၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် (စက်တင်ဘာ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ)

blank
တနလာၤသားသမီး

ဒီတစ်ပတ်အတွင်းမှာ သတင်းဆိုးတစ်ခုကြားရလိမ့်မယ်။ လုပ်ငန်းသစ်စတင်မယ်ဆိုရင် သေချာစဉ်းစားပါ။ ဧည့်ကောင်းစောင်ကောင်းမဟုတ်တဲ့သူတွေကြောင့် စိတ်ရှုပ်နေရလိမ့်မယ်။ အခုချိန်ဟာ ကိုယ့်ရည်မှန်းချက်တွေအတွက် အကောင်းဆုံးကြိုးစားသင့်တဲ့ ကာလပါ။ ငွေရေးကြေးရေးမှာတော့ အနည်းငယ်ကျပ်တည်းနေလိမ့်မယ်။ ရာထူးတိုးကိန်းရှိတယ်။

ယတြာ။         ။ လမ်းဘေးခွေးလေးတစ်ကောင်ကို အစာကျွေးပါ။

အဂါၤသားသမီး

ကြိုးစားမှုတွေ အရာထင်လာမယ့်ကာလဖြစ်တယ်။ ငွေရေးကြေးရေးချောင်လည်လာမယ်။ ပေါင်းသင်းဆက်ဆံရေးမှာလည်း အဆင်ပြေလာမယ်။ စီးပွားရေးပိုင်းမှာတော့ ဆုံးရှုံးမှုအနည်းငယ်ရှိမယ်။ သူငယ်ချင်းတွေဆီက အကူအညီရမယ်။ သတင်းကောင်းကြားရကိန်းရှိတယ်။

ယတြာ။         ။ ညတိုင်း နာရီဝက်ခန့် တရားထိုင်ပါ။

ဗုဒ္ဓဟူးသားသမီး

လုပ်သမျှအားလုံး သဲထဲရေသွန်သလို အရာမထင်ဖြစ်နေမယ်။ ကံညံ့နေတဲ့ကာလဖြစ်တာကြောင့် အခက်အခဲတွေကြား ဗျာများနေရမယ်။ ဒုက္ခတွေကြောင့် ဘုရားတရားလုပ်ဖို့တောင် မေ့လျော့နေမိမယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ မကောင်းသတင်းကြားရမယ်။

ယတြာ။         ။ ကိုးနဝင်းအဓိဌာန် ဝင်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

အောင်မြင်မှုတွေကြောင့် စိတ်ကြီးဝင်နေမိမယ့်ကာလဖြစ်တယ်။ ငွေရေးကြေးရေးမှာ စိတ်ပူစရာမရှိဘူး။ ကျန်းမာရေး အနည်းငယ်ညံ့နေလိမ့်မယ်။ ကိုယ့်ဘဝနေထိုင်မှုမြင့်မားဖို့အတွက် ပိုက်ဆံအနည်းငယ် သုံးရမယ်။ ကိုယ့်အတွက် တန်ဖိုးကြီးတဲ့အရာတစ်ခု ပျောက်ဆုံးကိန်းရှိတယ်။

ယတြာ။         ။ ဘုရားမှာ ခိုစာကျွေးပါ။

သောကြာသားသမီး

အဆုံးလို့ တွက်ထားမိတဲ့ ငွေကြေးတွေအားလုံး ပြန်ရလိမ့်မယ်။ ပျော်ရွှင်စရာကောင်းတဲ့ ခရီးလေးတွေထွက်ရမယ်။ မောင်နှမတွေကြား အထင်အမြင်လွဲမှားမှုတွေ ပြေလည်သွားမယ်။ နာမည်ကျော်ကြားကိန်းရှိတယ်။ အလုပ်အကိုင်မှာ အခွင့်အလမ်းသစ်တွေ ရလိမ့်မယ်။

ယတြာ။         ။ ဘုန်းကြီးတစ်ပါးကို ဖိနပ်လှူဒါန်းပါ။

စနေသားသမီး

ပြိုင်ဖက်တွေကို အပြတ်အသတ်အနိုင်ရလိုက်နိုင်မယ့် ကာလဖြစ်တယ်။ အသင်းအဖွဲ့လုပ်ဆောင်မှုတွေ အောင်မြင်မယ်။ အတိတ်က မဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေအားလုံး အလိုလို ပြေလည်သွားမယ်။ မရည်ရွယ်ဘဲ တစ်စုံတစ်ယောက်ကို စိတ်ထိခိုက်စေမိလိမ့်မယ်။ အထီးကျန်နေမယ်။

ယတြာ။         ။ မနက်တိုင်း ဆွမ်းလောင်းပါ။

တနင်္ဂနွေသားသမီး

မတည့်တဲ့သူနှစ်ယောက်ကြားမှာ သံခင်းတမန်ခင်းလုပ်နေရမယ်။ သူငယ်ချင်းတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်။ ကိုယ့်လုပ်ဆောင်ချက်တိုင်း ကောင်းမွန်နေမယ်။ ငွေကြေးကို ကောင်းတဲ့နေရာတွေမှာ အသုံးချနိုင်လိမ့်မယ်။ ထင်မှတ်မထားတဲ့ ပြဿနာတွေ ရင်ဆိုင်ရကိန်းရှိတယ်။

ယတြာ။         ။ မွေးနံတူ တနင်္ဂနွေသားသမီးတစ်ယောက်ကို မုန့်လိုက်ကျွေးပါ။

ကံဇာတာ အပြောင်းအလဲလေးတွေကို သိရှိရဖို့ ဂန္ထဝင်ဗေဒင်လေးကို မျှဝေပေးသွားပါဦးနော်။