၂ဝ၁၉ ရဲ့ အပတ်စဉ် ဂန္ထဝင် (စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၅ ရက်နေ့အထိ)

တနလာၤသားသမီး

မိတ်ဆွေတု၊ မိတ်ဆွေစစ်ကို ကွဲကွဲပြားပြားသိရှိနိုင်မယ့်ကာလပါ။ လုပ်ငန်းခွင်မှာ ကိုယ်လုပ်သမျှအရာအားလုံးဟာ တိုးတက်ကောင်းမွန်နေမယ်။ လုပ်သင့်တာကို မလုပ်ခဲ့မိလို့ ဆုံးရှုံးမှုအနည်းငယ် ကြုံတွေ့ရမယ်။ ကိုယ့်ကို ကြိတ်ခိုက်နေသူတစ်ယောက်ကြောင့် နေ့ရက်တိုင်းဟာ စိတ်လှုပ်ရှားစရာကောင်းနေမယ်။

ယတြာ။         ။ အိမ်ကဘုရားမှာ ဂန္ဓမာပန်းကပ်လှူပါ။

အင်္ဂါသားသမီး

မစဉ်းစား မဆင်ခြင်ဘဲ ဆုံးဖြတ်ချက်တွေ ပြုလုပ်မိနေမယ်။ ကိုယ်ပြောချင်တာက တစ်မျိုး၊ ပြောမိသွားတာကတစ်မျိုးဖြစ်နေမယ်။ ရှေ့နောက်မကြည့်ဘဲ ပြောဆိုနေမိလို့ ရန်များနေမယ့် ကာလဖြစ်တယ်။ လုပ်ငန်းခွင်မှာ အခက်အခဲ အနည်းငယ်ကြုံတွေ့မယ်။

ယတြာ။         ။ မေတ္တာသုတ်ရွတ်ပါ။

ဗုဒ္ဓဟူးသားသမီး

အဆိုးအကောင်းကို ဝေခွဲမရနိုင်ဖြစ်နေမယ်။ ကိုယ့်ကို စိတ်ရင်းနဲ့ ကူညီနေတဲ့သူအပေါ် အပြစ်မြင်မိနေမယ်။ စကားကြမ်းကြမ်းတွေပဲ ပြောဆိုမိနေမယ်။ သူငယ်ချင်းတွေနဲ့ ကတောက်ကဆဖြစ်မယ်။

ယတြာ။         ။ မွေးနေ့မှာ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

ဆိုးဝါးတဲ့အတိတ်တွေကနေ ရုန်းထွက်နိုင်မယ်။ အစီအစဉ်ချထားတာတွေ တလွဲတချော်ဖြစ်နေမယ်။ ငွေကြေးအကုန်အကျများနေမယ်။ ခရီးထွက်ရကိန်းရှိတယ်။ ကြာသပတေး သားသမီး လူပျိုကြီး၊ အပျိုကြီးတွေ ရုတ်တရက်အိမ်ထောင်ကျတတ်တယ်။

ယတြာ။         ။ သီလရှင်တစ်ပါးကို ဆန်လှူပါ။

သောကြာသားသမီး

ကိုယ်လုပ်နေကျကိစ္စတွေမှာတောင်မှ သူများကို မှီခိုနေရမယ်။ အထီးကျန်သလို ခံစားနေရမယ်။ ကိုယ့်စကားတွေကို တသွေမတိမ်းလိုက်နာသူတစ်ယောက်ကို တွေ့ရလိမ့်မယ်။ အသင်းအဖွဲနဲ့ လုပ်တဲ့ကိစ္စတွေ အောင်မြင်လိမ့်မယ်။

ယတြာ။         ။ အရေးကြီးကိစ္စလုပ်ရမယ့်နေ့တွေမှာ အဖြူရောင်ဝတ်ဆင်ပါ။

စနေသားသမီး

ဒီအပတ်အတွင်းမှာ ကိုယ်ရေးသမျှ၊ ပြောသမျှအရာအားလုံးဟာ ကိုယ့်ဘဝကို ပုံဖော်ပေးနိုင်လိမ့်မယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ အနာဂတ်ကို ဖျက်ဆီးမိသလို ဖြစ်နိုင်ကိန်းရှိတာကြောင့် သတိထားပါ။ အချစ်ရေးမှာ ကြည်နူးစရာလေးတွေနဲ့ပဲ ပြည့်နှက်နေလိမ့်မယ်။

ယတြာ။         ။ သက်ကြီးရွယ်အိုတွေကို ထမင်းထုပ်ဝေပါ။

တနင်္ဂနွေသားသမီး

အချစ်ရေးမှာ ဘေးလူတွေရဲ့ သွေးထိုးမှုကြောင့် ပြဿနာတွေတက်နေလိမ့်မယ်။ ချစ်သူရဲ့ အထင်အမြင်လွဲမှားမှုကို ခံရမယ်။ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာမယ်။ နာမည်ကျော်ကြားကိန်းရှိတယ်။

ယတြာ။         ။ မနက်ခင်းမှာ တရားထိုင်ပါ။

ကံဇာတာ အပြောင်းအလဲလေးတွေကို သိရှိရဖို့ ဂန္ထဝင်ဗေဒင်လေးကို မျှဝေပေးသွားပါဦးနော်။