၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( ဇူလိုင်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ)

blank
၁။ တနင်္လာသားသမီး

ဒီတစ်ပတ်အတွက် ဘဝမှာ တစ်ဆင့်မြင့်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်အကိုင်တွေအဆင်ပြေဖို့ပဲဖြစ်ဖြစ် “တစ်နေ့တစ်လှံ ပုဂံဘယ်မရွေ့” ဆိုတဲ့စကားပုံကို လက်ကိုင်ထားရမယ့်ကာလပါပဲ။ ဒါပေမဲ့ ဘေးစကားတွေကြောင့်တော့ ဖြတ်လမ်းနည်းတွေ မလိုက်သင့်ပါဘူး။ သင်တိုးတက်မှာကို မနာလိုမှုကြောင့် ဘေးလူတချို့ရဲ့ ဟန့်တားတတ်တဲ့အပြုအမူတွေ ကြုံရတတ်တယ်။ အချစ်ရေးမှာ ကထိကထတွေများနေမယ်။

ယတြာ- အညံ့တွေပြေပျောက်ဖို့ သီလရှင်တစ်ပါးကို ထီးလှူပါ။

၂။ အင်္ဂါသားသမီး

ဒီတစ်ပတ်မှာ စာအုပ်လေးဖတ်ရင်း အေးအေးဆေးဆေးခရီးသွားစရာလေးတွေ ပေါ်လာတတ်တယ်။ ကြားလူနှောက်ယှက်မှုကြောင့် လက်တွဲဖော်နဲ့ကတော့ အနေနီးပြီး ဆုံဖို့ခက်နေမယ်။ ရလဒ်ကောင်းတစ်ခုရဖို့ အချိန်အတော်ကြာ ညှိနှိုင်းရလိမ့်မယ်။ စိတ်အေးနှလုံးအေးအပန်းဖြေသင့်တဲ့ ကာလပါ။

ယတြာ- ပြဿနာတွေအေးချမ်းစေဖို့ ဘုန်းကြီးတစ်ကျောင်းမှာ အရိပ်ရအပင်တွေ စိုက်ပျိုးပါ။

၃။ ဗုဒ္ဓဟူးသားသမီး

အလုပ်ထဲမှာ သင်တင်ပြချင်တဲ့အစီအစဉ်တွေကို တင်ပြနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေကို သေသေချာချာလုပ်ထားသင့်တဲ့ကာလပါ။ သင့်အကြံဉာဏ်တွေကို လက်တွေ့အသုံးချဖို့ အခြားသူတွေကလည်း စောင့်မျှော်နေလိမ့်မယ်။ ဖော်ဖော်ရွေရွေနဲ့ ပျော်ပျော်နေတတ်တဲ့ချစ်သူတစ်ယောက် သင့်ဘဝထဲကိုရောက်လာလို့ ပျော်ရွှင်ရလိမ့်မယ်။ ဒါပေမဲ့ သင့်ဘက်က ဇာတ်လမ်းတွေရှင်းထားဖို့ လိုပါလိမ့်မယ်။

ယတြာ- မွေးနေ့မှာ ကောက်ညှင်းပေါင်း စတုဒိသာကျွေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကြာသပတေးသားသမီး

သင့်တိုးတက်မှုကို မလိုလားသူတွေရှိနေတတ်တယ်။ ဒေါသရှေ့ထားပြီး သူတစ်ပါးကို စွပ်စွဲပြောဆိုမှုတွေရပ်လိုက်မှ အဆင်ပြေလိမ့်မယ်။ သင့်ရဲ့မတူညီတဲ့ရှုထောင့်ကနေ မြင်တတ်တဲ့အတွေးစိတ်ကူးတွေကို အထက်လူကြီးက သဘောကျလက်ခံတတ်တယ်။ အချစ်ရေးမှာတော့ ပြင်းရှရှဝိုင်တစ်ခွက်ကို သောက်ရသလို အခက်အခဲတွေကြုံပြီးမှ ချိန်မြိန်မှုတွေရောက်လာပါမယ်။

ယတြာ- သက်ကြီးအဘိုးအိုတစ်ဦးအတွက် ဖိနပ်ဝယ်ပေးပါ။

၅။ သောကြာသားသမီး

ဒီတစ်ပတ်မှာ ကျော်လွှားဖို့ခက်ခဲလွန်းတဲ့ စိတ်အနှောက်အယှက်ဖြစ်စရာတွေ အရင်ကထက် ပိုကြုံရတတ်တယ်။ သင့်စိတ်ကလည်း ဖိစီးမှုတွေကိုတွန်းလှန်ပစ်ဖို့ထက် လက်ခံနေလိမ့်မယ်။ သင့်အတွက် အသင့်ရှိနေတတ်တဲ့ သင့်လက်တွဲဖော်နဲ့ သူငယ်ချင်းတွေဟာ သင့်ကိုကူညီထောက်ပံ့ပေးဖို့ ကြိုးစားကြလိမ့်မယ်။ မေတ္တာဓာတ်တွေကြောင့် အဆင်ပြေမယ့်ကာလပါ။

ယတြာ- ၇ ရက်ဆက်တိုက် ပဋ္ဌာန်းရွတ်ပါ။

၆။ စနေသားသမီး

သင့်အနေနဲ့ ထိန်းချုပ်ရခက်တဲ့ အတိုက်အခိုက်တွေ များနေတတ်တယ်။ သင့်ဘဝလိုအပ်ချက်တွေအတွက် ကြိုးစားအားထုတ်ဖို့ပဲ အာရုံစူးစိုက်နိုင်မှ အနှောင့်အယှက်တွေကို ချောချောမွေ့မွေ့ဖြတ်သန်းနိုင်မယ်။ ဒီတစ်ပတ်အတွင်းမှာပဲ သင့်ရဲ့ထိုးထွင်းဉာဏ်ကြောင့် ပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်လိမ့်မယ်။ အချစ်ရေးကတော့ နေမြဲအတိုင်းပါပဲ။

ယတြာ- အိမ်အတွင်းမှာ ကြာရှည်စွာသိမ်းဆည်းထားတဲ့ ပစ္စည်းဟောင်းတစ်ခုကို စွန့်ပစ်လိုက်ပါ။

၇။ တနင်္ဂနွေသားသမီး

ဒီတစ်ပတ်မှာ မိသားစုကိစ္စနဲ့ အလုပ်ကိစ္စတွေကြား ဗျာများနေရမယ်။ ဘယ်အရာကို ဦးစားပေးရမယ်ဆိုတာ သင့်အတွက် ရွေးချယ်ရခက်နေလိမ့်မယ်။ ဒီတစ်ပတ်အတွင်းမှာ ဖြေရှင်းစရာကိစ္စတွေကို မြန်မြန်နဲ့ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မယ်။ အချစ်ရေးမှာ အားကိုးရတဲ့လက်တွဲဖော်နဲ့ ဖူးစာဆုံရမယ်။

ယတြာ- နံနက်မျက်နှာသစ်ပြီးတိုင်း ၇ ရက်သားသမီးတွေအတွက် မေတ္တာပို့ဆုတောင်းပါ။

ဒီစာစောင်လေးကို အားလုံးအတွက် မျှဝေပေးလိုက်ရအောင်။