၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( သြဂုတ်လ ၅ ရက်နေ့မှ သြဂုတ်လ ၁၁ ရက်နေ့အထိ)

၁။ တနင်္လာသားသမီး

တစ်ပတ်မှာ သင်ကိုယ်သင် ဘယ်နေရာရောက်နေလဲဆိုတာ ပြန်ကြည့်ရမယ့်ကာလပါ။ သင့်ကိုယ်သင် သတိရှိစွာနေဖို့၊ သင့်ကိုယ်သင်ချစ်ဖို့နဲ့ တိုးတက်လမ်းရှာဖို့ ကိုယ်ပိုင်ခွန်အားတွေကို အသုံးချရမယ်လို့ သင့်ကိုယ်သင် သတိပေးထားပါ။ အစားအသောက်မှုပုံစံတွေပြောင်းတာ၊ ကျန်းမာရေးလိုက်စားတာ၊ လူသစ်တွေနဲ့ တွေ့ဆုံတာစတဲ့ ပြောင်းလဲမှုအသစ်တွေကို လုပ်နိုင်မယ်။ ဆောင်ရွက်မှုအသစ်၊ လမ်းကြောင်းအသစ်တွေမှာ လျှောက်လှမ်းဖို့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ရည်မှန်းချက်တွေကို တတ်နိုင်သမျှဖြည့်တင်းပါ။ သင့်ဘဝမှာ သူရဲကောင်းတစ်ယောက်လို အရေးပါတယ်လို့ သင့်ကိုယ်သင်ယူဆပြီး သင့်ကိုယ်သင်ဗဟိုပြုပါ။ လတ်တလော အချစ်ရေးကတော့ ဘဝလက်တွဲဖော်နဲ့ ကွေကွင်းနေပါဦးမယ်။

ယတြာ- ရည်မှန်းထားသမျှအောင်မြင်ဖို့ အဓိဋ္ဌာန်အောင်ဘုရားတစ်ဆူမှာ ရွှေသင်္ကန်းကပ်ပါ။

၂။ အင်္ဂါသားသမီး

လတ်တလော ခံစားနေရတဲ့စိုးရိမ်မှုတွေကနေ လွတ်မြောက်နိုင်မယ့်ကိစ္စတစ်ခု မျှော်လင့်ဘဲပေါ်လာတတ်တယ်။ သင့်ကောင်းကျိုးအတွက် မမျှော်လင့်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်လိမ့်မယ်။ သင့်ဆီမှာကျရောက်နေတဲ့ ပြဿနာတစ်ခုအတွက် ဖြေရှင်းနိုင်မယ့်နည်းလမ်းသစ်တစ်ခု ရှာဖွေတွေ့ရှိတတ်တယ်။ အွန်လိုင်းပေါ်မှာ ပို့စ်တင်တာကအစ သင့်ကိုယ်ရေးကိုယ်တာကိစ္စတွေကို အရင်ကထက် ပိုပြီးသတိထားသင့်တဲ့အချိန်ပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါ။

ယတြာ- အနှောင့်အယှက်တွေကင်းစေဖို့ ဘုရားတန်ဆောင်းတွေမှာ သန့်ရှင်းရေးလုပ်ပါ။

၃။ ဗုဒ္ဓဟူးသားသမီး

ဒီတစ်ပတ်မှာ မိတ်သစ်ဆွေသစ်တွေ ရလာတတ်တယ်။ ဒါပေမဲ့ အပေါ်ယံခင်မင်မှုတွေသာ ဖြစ်လိမ့်မယ်။  သင့်ဘဝကို ဖြတ်သန်းဖို့ အချိန်နဲ့လွတ်လပ်မှုရှိဖို့လိုအပ်သလို ရည်ရွယ်ချက်တစ်ခုရှိဖို့လည်း လိုအပ်ပါတယ်။ မျှော်လင့်ချက်တွေအတိုင်း လက်တွေ့ဖြစ်မြောက်အောင် လုပ်သင့်ပါတယ်။ ဘာတွေတကယ်လုပ်ဖို့လိုအပ်လဲဆိုတာကို သင်သိလာပါလိမ့်မယ်။ ဘယ်လိုဆောင်ရွက်ချက်မျိုးကိုမဆို သင်ဘာတွေအားထုတ်ရမယ်ဆိုတာပါ ကွဲကွဲပြားပြားသိလာပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အောက်လက်ငယ်သားတွေဆီကနေ ကျောထောက်နောက်ခံအကူအညီတွေ ရတတ်ပါတယ်။ သူတို့အကူအညီတွေဟာ နောင်တစ်ချိန်မှာ အမှတ်တရတွေ ဖြစ်တတ်ပါတယ်။ သင်ယုံကြည်စိတ်ချလို့ရမယ့်သူဟာ ဘယ်သူလဲဆိုတာ သိရမယ့်အချိန်ပါ။ ဒါကြောင့် စမ်းသပ်မှုလေးတွေ လုပ်ကြည့်လိုက်ပါ။ သူတို့ဘယ်လိုပြုမူလာမလဲ သိရပါလိမ့်မယ်။ အချစ်ရေးကတော့ ချစ်သူအတွက် အပြစ်ကင်းဖို့ သင့်ပါပြီ။

ယတြာ- မွေးနေ့နံနက်မှာ ငါးလွှတ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကြာသပတေးသားသမီး

ဒီတစ်ပတ်မှာ အောင်မြင်မှုဟာ ကံပေါ်မှာ လုံးဝမူတည်နေပါလိမ့်မယ်။ လွန်ခဲ့တဲ့နှစ်တွေကတည်းက အောင်မြင်မှုအတွက် မျိုးစေ့ချခဲ့တာမှန်သမျှဟာ အခုချိန်မှာ စတင်ရှင်သန်ကြီးထွားလာပါလိမ့်မယ်။ ကြာသပတေးသားသမီးတွေရဲ့ ပင်ကိုယ်ဗီဇဟာ အရှက်အကြောက်ကြီးတတ်ပါတယ်။ ဒါပေမဲ့ လူအများရှေ့မှာ ထင်ပေါ်ကျော်ကြားလာတဲ့အခါမှာလည်း အထူးအဆန်းမဖြစ်ဘဲ ပေါ့ပေါ့ပါးပါးခံစားရတတ်တယ်။ နေရာတစ်ခုရောက်ဖို့ သင့်ကိုယ်သင်တွန်းအားပေးဖို့၊ ရှေ့ဆက်လျှောက်ဖို့ လိုပါတယ်။ ဒီတစ်ပတ်မှာ ဘဝသစ်တစ်ခုကို ဦးတည်သွားမယ့် အပြောင်းအလဲတွေက အိမ်တိုင်ရာရောက် ဆိုက်လာတတ်တယ်။ နေအိမ်တိုက်တာ ပြောင်းရွှေ့ရကိန်းရှိတယ်။ အိမ်ထောင်ရှင်များ သားသမီး ထွန်းကားကိန်းရှိတယ်။

ယတြာ- အိမ်မှာရှိတဲ့ပစ္စည်းဟောင်းတစ်ခု စွန့်ပစ်လိုက်ပါ။

၅။ သောကြာသားသမီး

ဒီတစ်ပတ်ဟာ သောကြာသားသမီးတွေအတွက် ပညာရေးလမ်းကြောင်း ထွန်းလင်းနေတဲ့ကာလပါ။ လူမှုရေးသိပ္ပံနဲ့ ဥပဒေပညာရပ်တွေကို လေ့လာနေသူတွေအနေနဲ့ စိတ်လှုပ်ရှားစရာအချိန်တွေ ပိုင်ဆိုင်ရမယ့်ကာလပါ။ အလုပ်အပေါ် ရှုမြင်သုံးသပ်ပုံဟာ ဆန်းသစ်နေလိမ့်မယ်။ အတန်းချိန်တွေတက်ဖို့ လစ်ဟာပြီး ခေါင်းမာနေတတ်တယ်။ အတန်းတက်ပြီး လေ့လာတာထက် အပြင်ကနေ တစ်ဖက်တစ်လမ်းထိတွေ့ရတာကို ပိုသဘောကျတတ်တယ်။ ပညာရပ်တွေကို သမာရိုးကျလေ့လာရတာကို မနှစ်မြို့တတ်ဘူး။ ဒါကြောင့် လက်တွေ့ကျတဲ့လေ့လာမှုတွေကို ကိုယ်တိုင်စလုပ်တတ်တယ်။ ကိုယ်တိုင်လေ့လာဖို့နဲ့ နည်းလမ်းသစ်၊ ဘာသာစကားအသစ်၊ IT နည်းပညာရပ်တွေသင်ကြားဖို့ အကောင်းဆုံးကာလပါ။ ပညာရေးဘက်ဦးစားပေးချိန်မှာ အချစ်ရေးဘက် မလှည့်သင့်ပါ။

ယတြာ- အိမ်ဘုရားမှာ သပြေပန်းမပြတ်ကပ်ပါ။

၆။ စနေသားသမီး

အခြားသူတွေနဲ့ပတ်သတ်ပြီး ကြာရှည်စွာ ထမ်းပိုးထားတဲ့အခက်အခဲတွေကို ရပ်တန့်ပြီး သင့်ကိုယ်သင် လွတ်လပ်ခွင့်ပေးသင့်တဲ့ကာလပါ။ ရောက်တဲ့နေရာမှာ တာဝန်ယူစရာကိစ္စတွေ ပေါ်လာတတ်တယ်။ သင့်အနာဂတ်နဲ့တန်ဖိုးကို ဆုံးဖြတ်ပေးမယ့် တာဝန်ယူစရာကိစ္စတွေကို အပြည့်အဝဆောင်ရွက်ပါ။ သင့်တာဝန်ယူနိုင်စွမ်းကို ပြသနိုင်မယ့် စိန်ခေါ်မှုအသစ်တွေဟာ အရင်က လစ်ဟာနေတဲ့ကိစ္စတွေကို မီးမောင်းထိုးပြနိုင်ပါလိမ့်မယ်။ အခြားသူတွေရှေ့မှာ အခက်အခဲတွေကြောင်း မဖွင့်ပြပါနဲ့။ သင့်အေးချမ်းမှုကို ဆုံးရှုံးရပေမယ့် သင့်စွမ်းအားကို ဖြုန်းပစ်သလို မဖြစ်ရအောင် စိတ်အေးအေးထားပါ။ အချစ်ရေးနဲ့ အလုပ်တာဝန်တွေကြား ဒွိဟဖြစ်နေတတ်တယ်။

ယတြာ- မိဘမဲ့ကလေးတွေအတွက် အဝတ်အစားလှူပါ။

၇။ တနင်္ဂနွေသားသမီး

အခြားသူတွေရဲ့ခံစားချက်တွေကို လက်ခံတတ်လာပြီး ခံစားလွယ်နေမယ်။ စာနာစိတ်တွေလည်း ပြင်းထန်နေတတ်တယ်။ စည်းမျဉ်းအတိုင်း လုပ်နေရတာထက် စိတ်ထဲကလာတဲ့အပြုအမူတွေအတိုင်း ဆက်ဆံတတ်တယ်။ စိတ်ဟာ ဒီရေလို အတက်အကျမြန်နေမယ်။ သင့်ရဲ့ကောင်းကျိုးအတွက် အခြားသူတွေက ပါဝင်ပေးဖို့ အဆင်သင့်ဖြစ်နေတတ်တယ်။ ပြောင်းလဲမှုအသစ်တွေလုပ်ဖို့ အကောင်းဆုံးလပါ။ အချစ်ရေးမှာ ဝမ်းနည်းပူဆွေးမှုတွေ ရင်ဝယ်ပိုက်ထားရတတ်တယ်။

ယတြာ- မိဘဝေယျာဝစ္စအတွက် အပြည့်အဝတာဝန်ယူပါ။

တစ်ပတ်အတွင်း ကံကြမ္မာအခြေအနေကို ဆန်းစစ်နိုင်ဖို့ စာစောင်လေးကို ဝေမျှလိုက်ပါဦးနော်။