၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( နိုဝင်ဘာ ၁၁ ရက်နေ့မှ နိုဝင်ဘာ ၁၇ ရက်နေ့အထိ)

တနလာၤသားသမီး

အစ်ကိုကြီး၊ အစ်မကြီးတွေရဲ့ ထောက်ပံ့ကူညီအားပေးမှုရမယ်။ ကျန်းမာရေးညံ့နေတဲ့ မိသားစုဝင်တွေ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာမယ်။ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ လုပ်ကိုင်နိုင်စွမ်းကို အသိအမှတ်ပြုခံရမယ်။ အမွေကိစ္စသတင်းကောင်းကြားရမယ်။ ညနက်ချိန်ထိ အပြင်ထွက်ခြင်းကို ရှောင်ပါ။ အချစ်ရေးမှာတော့ တစ်ယောက်နဲ့ တစ်ယောက် စိတ်ရှည်သည်းခံမှုလေးတွေ ပေးနိုင်ဖို့ လိုအပ်ပါတယ်။

ယတြာ။         ။ ငါးသက်စေ့လွှတ်ပါ။

အင်္ဂါသားသမီး

ကိုယ့်အရည်အချင်းကို တိုးတက်စေနိုင်မယ့် အခွင့်အလမ်းတွေ ကြုံရမယ်။ ငွေရေးကြေးရေးမှာ အခက်အခဲအနည်းငယ်ကြုံတွေ့ရမယ်။ ကျောင်းသားတွေအဖို့ သတင်းကောင်းကြားရမယ်။ စိတ်ဆတ်မှုကြောင့် အနှောင့်အယှက်ကြုံတွေ့ရမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ မပြုလုပ်သင့်သေးတဲ့ အချိန်ကာလတစ်ခုပါ။ အချစ်ရေးမှာတော့ အနည်းငယ်စိမ်းစိမ်းကားကားဖြစ်နေပါလိမ့်မယ်။

ယတြာ။         ။ မွေးနေ့မှာ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပါ။

ဗုဒ္ဓဟူးသားသမီး

လုပ်ငန်းခွင်မှာ အလုပ်ကြွေးတွေ တင်နေမယ်။ မိဘအကြီးအကဲတွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ စီးပွားရေးနဲ့ ပတ်သက်တဲ့ အရေးကြီးဆုံးဖြတ်ချက်တွေကို ရွှေ့ဆိုင်းထားပါ။ ပတ်ဝန်းကျင်မှာ နာမည်ဂုဏ်သတင်းကျော်စောလိမ့်မယ်။ Single လေးတွေ ဖူးစာဖက်နဲ့ဆုံတွေ့ပြီး ချစ်သူစုံတွဲတွေ လက်ထပ်ထိမ်းမြားနိုင်မယ့် ကာလလေးဖြစ်ပါတယ်။ ပညာရေးမှာတော့ အနှောင့်အယှက်အနည်းငယ်ရှိမယ်။

ယတြာ။         ။ ကလေးတစ်ယောက်ကို အကျီင်္ဝယ်ပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

ကြိုးစားမှုရဲ့ အသီးအပွင့်လေးတွေ ရရှိလာတော့မယ့်ကာလဖြစ်တယ်။ ချစ်သူအပေါ်မှာ အတ္တတွေမထားမိအောင် အထူးဂရုစိုက်ပါ။ အိမ်ထောင်ရှင်တွေအဖို့ သားသားမီးမီးလေးတွေ တိုးပွားလာမယ့်အချိန်ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းသစ်တွေ ထူထောင်နိုင်မယ်။ နိုင်ငံခြားကို ပညာတော်သင်ခရီးထွက်ရမယ်။ ရေကြောင်းခရီးကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

ယတြာ။         ။ ဘုန်းကြီးတစ်ပါးကို ထီးလှူပါ။

သောကြာသားသမီး

ငွေရေးကြေးရေးမှာ အသုံးအဖြုန်းကြီးနေလိမ့်မယ်။ အစာအိမ်နာလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေကြောင့် ခက်ခဲတဲ့ကိစ္စတွေမှာ ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်။ နေအိမ်ရွှေ့ပြောင်းရမယ်။ အလုပ်အကိုင်ရှာဖွေနေသူတွေအဖို့ ကိုယ်နဲ့ ကိုက်ညီတဲ့အလုပ်ရှာဖွေတွေ့ရှိလိမ့်မယ်။ အချစ်ရေးမှာတော့ အနည်းငယ် သွေးအေးနေလိမ့်မယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ကြာပန်းကပ်လှူပါ။

စနေသားသမီး

ချစ်သူနဲ့ သာယာတဲ့အိမ်ထောင်လေးတစ်ခု ထူထောင်နိုင်လိမ့်မယ်။ ဆွေမျိုးသားချင်းတစ်ယောက်ရဲ့ အကူအညီကြောင့် စီးပွားရေးလုပ်ငန်း တိုးချဲ့နိုင်မယ်။ မောင်နှမသားချင်းတွေနဲ့ ဖြစ်နေတဲ့ ပြဿနာတွေအားလုံး ပြေလည်သွားလိမ့်မယ်။ ကျန်းမာရေးမှာတော့ အနည်းငယ်အညံ့ရှိနိုင်ပါတယ်။ သူငယ်ချင်းတစ်ယောက်ကြောင့် ငွေကုန်ကြေးကျများလိမ့်မယ်။

ယတြာ။         ။ မိဘမဲ့ဂေဟာမှာ စာရေးကိရိယာတွေ သွားရောက်လှူတန်းပါ။

တနင်္ဂနွေသားသမီး

ဒီတစ်ပတ်အတွင်းမှာ စိတ်ဓာတ်ကျစရာတွေချည်း ကြုံတွေ့နေမယ်။ ချစ်သူစုံတွဲတွေအဖို့ ဘာမဟုတ်တဲ့ ကိစ္စတွေကြောင့် မကြာခဏကတောက်ကဆဖြစ်နေရမယ်။ အပြောမတတ်မှုကြောင့် ရန်များမယ်။ Scholarship လျှောက်ထားတဲ့ ကျောင်းသားတွေ သတင်းကောင်းကြားရမယ်။ အိမ်တွင်းရေးမှာ အရှုပ်အထွေးအနည်းငယ်ရှိမယ်။ အလုပ်ပြောင်းရွှေ့ရကိန်းရှိတယ်။

ယတြာ။         ။ ညအိပ်ရာဝင်တိုင်း ဘုရားရှိခိုးပါ။

ကံဇာတာအပြောင်းအလဲလေးတွေကို သိရှိရဖို့ ဂန္ထဝင်ဗေဒင်လေးကို မျှဝေပေးသွားပါဦးနော်။