၂ဝ၁၉ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ)

blank
၁။ တနင်္လာသားသမီး။

ဘဝအတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို  ချမှတ်နိုင်မယ့်ကာလဖြစ်တယ်။ ရပ်ဝေးမှဆွေမျိုးများကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။  ပြည်ပရောက်သူငယ်ချင်းဆီက သတင်းကောင်းကြားရတတ်ပါတယ်။ အညောင်းမိတာမျိုး၊ ညောင်းညာကိုက်ခဲတာမျိုး စတဲ့ ကျန်းမာရေးပြဿနာလေးတွေ ကြုံရတတ်ပါတယ်။

ယတြာ- ဘုရားမှာ ရေချမ်းကပ်လှူပါ။

၂။ အင်္ဂါသားသမီး။

အလုပ်နဲ့ပတ်သက်ပြီး  မိသားစုအတွင်းမှာ အငြင်းအခုံလေးတွေဖြစ်တတ်ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် ငွေကြးကုန်ကျမှုများတတ်ပါတယ်။ အချစ်ရေးအဆင်ပြေပါတယ်။ လည်ချောင်းနဲ့ပတ်သက်တဲ့ ဝေဒနာခံစားရတတ်ပါတယ်။ သူစိမ်းတစ်ယောက်ကြောင့် အလုပ်ထဲမှာ အဆင်ပြေသွားပါလိမ့်မယ်။

ယတြာ- မွေးနံထောင့်မှာ ဆီမီးထွန်းညှိပါ။

၃။ ဗုဒ္ဓဟူးသားသမီး။

အချစ်နဲ့ လှည့်ဖျားမှုတွေအကြား ချာချာလည်နေသော ကာလဖြစ်တယ်။ အသည်းကွဲပြီးတဲ့နောက်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝကို လျှောက်လှမ်းနိုင်လိမ့်မယ်။  အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့မယ်။ ခေါင်းကိုက်မူးဝေတာမျိုးတွေဖြစ်တတ်တယ်။ တနင်္လာသမီးတစ်ယောက်ကြောင့် လုပ်ငန်းခွင်မှာ ပိုမိုအဆင်ပြေလာလိမ့်မယ်။

ယတြာ- သံဃာတော်များကို အချိုပွဲလှူဒါန်းပါ။

၎။ ကြာသပတေးသားသမီး။

နောင်အနာဂတ်အတွက် စိတ်ကူးယဉ်ခဲ့ရတဲ့ ကိစ္စတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်။ မိမိအလုပ်အကိုင်များကို ဝင်ရောက်စွက်ဖက်တတ်သူတွေကို သတိထားပါ။ တစ်ပါးသူတွေကြောင့် မိမိရဲ့ကိုယ်ပိုင်အချိန်တွေ ကုန်သွားတတ်တယ်။ ငွေလိမ်ခံရတတ်တယ်။ ခြေလက်တွေမှာ ထိခိုက်ဒဏ်ရာရတတ်ပါတယ်။

ယတြာ-သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါးလှူဒါန်းပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သောကြာသားသမီး။

အချစ်ရေး အဆင်မပြေမှုတွေကို ကျော်လွှားနိုင်ပြီး ပိုမိုကောင်းမွန်သောဆက်ဆံရေးတွေကို တည်ဆောက်နိုင်မယ်။ အလုပ်အကိုင်မပြောင်းသင့်သေးပါ။ သွေးလေမညီညွတ်တာကြောင့် ဖျားနာတာမျိုးတွေဖြစ်တတ်ပါတယ်။

ယတြာ- ဘုရားမှာ ရွှေထီးငွေထီးလှူပါ။

၆။ စနေသားသမီး။

ဘဝအတွက် အရေးပါအရာရောက်တဲ့ ကိစ္စတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်။ ဆုံးဖြတ်ချက်မချမီ သေချာဂရုစိုက်ပါ။ မိမိအကြံဉာဏ်နဲ့ လမ်းညွှန်မှု လိုအပ်နေတဲ့ နောက်လိုက်ငယ်သားတွေကို လျစ်လျူရှုသလိုဖြစ်နေတတ်တယ်။ သင့်မိသားစုနဲ့ ချစ်ခင်သူတွေအတွက် အချိန်ပေးပါ။
ယတြာ- ငှက်စာကျွေးပါ။

၇။ တနင်္ဂနွေသားသမီး။

ဘဝအခက်အခဲတွေကို ကျော်လွှားနိုင်ပြီး ပျော်ရွှင်စရာများကိုကြုံတွေ့ရမယ်။ ပတ်ဝန်းကျင်သစ်၊ လူသစ်များနှင့်ပေါင်းသင်းဆက်ဆံရတတ်တယ်။ မိသားစုအတွင်းရေးတွေကို မလိုအပ်ဘဲ အခြားသူတွေနဲ့ မတိုင်ပင်ပါနဲ့။  မမျှော်လင့်ဘဲ ငွေအစုလိုက်ဝင်တတ်သည်။

ယတြာ- ချို့တဲ့သူတွေကို စာအုပ်ဖိုးလှူဒါန်းပါ။