၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( သြဂုတ်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ)

blank
၁။ တနင်္လာသားသမီး

ဒီတစ်ပတ်ဟာ သင့်အတွက် ထူးခြားတဲ့ကာလပါ။ ငွေရေးကြေးရေး၊ စိတ်အေးသက်သာမှု၊ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေအားလုံး သင့်လက်ထဲမှာပါ။ အကျိုးတူပူးပေါင်းမှုတွေ လုပ်ဆောင်ရင်လည်း သင်မျှော်မှန်းထား တဲ့အတိုင်း အောင်မြင်ပါလိမ့်မယ်။ မော်တော်ယာဉ်၊ စက်ပစ္စည်းတစ်ခုခု ဝယ်ဖို့ဆန္ဒရှိနေရင် ဝင်ကိန်းရှိပါတယ်။ သင်လိုအပ်ချိန်မှာ ကူညီပေးမယ့်သူငယ်ချင်းတွေ အသင့်ရှိနေတတ်တယ်။ မောင်နှမသားချင်းတွေနဲ့ ဆက်ဆံ ရေးဟာလည်း နွေးနွေးထွေးထွေးရှိနေလိမ့်မယ်။ အပန်းဖြေခရီးထွက်ရကိန်းရှိတယ်။ ငွေဝင်ကြမ်းမယ့်အချိန်ပါ။ အချစ်ရေးမှာတော့ တစ်ကိုယ်တည်းဘဝလေးနဲ့ အေးချမ်းနေပါတယ်။

ယတြာ- ဘုရားမျက်နှာသစ်တော်ရေ ကပ်ပါ။

၂။ အင်္ဂါသားသမီး

ဒီတစ်ပတ်မှာ ဒုက္ခတွေကြား ညပ်နေပါလိမ့်မယ်။ ငွေရေးကြေးရေးမှာ အရောင်းအဝယ်ကိစ္စနဲ့ပတ်သက်ပြီး ဆုံးရှုံး ရတတ်တယ်။ ခရီးထွက်ရမယ်။ ခရီးကနေ မိတ်ဆွေသစ်၊ အလုပ်အကိုင် အခွင့်အလမ်းကောင်းသစ်တွေ ရရှိ မယ်။ အိမ်နီးနားချင်းတွေနဲ့ ဆက်ဆံ ရေး အဆင်ပြေကောင်းမွန်နေမယ်။  ယုံကြည်မှုနဲ့ခွန်အားတွေ ပြည့်ဝနေ မယ့်ကာလပါ။  အချစ်ရေးကိစ္စမှာ လောဘကြီးမှု၊ စိတ်မရှည်မှုကြောင့် ဂုဏ်သိက္ခာညှိုးနွမ်းရလိမ့်မယ်။ ဖြစ်ချင် တာထက် ဖြစ်သင့်တာကို ရွေးပါ။

ယတြာ- ရေဘေးအတွက် တတ်နိုင်သမျှ ကူညီမှုပြုပါ။

၃။ ဗုဒ္ဓဟူးသားသမီး

စိတ်ချမ်းသာမှုတွေပေးမယ့် ဧည့်သည်တွေ အိမ်အလည်ရောက်လာမယ်။ အိမ်ထောင်ရှင်တွေ အိမ် ထောင်ရေးအထူးသာယာမယ်။ အဆိုးအကောင်းရောနေတာကြောင့် လူယုံသစ္စာဖောက်ပြီး စီးပွားရေးမှာ ဆုံးရှုံး မှုတချို့ကြုံရတတ်တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သဘောထားကွဲလွဲတတ်တယ်။ အငြင်းမပွားဘဲ အေးအေး ဆေးဆေးဖြေရှင်းပါ။ အချစ်ရေးအဆင်ပြေမယ်။

ယတြာ- လမ်းဘေးခွေးလေးတွေကို ကျွေးမွေးစောင့်ရှောက်ပါ။

၎။ ကြာသပတေးသားသမီး

ညအိပ်ညနေခရီးသွားတာကို ရှောင်ကြဉ်ပါ။ ချစ်ခင်သူတွေနဲ့ အထင်လွဲစရာ ဖြစ်နေတတ်တာကြောင့် အတင်းအဖျင်းစကားဝိုင်းတွေကို နားမထောင်ပါနဲ့။ ကျောင်းတက်နေတဲ့သူများ အာရုံထွေပြားပြီး ကျောင်းစာထဲ အာရုံမစိုက်နိုင်ဖြစ်နေမယ်။ စီးပွားရေးလုပ်ကိုင်သူများ လုပ်ငန်းခွင်ထဲ တက်တက်ကြွကြွရှိနေတာကြောင့် အောင် မြင်မှုရလဒ်လေးတွေ ခံစားရမယ်။  ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ သင့်ကို စောင့်ကြိုနေမယ်။  အချစ်ရေးမှာ ချစ်သူနဲ့ပဋိပက္ခလေးတွေ ကြုံရတတ်တယ်။

ယတြာ- ဘုရားမှာ ဒေါနပန်းကပ်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သောကြာသားသမီး

ငွေအလုံးအရင်းဝင်တတ်တယ်။ ရှယ်ယာဝင်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပါ။ သေချာတဲ့ကုန်စည် ဈေးကွက်တွေ ချဲ့ထွင်ပါ။ စိတ်ကူးထားတဲ့အတိုင်း မြန်မြန်အကျိုးပေးတတ်တယ်။ အလုပ်အပေါ် စိတ်အား ထက်သန်မှုအပြည့်အဝရှိပြီး ရှိသမျှအရည်အချင်းအားလုံး အသုံးချလုပ်ကိုင်တာကြောင့် အောင်မြင်မှုရလိမ့်မယ်။ ငွေကြေးအကျိုးတူပူးပေါင်းဆောင်ရွက်ရင် အနည်းငယ်ဆုံးရှုံးရကိန်းရှိတတ်တယ်။ အစာမှားတတ်တယ်။ ချစ်သူ မရှိသေးသူများ စွံဖို့ လမ်းစမရှိသေးပါ။

ယတြာ- မွေးရက်မှာ အစိမ်းရောင်ဝတ်ဆင်ပါ။

၆။ စနေသားသမီး

အဆိုးအကောင်းရောထွေးနေတဲ့ ကာလပါ။ ဘာသာရေးကို ထဲထဲဝင်ဝင် လုပ်ကိုင်ဖြစ်မယ်။ သူငယ် ချင်းဟောင်းတွေနဲ့ ပြန်ဆုံမယ်။ တနင်္လာနံနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေမှာ အောင်မြင်မှုရရှိမယ်။ အချစ်ရေးမှာ စိတ်ချမ်းသာရမယ်။ အိမ်ထောင်ရှင်များ အမွေရကိန်း၊ ထီပေါက်ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ- မွေးနေ့မှာ သက်သတ်လွတ်စားပါ။

၇။ တနင်္ဂနွေသားသမီး

ဘဝအတွက် ကြီးကြီးမားမား ဆုံးဖြတ်ချက်ချစရာရှိရင် စိတ်အလိုမလိုက်ဘဲ ဖြစ်သင့်တာကို ဦးစားပေး ပါ။ မိသားစုဝင်အကြီးအကဲတစ်ယောက်ယောက်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ပူရတတ်တယ်။ လုပ်ငန်းခွင်မှာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေမယ်။ စိတ်အားမလျော့ဘဲ အတတ်နိုင်ဆုံး ရင်ဆိုင်ကျော်ဖြတ်လိုက်ပါ။ အခက်အခဲတွေ ပြေလည်သွားမှာပါ။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ- ဘုရားမှာ ကြေးစည်လှူပါ။

တစ်ပတ်စာ ကံကြမ္မာအပြောင်းအလဲလေးတွေ သိရဖို့ ဒီစာစောင်လေးကို ဝေမျှလိုက်ကြရအောင်နော်။