၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( ဇူလိုင်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ)

blank
၁။ တနင်္လာသားသမီး

ဒီတစ်ပတ်မှာ အကျိုးအမြတ်ဖြစ်ထွန်းစေမယ့် စီးပွားရေးအစီအစဉ်ကောင်းတွေ လေးလေးနက်နက်ချမှတ်နိုင်မယ်။ ဒါပေမဲ့ သင့်အရည်အချင်းကို ထုတ်ဖော်ခွင့်မပေးဘဲ သင့်လမ်းကြောင်းမှာ တားဆီးချင်သူတွေ ရှိနေတတ်တယ်။ မနာလိုသူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံရမယ်။ ဘဝလက်တွဲဖော်နဲ့လည်း စိတ်သဘောထားချင်း ကွဲလွဲနေတတ်တယ်။

ယတြာ- အိပ်ခန်းအတွင်းမှာ အနီရောင်ပန်းအိုးထိုးပါ။

၂။ အင်္ဂါသားသမီး

ဒီတစ်ပတ်မှာ စိတ်အားထက်သန်မှုတွေ ယုတ်လျော့နေမယ်။ ဒါပေမဲ့ ရေရှည်မှာ သင်ဘာဖြစ်ချင်လဲဆိုတာကို ပြန်လည်ဆန်းစစ်နိုင်မယ်။ လုပ်ငန်းကိုင်ငန်းတွေမှာ ရှေ့ဆက်ဖို့ဦးတည်ချက်နဲ့ စေ့စေ့စပ်စပ်ဆောင်ရွက်နိုင်ပြီး လုံ့လဝီရိယလည်း ရှိလာမယ်။ အချစ်ရေးမှာ ငွေကြေးကြောင့် စိတ်လှုပ်ရှားစရာအခြေအနေတွေ ကွယ်ပျောက်နေတတ်တယ်။

ယတြာ- မွေးနေ့နံနက်မှာ ကောက်ညှင်းပေါင်း ဆွမ်းတော်ကပ်ပါ။

၃။ ဗုဒ္ဓဟူးသားသမီး

ဒီတစ်ပတ်မှာ သင့်ဆန္ဒအတိုင်းလုပ်ဆောင်ဖို့ အသိဉာဏ်ကလည်း လိုက်မီနေမယ်။ နည်းလမ်းဟောင်းတွေအစား နည်းလမ်းသစ်တွေနဲ့ အစားထိုးပြုပြင်နိုင်မယ်။ သင့်ကိုယ်ပိုင်နည်းလမ်း တွေ့ရှိပြီး အချိန်မီ ဆောင်ရွက်နိုင်မယ်။ စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေတဲ့ခံစားချက်တွေ ပေါ်ပေါက်နေတယ်။ ဒါပေမဲ့ သင့်ရဲ့စိတ်ဓာတ်ခိုင်မာမှုကြောင့် ရှေ့ဆက်နိုင်ပါလိမ့်မယ်။ အချစ်ရေးကတော့ လက်ရှိမှာသာယာနေဆဲပါ။

ယတြာ- စိတ်တည်ငြိမ်စေဖို့ တရားထိုင်ပါ။

၎။ ကြာသပတေးသားသမီး

ဒီတစ်ပတ်အတွင်း အလုပ်ကိစ္စတွေမှာ ယှဉ်ပြိုင်မှုတွေ ပေါ်လာတတ်တယ်။ အခြားသူတွေကြောင့် အနှောင့်အယှက်တွေ မဖြစ်ရအောင် စိတ်ရှည်သည်းခံမှုနဲ့ ကျော်လွှားပစ်ရမယ်။ ဒါ့အပြင် အလုပ်ကိစ္စ၊ မိသားစုကိစ္စတွေမှာလည်း စိတ်ရှည်သည်းခံနိုင်မှ အဆင်ပြေမယ်။ ပြဿနာတွေကို အဆင်ပြေပြေဖြေရှင်းတတ်တာကြောင့် အချစ်ရေးမှာလည်း သာယာနေလိမ့်မယ်။

ယတြာ- နေ့စဉ်မပြတ် ဘုရားသောက်တော်ရေကပ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သောကြာသားသမီး

အလုပ်ကိစ္စမှာ သိက္ခာချ၊ စော်ကားမှုတွေ ခဏခဏကြုံရမယ်။ ဒါပေမဲ့ သင့်ကိုယ်ပိုင်နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်။ ခွန်အားတွေ တက်လာအောင် ပြန်လည်တည်ဆောက်နိုင်မှ အရာရာအောင်မြင်မယ်။ ဒီတစ်ပတ်မှာ သင့်အတွက် ကျောထောက်နောက်ခံလုပ်ပေးနိုင်မယ့် ဘဝလက်တွဲဖော်နဲ့ ဆုံတွေ့ရလိမ့်မယ်။

ယတြာ- ဒုက္ခိတခွေးတစ်ကောင်ကို အစာရေဆာကျွေးမွေးပါ။

၆။ စနေသားသမီး

တစ်နေ့တာအတွက် လုပ်ဆောင်စရာတွေကို ပျင်းရိခြင်းနဲ့ အဆိုးမြင်စိတ်တွေက တားဆီးနေမယ်။ ဒါကြောင့် အခုချိန်မှာ ပုံမှန်နေမြဲအတိုင်း ပြန်လည်လုပ်ဆောင်ဖို့ အကောင်းဆုံးကြိုးစားပါ။ ပြောင်းလဲမှုတွေက သင့်ဆီ အချင်းအနင်းဝင်ရောက်လာလိမ့်မယ်။ ငွေကြေးကိစ္စကြောင့် တချို့အခြေအနေတွေမှာ အတားအဆီးတွေ ကြုံရမယ်။ အချစ်ရေးမှာ ဆုံးဖြတ်ချက်မစောပါနဲ့။

ယတြာ- ဘုရားတန်ဆောင်းတွေမှာ သန့်ရှင်းရေးလုပ်ပါ။

၇။ တနင်္ဂနွေသားသမီး

မိသားစုကိစ္စမှာ ငွေကြေးမလုံလောက်တာကြောင့် စီစဉ်ထားတာတွေ နောက်ကျတတ်တယ်။ အခုချိန်မှာ စိတ်ဝင်စားတဲ့အရာတွေကို လုပ်ဆောင်ဖို့အကောင်းဆုံးကာလပါ။ အဆိုးတွေကို ကျော်လွှားနိုင်ဖို့ ငွေကြေးအခက်အခဲတွေတော့ ကြုံရပါမယ်။ ခါးသီးမှုတွေနဲ့ သင့်ကိုယ်သင်သံသယဝင်မှုတွေ အရှိန်မြင့်တက်နေမယ်။ ဖြစ်နိုင်ခြေရှိတဲ့အရာတွေကို တွေးတောထားပါမှ ကံကောင်းခြင်းအဖူးအငုံတွေ ပေါ်လာပါလိမ့်မယ်။

ယတြာ- ကံကောင်းစေဖို့ အဖြူရောင်ဝတ်ဆင်ပါ။

တိုက်ဆိုင်မှုရှိသွားရင် share သွားဦးနော်။