သင့်လက်မပုံစံကပြောပြနေတဲ့ သင့်အကြောင်း

blank
၁။ လက်မက ဖြောင့်တန်းတယ်ဆိုရင်…

သင်က စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုလေးတွေကို အလွယ်တကူပြောင်းလဲပစ်နိုင်သူပါ။ တခြား လူတွေနဲ့လည်း လိုက်လျောညီထွေနေတတ်တာကြောင့် ဘဝမှာ ကောင်းကျိုးတွေကို ခံစားရမယ်။ သင့် ရဲ့ကောင်းမွန်တဲ့သဘောထားတွေက လူတွေက သင့်အောင်မြင်မှုကို ကူညီပံ့ပိုးပေးချင်လာအောင် ဆွဲ ဆောင်ထားပါတယ်။ ရလဒ်ကောင်းတွေရရှိဖို့ အလုပ်ကို ရေကုန်ရေခန်း ကြိုးစားစရာတောင် မလိုတဲ့ သူပါ။ လက်မအရင်းကလည်း အလွယ်တကူလှည့်နိုင်အောင် ပျော့ပျောင်းတယ်ဆိုရင် တခြားသူတွေ ကို ကူညီတတ်တာကို ညွှန်ပြနေတာပါ။ သင်က ငြိမ်းချမ်းရေးသမားကောင်းတစ်ယောက်၊ ညှိနှိုင်း ပေး တတ်သူတစ်ယောက် ဖြစ်ပြီး လူထုဆက်ဆံရေးကောင်းမွန်သူပါ။ စေတနာကောင်းတာကြောင့် ငွေ ကြေးအကုန်အကျများတတ်တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ လက်မက ကောက်နေတယ်ဆိုရင်…

သင်က ရှေးရိုးဆန်တယ်။ နိုးနိုးကြားကြားရှိတယ်။ သီးသန့်နေတတ်တယ်။ ပြီးတော့ အပြောင်း အလဲအသစ်အဆန်းတွေကို အလွယ်တကူလက်မခံတတ်သူပါ။ လက်မအရင်းကလည်း မာကြောနေ မယ်ဆိုရင် သင်က အရာရာကို ကိုယ်ပိုင်နည်းလမ်းနဲ့ ပြုလုပ်ဖို့ကို စိတ်အားထက်သန်သူပါ။ ပြဿနာ ကို ပိုကောင်းအောင်ဖြေရှင်းဖို့ အကြံဉာဏ်လိုအပ်နေ ရင်တောင်မှ တခြားလူဆီက အကြံဉာဏ်ကို လက်မခံတတ်သူပါ။ လက်မအပါအဝင် ကျန်လက်ချောင်း တွေအားလုံးပါ အရင်းမှာ တုတ်ခိုင်မာကြော တယ်ဆိုရင်တော့ လူတွေက သင့်ကို ခေါင်းမာသူအဖြစ် သတ်မှတ်ထားကြပါတယ်။ သင့်နည်းလမ်း တွေက ဘယ်လိုပဲဖြစ်နေပါစေ၊ သင့်စိတ်ထဲမှာ သင့်နည်းလမ်းတွေအတွက် အကြောင်းပြချက်က လည်း အမြဲအဆင်သင့်ရှိပါတယ်။ ပြီးတော့ သင်လိုချင်တဲ့အရာကိုရဖို့လည်း စိတ်အားထက်သန်စွာ ကြိုးစားတတ်သူဖြစ်ပါတယ်။

တိုက်ဆိုင်မှုလေးတွေရှိရင် SHARE လိုက်ပါဦးနော်။