၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( သြဂုတ်လ ၂၆ ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့အထိ)

၁။ တနင်္လာသားသမီး

သင့်ရဲ့နှုတ်မလုံမှုကြောင့် အိမ်တွင်းရေးကိစ္စတွေ အပြင်ရောက်တတ်တယ်။ ပဋိပက္ခတွေကို ရှောင်ရှားဖို့ အသင့်ပြင်ထားပါ။ မလွှဲမရှောင်သာ လုပ်ရမယ့်ကိစ္စတွေရှိရင် အချိန်ဆွဲမနေပါနဲ့။ မျှော်လင့်မထားတဲ့သူတွေဆီက အကူအညီကို မထင်မှတ်ဘဲ ပြန်ရတတ်တယ်။ ပြည်ပနဲ့ဆက်စပ်တဲ့အလုပ်အကိုင်တွေ ပေါ်လာတတ်တယ်။ အချစ်ရေးကတော့ သွေးအေးနေပါလိမ့်မယ်။

ယတြာ- လပြည့်နေ့ညမှာ ဆီမီး ၉ တိုင် ဘုရားပူဇော်ပါ။

၂။ အင်္ဂါသားသမီး

သင်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေအတွက် တွေးပူနေတတ်တယ်။ စိတ်ပင်ပန်းမှုတွေကနေ ရုန်းမထွက်နိုင်ဘဲ သင့်ကိုယ်သင် အနားပေးဖို့ မေ့နေတတ်တယ်။ သင့်ကိုအနာဂတ်လမ်းကြောင်းဆီ ခေါ်သွားပေးမယ့် ကြာသပတေးသားသမီးတစ်ယောက် အသင့်ရှိနေပါတယ်။ အနာဂတ်လက်တွဲဖော်တစ်ယောက်လည်း ဖြစ်လာတတ်တယ်။

ယတြာ- လမ်းဘေးခွေးတွေအတွက် ရေကုသိုလ်လုပ်ပါ။

၃။ ဗုဒ္ဓဟူးသားသမီး

ဒီလကုန်မှာ အစီအစဉ်အသစ်တွေနဲ့ ရှေ့ဆက်နိုင်မယ်။ ဘဝအတွက် အပြုသဘောဆောင်တဲ့ကိစ္စတွေ လုပ်ဆောင်နိုင်မယ်။ သင့်အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို ကူညီပေးမယ့်ချစ်သူတစ်ယောက် ရလာလိမ့်မယ်။ လူအများကြား ထင်ပေါ်ကျော်ကြားကိန်းရှိတယ်။

ယတြာ- မွေးနံဘုရားမှာ ဇီဇဝါပန်းသုံးပွင့် ကပ်ပါ။

၎။ ကြာသပတေးသားသမီး

ဒီတစ်ပတ်မှာတော့  စကားပြောဆင်ခြင်ပါ။ သင်လိုချင်တာကို ပြတ်ပြတ်သားသား သိလာလိမ့်မယ်။ မပြည့်ဝသေးတဲ့အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်ပါ။ အသက်အရွယ်တူသူနဲ့ မေတ္တာမျှတတ်တယ်။

ယတြာ- လမ်းတံတားခင်းတဲ့ဆီမှာ အလှူငွေထည့်ဝင်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သောကြာသားသမီး

ဒီတစ်ပတ်မှာ ကတိပေးထားတဲ့ကိစ္စတွေအတွက် ဖြည့်ဆည်းနေရလိမ့်မယ်။ ဇွဲမလျှော့တမ်း လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရလိမ့်မယ်။ အခက်အခဲတွေလည်း များတဲ့အတွက်ကြောင့် အနားယူချိန်သတ်သတ်မှတ်မှတ်ထားပါ။  ဘဝမှာ မဖြစ်ချင်တဲ့ကိစ္စတွေလည်း လွယ်လွယ်ကွယ်ပျောက်သွားလိမ့်မယ်။ လက်တွဲမြဲမယ့် အနာဂတ်ဖူးစာရှင်ကို ပိုင်ဆိုင်ရမယ့်ကာလပါ။

ယတြာ- ဆေးရုံတစ်ရုံမှာ လူနာတွေအတွက် ဆန်ပြုတ်ကုသိုလ်ပြုပါ။

၆။ စနေသားသမီး

အတိတ်ကဖြစ်ရပ်တွေကို စိတ်ထဲမှာ အမှတ်ရနေလိမ့်မယ်။ အရင်ကထက်ပိုပြီး စိတ်ဓာတ်တွေ သန်မာနေတယ်။ မိသားစုဝင်တွေထဲမှာ အပြိုင်အဆိုင်ပေါ်လာတတ်တယ်။ သင်ကျရှုံးတာကို ကြည့်ပြီး ဝမ်းသာနေတဲ့သူတွေ ရှိနေတတ်တယ်။ အချစ်ရေးကော ဘဝရေးအတွက်ပါ ကြိုစားရမယ့်ကာလပါ။

ယတြာ- နေ့ထူးနေ့မြတ်တွေမှာ အနီရောင်ဝတ်ဆင်ခြင်း ရှောင်ပါ။

၇။ တနင်္ဂနွေသားသမီး

အတိတ်က ဒဏ်ရာတွေကို ခံစားနေရမယ်။ ဒါပေမဲ့ အနာဂတ်အတွက်တော့ ထိခိုက်မှုမရှိပါဘူး။ အချစ်ရေးကို ဦးစားမပေးခဲ့တဲ့အတွက် ဝမ်းနည်းနေရတတ်တယ်။ အချစ်အတွက် စွန့်စားဖို့ မကြောက်ရွံ့ပါနဲ့။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီရတတ်တယ်။ ကံကောင်းခြင်းတွေ နောက်ကျမှရောက်လာလိမ့်မယ်။

ယတြာ- သက်ကြီးဘိုးဘွားတစ်ဦးအတွက် အဝတ်အစားဝယ်ပေးလိုက်ပါ။

ကံဇာတာအပြောင်းအလဲလေးတွေ သိရဖို့ ဂန္ထဝင်ဗေဒင်လေးကို မျှဝေလိုက်ပါဦးနော်။