၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( ဇူလိုင်လ ၂၉ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ)

blank
၁။ တနင်္လာသားသမီး

စိတ်ထိရှလွယ်နေမယ်။ အနီးကပ်လူတစ်ယောက်က သင့်ကြိုးစားမှုတွေအပေါ် နှမ်းဖြူးတတ်တယ်။ အလုပ်မှာ အလုပ်ပြုတ်အောင်အထိ ဖိအားပေးမှုတွေ ခံရတတ်တယ်။ အချစ်ရေးမှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပေးမှုတွေက ရိုဆန်တဲ့အခိုက်အတန့်တွေကို ယူဆောင်လာစေတယ်။

ယတြာ- မွေးနေ့မှာ ခိုစာကျွေးပါ။

၂။ အင်္ဂါသားသမီး

ဒီတစ်ပတ်မှာ အခြားသူတွေက သင့်ကို အပေါ်ယံကြည့်ပြီး ဝေဖန်ကြပါလိမ့်မယ်။ သင့်ရဲ့လုပ်ရပ်တွေကို ထုတ်မပြခင်အထိတော့ ဝေဖန်မှုတွေကို သည်းခံရမယ်။ အရှက်အကြောက်ကြီးနေတာကို ရပ်ပစ်ရလိမ့်မယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားရတတ်တယ်။ လက်ထပ်ဖို့စီစဉ်နေသူများအနေနဲ့ အဆင်ပြေချောမွေ့လိမ့်မယ်။

ယတြာ- တစ်ပတ်တစ်ကြိမ် သားသက်လွတ်စားပါ။

၃။ ဗုဒ္ဓဟူးသားသမီး

ဝမ်းနည်းစရာအခြေအနေတွေကို မကြာခဏ ကျော်ဖြတ်နေရပြီး စိတ်ထဲမှာ အဆက်မပြတ်ခံစားရတတ်တယ်။ အရင်က အရေးမစိုက်ဖူးတဲ့ အနီးနားကလူတစ်ယောက်ဆီက အသိအမှတ်ပြုခံရပြီး စိတ်ဆင်းရဲမှုတွေကို တဖြည်းဖြည်းကျော်လွှားနိုင်ပါလိမ့်မယ်။ သင်လေးစားရသူတစ်ယောက်နဲ့ မေတ္တာမျှတတ်တယ်။

ယတြာ- ဘေးန္တရာယ်ကင်းဖို့ ဘုရားတရားများများလုပ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကြာသပတေးသားသမီး

ဒီတစ်ပတ်မှာ မဖြစ်မနေတောင်းပန်စရာကိစ္စတွေ ပေါ်လာတတ်တယ်။ ဒါကြောင့် ဘယ်ကိစ္စမဆိုမလုပ်ခင်က အသေချာစဉ်းစားပါ။ အနီးကပ်လူတွေအပေါ်မှာပါ စကားမှားတတ်တာတွေကို ဆင်ခြင်ရလိမ့်မယ်။ သင့်အပေါ် တကယ်အနစ်နာခံတတ်တဲ့လက်တွဲဖော်ကို သိရမယ့်ကာလပါ။

ယတြာ- ဆေးရုံတစ်ရုံမှာ လူနာတွေအတွက် ဆန်ပြုတ်ကုသိုလ်ပြုပါ။

၅။ သောကြာသားသမီး

အတိတ်ကနေ ရုန်းမထွက်နိုင်ဖြစ်နေတာကို ရပ်သင့်ပါပြီ။ အနာဂတ်အတွက်ပဲ အာရုံစိုက်ထားပါ။ အမှတ်ရစရာဖြစ်မယ့်အချိန်တွေကို ဝမ်းနည်းမှုတွေနဲ့ ကုန်ဆုံးသွားရတတ်တယ်။ ချစ်သူနဲ့ လွမ်းစရာအခြေအနေတွေ ကြုံရမယ်။ ရှေ့ဆက်မယ့်ကာလမှာတော့ ကောင်းမွန်တဲ့အရာတွေ ပိုင်ဆိုင်ရတတ်တယ်။

ယတြာ- လမ်းတံတားပြုပြင်ခြင်းမှာ အလှူငွေထည့်ဝင်ပါ။

၆။ စနေသားသမီး

ငယ်သူငယ်ချင်းတွေကတောင် အံ့သြရလောက်အောင် သင်ဟာ ရင့်ကျက်လာပြီး ပြောင်းလဲမှုတွေ အများကြီးလုပ်လာနိုင်မယ်။ စိတ်ဖိစီးမှုတွေကို ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူရမယ့်အချိန်ပါပဲ။ အတိတ်ကအကြောင်းအရာတွေအတိုင်း တစ်ဖန်ပြန်လည်ခံစားမှုတွေ ရလိမ့်မယ်။

ယတြာ- တန်ခိုးကြီးဘုရားတစ်ဆူမှာ ရွှေသင်္ကန်းကပ်လှူပါ။

၇။ တနင်္ဂနွေသားသမီး

သင် သဘောမကျတဲ့လူတွေဆီကနေ အကြံဉာဏ်ရတတ်တယ်။ သူတို့အကြံဉာဏ်တွေက သင့်အတွက် အဆင်ပြေနေပါလိမ့်မယ်။ သင့်ပျော်ရွှင်မှုကို ရှာဖွေနေတယ်ဆိုရင် သင်ကိုယ်တိုင် ဖန်တီးမှရပါလိမ့်မယ်။ မိသားစုဝင်တွေနဲ့ပတ်သက်ပြီး အခက်အခဲတွေ ကြုံရတတ်တယ်။ အချစ်ရေးကတော့ မိမိထက်အသက်ကြီးပြီး ဆုံးမတတ်တဲ့ချစ်သူတစ်ယောက် ပိုင်ဆိုင်ရလိမ့်မယ်။

ယတြာ- ဘုရားရင်ပြင်တော်ပေါ်မှာ သန့်ရှင်းရေးလုပ်ပါ။

တိုက်ဆိုက်မှုလေးတွေရှိရင် SHARE လိုက်တော့နော်။