင်ဖို့ ကြိုးစားတတ်ကြပါတယ်။ အချိန်တစ်ခုကြာတဲ့အခါမှာ သူ့စိတ်ခံစားချက်တွေကို ကိုယ့်ဆီမှာ ရင်ဖွင့်မှာ အသေအချာပဲမို့လို့ ဒီကြားထဲမှာတော့ သူ့အတွက် ကိုယ်ပိုင်အချိန်လေးပေးလိုက်ပါ။

၈။ နိုဝင်ဘာလဖွားတွေဟာ ဆွဲဆောင်မှုရှိအောင် အထူးတလည်ကြိုးစားနေစရာမလိုဘဲနဲ့တောင် အထူးဆွဲဆောင်မှုရှိတဲ့သူတွေပါ။ လူတိုင်းက သူ့ကို သဘောကျနေကြတယ်ဆိုပေမယ့် သူ့ရဲ့ အာရုံစိုက်မှုတွေအားလုံးဟာ ကိုယ့်ဆီမှာပဲ ရှိနေမှာမို့လို့ အရမ်းသဝန်မတိုပါနဲ့နော်။

၉။ နိုဝင်ဘာလဖွားတွေဟာ တခြားသူတွေနဲ့ ကွဲပြားခြားနားလွန်းတာကြောင့် သူ့လိုလူမျိုးနောက်တစ်ယောက်ထပ်တွေ့နိုင်ဖို့တောင်မှ ခဲယဉ်းပါတယ်။ သူတို့ကို တခြားသူတွေနဲ့ မတူကွဲပြားနေစေတာဟာ သူတို့ဟာ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်တတ်ကြလို့ပါ။ သူ့ကို ချစ်ခဲ့တာတောင်မှ အများနဲ့မတူဘဲ တမူကွဲပြားနေလို့ မဟုတ်လား…

၁ဝ။ နိုဝင်ဘာလဖွားတွေဟာ သူတို့မှန်တယ်ထင်တာကိုပဲ သူတို့ယုံကြည်လေ့ရှိပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ သူတို့မှားနေတယ်ဆိုရင်တောင်မှ အလွယ်တကူလက်ခံလိုက်နိုင်ဖို့ ခဲယဉ်းတတ်ကြပါတယ်။ တစ်ခါတလေမှာတော့ ဒါဟာ စိတ်ပျက်စရာကောင်းတယ်ဆိုပေမယ့် သူ့ရဲ့ကောင်းကွက်လေးတွေကို တွေးပြီး နားလည်ပေးဖို့ ကြိုးစားကြည့်ပါနော်။

ချစ်သူကို နိုဝင်ဘာမှာ မွေးဖွားတဲ့ ကိုယ့်အကြောင်းသိရှိနိုင်စေဖို့ မန်းရှင်းခေါ်သွားပါဦးနော်။