၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာ ၇ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ)

တနင်္လာသားသမီး

ဒီတစ်ပတ်ဟာဆိုရင်တော့ တနင်္လာသားသမီးတွေအတွက် ငွေရေးကြေးရေး ခြေသလုံးမွှေးပါပဲ။ အလုပ်အကိုင်မှာလည်း ရာထူးတိုးကိန်းရှိပါတယ်။ ချစ်သူရည်းစားတွေအတွက်တော့ နားလည်မှုအသေးအဖွဲလေးတွေကြုံတွေ့ရနိုင်ပါတယ်။ တစ်ကိုယ်တည်း FA လေးတွေကတော့ မကြာခင်မှာပဲ ကိုယ့်ဘဝရဲ့ ဖူးစာဖက်လေးနဲ့ တွေ့ဆုံရပါလိမ့်မယ်။

ယတြာ။         ။ တနင်္လာထောင့်မှာ ခိုစာကျွေးပါ။

အင်္ဂါသားသမီး

အင်္ဂါသားသမီးတွေအတွက်ကတော့ ဒီတစ်ပတ်ဟာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ပြုလုပ်ရမယ့်ကာလပါပဲ။ လုပ်ငန်းခွင်မှာတော့ အထက်လူကြီးတွေနဲ့ ကတောက်ကဆဖြစ်ရကိန်းရှိပါတယ်။ ငွေရေးကြေးရေးကတော့ စိတ်ပူစရာမလိုပါဘူး။ ကျန်းမာရေးမှာတော့ အအေးမိ၊ နှာစေးချောင်းဆိုးဖြစ်နိုင်တာမို့လို ဂရုစိုက်ပါ။

ယတြာ။         ။ ကိုးနဝင်းအဓိဋ္ဌာန်ဝင်ပါ။

ဗုဒ္ဓဟူးသားသမီး

ဒီတစ်ပတ်မှာတော့ စိတ်ရှုပ်ထွေးရမှုတွေနဲ့ ကြုံတွေ့နိုင်ချေရှိပါတယ်။ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို ရောထွေးမိလို့ ပြဿနာအနည်းငယ်တက်လိမ့်မယ်။ အမွေကိစ္စအရှုပ်အထွေးတွေ ကြုံတွေ့ရကိန်းရှိတယ်။ အားထုတ်ယှဉ်ပြိုင်မှုတိုင်းမှာတော့ ကိုယ့်ဖက်ကပဲ အနိုင်ရရှိနေလိမ့်မယ်။

ယတြာ။         ။ မွေးနေ့မှာ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

ကြာသပတေးသားသမီးတွေကတော့ ဒီတစ်ပတ်မှာ နေရာတိုင်းကနေ အောင်မြင်မှုတွေရနေမှာမို့ စိတ်ချမ်းမြေ့ရမယ့်ကာလလေးပါပဲ။ အလုပ်အကိုင်မှာကော၊ ငွေရေးကြေးရေးမှာပါ အိုကေစိုပြေနေမှာပါ။ အလုပ်လုပ်ကိုင်နေသူတွေအဖို့ အထက်လူကြီးရဲ့ စောင်မပေးခြင်းခံရမယ်။ မိသားစုနဲ့အတူ နိုင်ငံခြားခရီးထွက်ရကိန်းရှိပါတယ်။ အရာအားလုံးဟာ စိတ်ချမ်းသာစရာကောင်းနေပေမယ့် ကျန်းမာရေးမှာတော့ အနည်းငယ်ညံ့နေပါလိမ့်မယ်။

ယတြာ။         ။ အဘွားအိုတစ်ယောက်ကို ပိုက်ဆံလှူပါ။

သောကြာသားသမီး

အိမ်တွင်းရေးငြိမ်းချမ်းဖို့ကို ဦးစားပေးဆောင်ရွက်နေရမယ်။ အိမ်ထောင်ရှင်များအဖို့ အိမ်ထောင်ဖက်နဲ့ ကတောက်ကဆဖြစ်နေမယ်။ ကျန်းမာရေးကောင်းမွန်မယ်။ အလုပ်အကိုင်ပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေမယ်။ ဒီအပတ်ကတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားစရာတွေ ကြုံတွေ့ရတဲ့ ရက်သတ္တပတ်ဖြစ်ပါလိမ့်မယ်။

ယတြာ။         ။ ဓမၼစၾကာၤရြတ္ဖတ္သရစၨ်ာယ္ပါ။

စေနသားသမီး

ကျန်းမာရေး နည်းနည်းဂရုစိုက်ရမယ်။ စီးပွားလုပ်ကိုင်နေသူတွေအဖို့ စီးပွားရေးမှာ တိုးတက်ကိန်းရှိတယ်။ အလုပ်ရှာနေသူတွေအဖို့ နိုင်ငံခြားကုမ္ပဏီတစ်ခုမှ အလုပ်အကိုင်ကမ်းလှမ်းလာတာကို ကြုံရမယ်။ သားသမီးတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ရတဲ့ ကိစ္စအနည်းငယ်ရှိမယ်။ ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်းတွေကြောင့် စိတ်ထိခိုက်ရကိန်းရှိတယ်။

ယတြာ။         ။ ဘုန်းကြီးတစ်ပါးကို ထီးလှူပါ။

တနင်္ဂနွေသားသမီး

ကိုယ့်ရဲ့ အလုပ်ကြိုးစားမှုကြောင့် အသိအမှတ်ပြုခြင်း ခံရမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးရလာမယ်။ သွေးချင်းမောင်နှမတွေရဲ့ ထောက်ပံ့မှုရမယ်။ သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်တဲ့သူတွေအနေနဲ့ အလုပ်အကိုင်ကောင်းမွန်မယ်။ ကျန်းမာရေးအနည်းငယ်ညံ့မယ်။

ယတြာ။         ။ ထီထိုးပါ။

ကံဇာတာအပြောင်းအလဲလေးတွေကို သိရှိရဖို့ ဂန္ထဝင်ဗေဒင်လေးကို မျှဝေပေးသွားပါဦးနော်။