၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် (စက်တင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ)

blank
၁။ တနင်္လာသားသမီး

ဒီတစ်ပတ်မှာ သင့်ရဲ့ဂရုစိုက်မှုလေးတွေ လျှော့နည်းနေတာကြောင့် ချစ်သူနဲ့အဆင်မပြေမှုလေးတွေ ရှိတတ်တယ်။ ချစ်သူအတွက် အချိန်ပေးဖို့ မမေ့ပါနဲ့။ ဘယ်ကိစ္စမဆို ဆုံးဖြတ်ချက်ချတဲ့အခါ တွေဝေနေတတ်တယ်။ အကျင့်ဆိုးလေးတွေပြင်နိုင်မှ ကံကောင်းခြင်းတွေ ရောက်လာလိမ့်မယ်။

ယတြာ- ကျောက်အနီပါတဲ့ လက်ဝတ်ရတနာလေးတွေ ဝတ်ဆင်ပါ။

၂။ အင်္ဂါသားသမီး

ချစ်သူအတွက် ဂုဏ်ယူစရာတွေ လုပ်ပြနိုင်လိမ့်မယ်။ ဘဝအခြေအနေအသစ်တစ်ခုကို ပြတ်ပြတ်သားသား ပြောင်းလဲနိုင်မယ်။ အခြေအနေဆိုးတစ်ခုကနေ ရုန်းထွက်ပြီး ရှေ့ဆက်နိုင်မယ်။ လိုတာထက်ပိုပြီး ကြွားဝါတတ်တဲ့အကျင့်လေး ပြင်ပါ။ ဘဝရဲ့ကွက်လပ်လေးတွေ ဖြည့်ဆည်းနိုင်မယ့်ကာလပါ။

ယတြာ- နေ့စဉ် ၁၅ မိနစ်လောက် တရားထိုင်ပါ။

၃။ ဗုဒ္ဓဟူးသားသမီး

သူတစ်ပါးပြဿနာကြားဝင်ပါရင်း ဖူးစာရှင်တွေ့တတ်တယ်။ အခက်အခဲတွေကြားကနေ သင်ယူချင်တဲ့ပညာရပ်တွေကို ရှာမှီးနိုင်မယ်။ စီးပွားရေးလုပ်ငန်းမှာ ထင်မှတ်မထားသူတွေဆီကနေ အခွင့်အရေးရတတ်တယ်။ အပြောနဲ့အလုပ်ညီပါစေ။

ယတြာ- အိပ်ခန်းအတွင်းမှာ ကြိုးကြာပုံပန်းချီကား ချိတ်ဆွဲပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကြာသပတေးသားသမီး

သင့်မှာ လေးစားအားကျရသူတွေ များနေမယ်။ အချစ်မပါဘဲ ကစားဖို့သက်သက် သင့်ဘဝထဲရောက်လာသူတွေ ရှိတတ်တယ်။ သင်ဟာ အချစ်ရေးမှာ ကတိတည်သူတစ်ယောက်ပါ။ အပေါ်ယံသမားတွေကို ရှောင်ဖယ်နိုင်လိမ့်မယ်။

ယတြာ- မွေးနံဘုရားမှာ ငွေထီးသုံးလက်လှူပါ။

၅။ သောကြာသားသမီး

ဒီတစ်ပတ်မှာ ဘာပဲလုပ်လုပ် စိတ်ပင်ပန်းနေလိမ့်မယ်။ စိတ်ထောင်းကိုယ်ကြေဖြစ်နေတဲ့အတွက် အနားယူဖို့ လိုပါလိမ့်မယ်။ ဟန်ဆောင်ကောင်းသူတွေကြောင့် သင့်မှာ အခက်အခဲတွေ ရှိလာတတ်တယ်။ အချစ်ရေးကံမကောင်းသေးပါ။

ယတြာ- ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်း သန့်ရှင်းရေးလုပ်ပါ။

၆။ စနေသားသမီး

အရည်အချင်းတွေ ထုတ်ပြဖို့ အချိန်ကောင်းပါ။ အရှုပ်အထွေးတွေကြားကနေ တိုးတက်အောင် ဆောင်ရွက်နိုင်လိမ့်မယ်။ ပတ်ဝန်းကျင်ကလူတွေရဲ့ သရုပ်မှန်ကို သိနိုင်မယ့် ကာလဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေတဲ့ ကာလပါ။

ယတြာ- အပွင့်ဝါပန်းလေးတွေကို ဘုရားမှာ ပူဇော်ပါ။

၇။ တနင်္ဂနွေသားသမီး

လူမှုရေးကိစ္စတွေမှာ ဝေဖန်ရှုံ့ချခံရတတ်တယ်။ စိတ်ထိလွယ်ရှလွယ်ဖြစ်နေချိန်မှာ သင်လက်ကိုင်ထားသင့်တဲ့ဆောင်ပုဒ်ကတော့ စကားနည်းလေ ရန်နည်းလေပါ။ မင်္ဂလာကိစ္စတွေ ပြောရတတ်တယ်။

ယတြာ- ကြောင်ဖြူလေးတစ်ကောင် မွေးပါ။

ကံဇာတာအပြောင်းအလဲလေးတွေ သိရဖို့ ဂန္ထဝင်ဗေဒင်လေးကို မျှဝေလိုက်ပါဦးနော်။