၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် (စက်တင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ)

blank
၁။ တနင်္လာသားသမီး

လွယ်ကူတဲ့အရာတွေကို ရယူဖို့တောင် ခက်ခဲနေတဲ့ ကာလပါ။  ဒါပေမဲ့ မပူပါနဲ့။ ကြိုးစားလုပ်ဆောင်ရင်း နည်းလမ်းကောင်းတွေ ရလာလိမ့်မယ်။ အစီအစဉ်တွေ စတင်ဖို့အတွက် အကူအညီကောင်းတွေ ရတတ်တယ်။ မိတ်ဆွေသစ်တစ်ယောက်နဲ့တွေ့ဆုံပြီး မေတ္တာမျှကိန်းရှိတယ်။ ငွေကြေးထက်ပိုပြီး အရေးကြီးတဲ့အရာတွေကို ရယူနိုင်မယ့်ကာလပါ။

ယတြာ- ပန်းလှူဒါန်းပါ။

၂။ အင်္ဂါသားသမီး

မကောင်းတဲ့အကျင့်တွေ၊ သင့်အပေါ် မကောင်းတဲ့သူတွေကို လက်လွှတ်သင့်တဲ့ကာလပါ။ သင်က ကောင်းမွန်တဲ့ဘဝတစ်ခုနဲ့ နေချင်ပေမယ့် သင့်ကို နိမ့်ကျအောင် လုပ်နေသူတွေရှိတတ်တယ်။ မိသားစုပြဿနာလေးတွေကြောင့် ခဏခဏစိတ်ညစ်ရမယ်။ ကြားစကားတွေကို မယုံပါနဲ့။ မထင်မှတ်တဲ့ကိစ္စတစ်ခုကြောင့် ချစ်သူနဲ့ လမ်းခွဲရတတ်တယ်။

ယတြာ- ပစ္စည်းဟောင်းတစ်ခုကို စွန့်ပစ်လိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဗုဒ္ဓဟူးသားသမီး

အချိန်ကြာရှည်စွာ ခံစားနေရတဲ့ဝမ်းနည်းမှုတွေကနေ ရုန်းထွက်နိုင်လိမ့်မယ်။ သင့်ဘဝတက်လမ်းအတွက် အကြံဉာဏ်ကောင်းတွေ ပေါ်လာတတ်တယ်။ သူငယ်ချင်းတစ်ယောက်နဲ့ ပြဿနာဖြစ်တတ်တယ်။ အလိုလို ဒေါသထွက်နေတတ်တာကြောင့် သတိထားရမယ့် ကာလပါ။ အချစ်ရေးမှာ တတိယလူတစ်ယောက် ကြားဝင်လာတတ်တယ်။

ယတြာ- စာကြည့်တိုက်မှာ စာအုပ်လှူပါ။

၎။ ကြာသပတေးသားသမီး

အနာဂတ်ရည်မှန်းချက်တွေ၊ အိပ်မက်တွေ ပြောင်းလဲသွားလိမ့်မယ်။ အခြားသူတွေရဲ့အကြိုက်ကို မလိုက်ဘဲ သင့်စိတ်ချမ်းသာမှုကို ဦးစားပေးရမယ်ဆိုတာကို နားလည်လာတဲ့အချိန်ပါ။  အိမ်ပြောင်းရွှေ့ရကိန်းရှိတယ်။ ငွေစုမိဆောင်းမိလိမ့်မယ်။ အချစ်ရေးမှာ စိတ်အေးနေရမယ်။

ယတြာ- ပရဟိတလုပ်ငန်းတွေမှာ ပါဝင်အားဖြည့်ပါ။

၅။ သောကြာသားသမီး

ဒီတစ်ပတ်မှာ တခြားသူတွေရဲ့လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးရင်း ရင်မောနေရလိမ့်မယ်။ မိတ်ဆွေသစ်တွေနဲ့ ဆက်ဆံရေးတင်းမာမှု ရှိတတ်တယ်။ ငွေရေးကြေးရေးအကြပ်အတည်းနဲ့ ကြုံရလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ ချစ်သူကြားမှာ အချိန်ပေးဖို့ ဗျာများနေတတ်တယ်။

ယတြာ- ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရေသန့်ကုသိုလ်ပြုပါ။

၆။ စနေသားသမီး

သင့်အပေါ် မလုပ်စေချင်တဲ့အရာတွေကို တခြားသူတွေအပေါ်လည်း သွားမလုပ်ပါနဲ့။ သင်မဖြစ်ချင်တဲ့ရှင်သန်မှုမျိုးမဖြစ်လေအောင် စံနှုန်းတွေချမှတ်ပါ။ ပူလောင်စေတဲ့အရာတွေကို ရှင်းပစ်နိုင်လိမ့်မယ်။ စိတ်ဒုက္ခတွေကနေ ရုန်းထွက်နိုင်လိမ့်မယ်။ လုပ်ငန်းကိုင်ငန်းလမ်းကြောင်းသစ်တွေ ပွင့်လာမယ်။ အနာဂတ်ဖူးစာရှင်နဲ့ ဆုံရကိန်းရှိတယ်။

ယတြာ- အဓိဋ္ဌာန်ပုတီးစိပ်ပါ။

၇။ တနင်္ဂနွေသားသမီး

နှလုံးသားရေးထက် ဦးနှောက်ကို ဦးစားပေးနေမိမယ့် ကာလဖြစ်ပါတယ်။ တခြားသူတွေရဲ့ထင်မြင်ချက်တွေကို လျစ်လျူရှုပြီး ကိုယ်ပိုင်အမြင်တွေနဲ့ ဘဝကိုရှေ့တိုးနိုင်လိမ့်မယ်။ လုပ်ငန်းကိုင်ငန်းတွေကနေတဆင့် တိုးတက်လမ်းကို ရှာဖွေနိုင်လိမ့်မယ်။ အချစ်ရေးမှာ အပြောင်းအလဲမရှိသေးပါ။

ယတြာ- မွေးနေ့မှာ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ပါ။

ကံဇာတာအပြောင်းအလဲလေးတွေ သိရဖို့ ဂန္ထဝင်ဗေဒင်လေးကို မျှဝေလိုက်ပါဦးနော်။