၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ)

၁။ တနင်္လာသားသမီး

တနင်္လာသားသမီးအိမ်ထောင်သည်တွေအနေနဲ့ မိသားစုပြဿနာလေးတွေ ကြုံရတတ်တယ်။ လည်ပင်း၊ မျက်စိ၊ နား၊ ဆီးလမ်းကြောင်းနဲ့ဆက်စပ်ပြီး ကျန်းမာရေးညံ့တတ်တယ်။ ဝန်ထမ်းဆိုရင် တာဝန်ယူစရာကိစ္စအသစ်တွေ ပေါ်ပေါက်လာပြီး ရာထူးတိုးကိန်းရှိတယ်။ စီးပွားရေးကိစ္စအတွက် နိုင်ငံခြားခရီးစဉ်တွေသွားဖို့ အခွင့်အရေးရတတ်တယ်။ အစ်ကိုကြီး၊ အစ်မကြီးတွေဆီက သတင်းကောင်းကြားရမယ်။ မိသားစုနဲ့လည်း ပျော်ရွှင်ရမယ်။ ငွေကြေးအခြေအနေ ပိုကောင်းလာမယ်။ ကျန်းမာရေးညံ့တာကြောင့် အလုပ်မတွင်ကျယ်ဖြစ်တတ်တယ်။ အချစ်ရေးကတော့ အဆိုး၊ အကောင်း ဒွန်တွဲနေပါတယ်။

ယတြာ- အညံ့တွေပျောက်ဖို့ ပဋ္ဌာန်းနေ့စဉ်ရွတ်ပါ။

၂။ အင်္ဂါသားသမီး

သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့ စပ်တူလုပ်ငန်းတွေ အကျိုးပေးတတ်တယ်။ အဆစ်အမြစ်နဲ့ပတ်သက်ပြီး ကျန်းမာရေးပြဿနာတွေ ပေါ်လာတတ်တယ်။ ထိခိုက်ဒဏ်ရာရကိန်းရှိတယ်။ စီးပွားရေးနဲ့ အလုပ်အကိုင်ကိစ္စတွေမှာ ပုံမှန်ရလဒ်တွေပဲ ထွက်နေမယ်။ ဒီအတောအတွင်းမှာ အင်တာဗျူးဖြေထားတဲ့ အလုပ်တစ်ခု ရလိမ့်မယ်။ ပရိဘောဂအသစ်၊ ကားအသစ် ဝယ်ရကိန်းရှိတယ်။ အိမ်ခြံမြေကိစ္စနဲ့ အမှုရင်ဆိုင်နေရတယ်ဆိုရင် ပြေလည်သွားတတ်တယ်။ အိမ်ထောင်သည်များအနေနဲ့ နားလည်မှုလွဲတဲ့ပြဿနာလေးတွေ ရှိလိမ့်မယ်။ လူလွတ်တွေအနေနဲ့လည်း အချစ်ရေးပြဿနာတွေ ရှုပ်ထွေးနေတတ်တယ်။

ယတြာ- အနှောင်အဖွဲ့တွေကင်းဖို့ ငှက်လွှတ်ပါ။

၃။ ဗုဒ္ဓဟူးသားသမီး

ဒီတစ်ပတ်မှာ ဘာပဲလုပ်လုပ် အကောင်းဘက်ကပဲ တွေးနေတတ်တယ်။ ဝန်ထမ်းဖြစ်နေရင် ဒီတစ်ပတ်အတွင်းမှာ အလုပ်တာဝန်တွေ ပိနေတတ်တယ်။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီတွေ ရတတ်တယ်။ Gym တွေကစားပြီး ကျန်းမာရေးလိုက်စားသင့်တဲ့ကာလပါ။ အိမ်ခြံမြေ ဝယ်ရကိန်းရှိတယ်။ ဆောက်လုပ်ရေး၊ မီဒီယာ၊ ရုပ်ရှင်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ကော်မရှင်စားလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေမှာ အကျိုးပေးတတ်တယ်။ ငွေကံကောင်းနေတယ်။ ဒီတစ်ပတ်ကတော့ အလုပ်အကိုင်၊ ကိုယ်ရည်ကိုယ်သွေးတွေ မြင့်တက်နေတဲ့ကာလပါ။ အချစ်ရေး အနည်းငယ်ညံ့နေမယ်။

ယတြာ- မွေးနေ့မှာ နို့ထမင်းဆွမ်းကပ်ပါ။

၎။ ကြာသပတေးသားသမီး

ကြာသပတေးသားသမီးတွေအတွက် ဒီတစ်ပတ်ကတော့ စိတ်ရွှင်ကိုယ်လန်းချိန်ပါ။ ယှဉ်ပြိုင်မှုတွေ ကြုံရတတ်တယ်။ ကိုယ်ရည်ကိုယ်သွေးတွေ တက်လာပြီး အလုပ်အပေါ် အကောင်းဘက်ကနေ သက်ရောက်မှုတွေ ဖြစ်ပေါ်နေလိမ့်မယ်။ ဒီတစ်ပတ်အစကနေ သုံးရက်အတွင်း အလုပ်နဲ့ပတ်သက်ပြီး သတိဝီရိယရှိပါ။ ဝင်ငွေကောင်းမယ့်ကာလပါ။ ဒီတစ်ပတ်အစကနေ ငါးရက်အတွင်း မိသားစုမှာ ပျော်စရာကိစ္စတွေ အများအပြားရောက်လာတတ်တယ်။

ယတြာ- အိမ်ရဲ့ထောင့်တစ်ထောင့်မှာ အပင်ငယ်တစ်ပင်စိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သောကြာသားသမီး

ဒီတစ်ပတ်အစမှာ ကျန်းမာရေးညံ့တတ်တယ်။ ဝန်ထမ်းဖြစ်ရင် ဒီတစ်ပတ်အကုန်မှာ ရာထူးတိုးကိန်းရှိတယ်။ ငွေကြေးကိစ္စတွေမှာ အဆင်ပြေနေလိမ့်မယ်။ မိသားစုဝင်တွေနဲ့ ချစ်ခြင်းမေတ္တာတွေတိုးပြီး ဒီတစ်ပတ်မှာ မိသားစုနဲ့ပဲ အချိန်တော်တော်ကုန်ဆုံးဖြစ်မယ်။ ကျောင်းသားကျောင်းသူတွေအနေနဲ့ အံ့သြစရာကိစ္စတွေ ကြုံတွေ့ရတတ်တယ်။ ပညာရေးမှာ အောင်မြင်မှုတွေ ဆွတ်ခူးရတတ်တယ်။ အချစ်ရေးမှာ အရှုပ်အထွေးအနည်းငယ် ပေါ်လာတတ်တယ်။

ယတြာ- ခရီးသွားတဲ့အခါ ကုသိုလ်တစ်ခုခု လမ်းမှာပြုပါ။

၆။ စနေသားသမီး

စနေသားသမီးတွေအတွက် ဒီတစ်ပတ်မှာတော့ ပျော်စရာတွေပဲ ပြည့်နေလိမ့်မယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားရတတ်တယ်။ လူမှုဆက်ဆံရေးကောင်းမွန်မှုကြောင့် စီးပွားရေးမှာ အံ့သြစရာရလဒ်ကောင်းတွေ ရလာတတ်တယ်။ အရင်ကအလုပ်ကြိုးစားခဲ့တဲ့အတွက် ကောင်းကျိုးတွေလည်း ခံစားရမယ်။ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကြိုးစားမှုကြောင့် ရလဒ်ကောင်းတွေ စံစားရမယ်။ ဒီအတောအတွင်းမှာ ကျန်းမာရေးအထူးဂရုစိုက်ပါ။ မိသားစုထဲကို မိသားစုဝင်အသစ်တစ်ယောက် ရောက်လာဖို့ရှိတယ်။ ငွေကြေးကတော့ ထင်မှတ်မထားလောက်အောင် ကံကောင်းနေမယ်။ အချစ်ရေးမှာ သာယာချိုမြိန်မှုတွေ ခံစားရမယ်။ လက်တွဲဖော်နဲ့ မကြာခဏဆုံရတတ်တယ်။

ယတြာ- အိမ်တွင် သံဃာပင့်ပြီး ပရိတ်ရွတ်ပါ။

၇။ တနင်္ဂနွေသားသမီး

ဒီတစ်ပတ်မှာ အခက်အခဲတွေကြားမှ အောင်မြင်လိမ့်မယ်။ စိတ်ပျော်ရွှင်ကြည်နူးရမယ့်ကာလပါ။ ဒီအတောအတွင်းမှာ စိတ်ကူးယဉ်ဆန်စရာကိစ္စတွေ ခံစားရလိမ့်မယ်။ စီးပွားရေးအတွက် အစီအစဉ်အသစ်တွေချဖို့ အခွင့်အလမ်းပေါ်လိမ့်မယ်။ အစိုးရဝန်ထမ်းတစ်ယောက်ဆိုရင် အလုပ်ကြိုးစားသလောက် ရလဒ်ကောင်းတွေပဲ ပိုင်ဆိုင်ရတတ်တယ်။ စီးပွားရေးကိစ္စနဲ့ နိုင်ငံခြားခရီးသွားရတတ်တယ်။ အမွေရတတ်တယ်။ အချစ်ရေးကြောင့် မောင်နှမသားချင်းတွေနဲ့ ပြဿနာပေါ်တတ်တယ်။

ယတြာ- ဆင်းရဲနွမ်းပါးသူတွေအတွက် အဝတ်အစားလှူပါ။

အဆိုးတွေကို ရှောင်လွှဲနိုင်ဖို့ စာစောင်လေးကို share လိုက်ပါ။