၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( ဇွန်လ ၂၄ ရက်နေ့မှ ဇွန်လ ၃ဝ ရက်နေ့အထိ)

blank
၁။ တနင်္လာသားသမီး

ဒီအပတ်မှာဆိုရင် နှလုံးသားနဲ့ဦးနှောက်ဟာ သဟဇာတမျှနေပါတယ်။ နေ့နံတူသူတစ်ယောက်ရဲ့အကူအညီနဲ့ ကိုယ်စိတ်နှစ်ပါး ခွန်အားဖြစ်ရမယ်။ သင့်နှလုံးသားကို ဖတ်နိုင်တဲ့အင်္ဂါသားသမီးတစ်ယောက်နဲ့ ဖူးစာဆုံကိန်းရှိတယ်။ စနေသားသမီးတွေနဲ့ စပ်တူလုပ်ငန်းတွေ အကျိုးပေးတတ်တယ်။

ယတြာ- နံနက်တိုင်း သောက်တော်ရေချမ်း ၅ ခွက်ကပ်လှူပါ။

၂။ အင်္ဂါသားသမီး

လူအများနဲ့လိုက်လျောညီထွေဖြစ်ဖို့၊ လစ်လျူရှုတတ်ဖို့ လေ့ကျင့်ပါ။ နှလုံးသားက ဆုံးဖြတ်သမျှကို ဦးနှောက်က လက်မခံဖြစ်နေတတ်တယ်။ လတ်တလောမှာတော့ အရာရာကို စူးစမ်းဆင်ခြင်တတ်ပြီး ခံစားလွယ်နေပါမယ်။ သင့်နှလုံးသားပြိုင်ပွဲမှာ စနေသားသမီးတစ်ယောက်က အနိုင်ရရှိပြီး အကင်းပါးပါးနဲ့ သင့်ဘဝကို ပြောင်းလဲပေးသွားလိမ့်မယ်။

ယတြာ- ကြန့်ကြာနေတဲ့ကိစ္စတွေ ပြေလည်ဖို့ ဘုရားမှာကြာပန်းကပ်လှူပါ။

၃။ ဗုဒ္ဓဟူးသားသမီး

လူမှုရေးနဲ့ ငွေရေးကြေးရေးအတွက် ရည်ရွယ်ချက်တွေ ပြတ်သားနေမယ်။ နေ့ရက်တိုင်းမှာ အကောင်းမြင်စိတ်မွေးထားပါ။ သင့်ရဲ့တွေးတောနိုင်စွမ်းတွေ မြင့်တက်လာပြီး စကားပြောစွမ်းရည်မှာလည်း အရင်ကထက် တိုးတက်လာနိုင်တယ်။ ချမ်းသာစည်းစိမ်ခံစားရမယ့် ကာလပါ။ ရုပ်ချောသဘောကောင်းချစ်သူမျိုးနဲ့ တွေ့ရတတ်တယ်။

ယတြာ- ကိစ္စအဝဝအဆင်ပြေဖို့ မွေးနံဘုရားမှာ သပြေပန်းကပ်ပါ။

၎။ ကြာသပတေးသားသမီး

ပေါင်းသင်းဆက်ဆံရေးမှာ တနင်္လာသားသမီးတွေနဲ့ အကျိုးပေးမယ့်ကာလပါ။ အိပ်မက်တွေအတွက် ရည်ရွယ်ချက် ပြတ်သားစွာချမှတ်နိုင်မယ်။ အင်္ဂါသားသမီးတွေနဲ့ စပ်တူလုပ်ငန်းတွေကြောင့် ငွေကံကောင်းနေမယ်။ သင့်ရဲ့မာကျောနေတဲ့နှလုံးသားလေးကို ခက်ခက်ခဲခဲနဲ့ အရည်ပျော်အောင်လုပ်နိုင်မယ့်သူတစ်ယောက် ပေါ်လာလိမ့်မယ်။

ယတြာ- မိဘမဲ့ကလေးကျောင်းမှာ စာသင်စရိတ်အတွက် တတ်နိုင်သလောက် ထောက်ပံ့ကူညီပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သောကြာသားသမီး

ပထမဆုံးခြေလှမ်းအနေနဲ့ သင့်အတွက် မလိုအပ်တဲ့အရာတွေကို လက်လွှတ်နိုင်တာကြောင့် ပြည့်စုံခြင်းကို ရရှိလိမ့်မယ်။ အလုပ်မှာ သင်စီစဉ်ထားတဲ့နည်းလမ်းနဲ့ သင့်တင်ပြချက်တွေအပေါ် အဟန့်အတားတွေ ရှိလာတတ်တယ်။ ကျန်းမာရေးအနည်းငယ်ညံ့တတ်တာကြောင့် သင့်ကိုယ်သင် ဂရုစိုက်ဖို့ အချိန်ပေးပါ။

ယတြာ- ရေရှားရပ်ကွက်တစ်ခုမှာ ရေကုသိုလ်ပြုပါ။

၆။ စနေသားသမီး

လူမှုရေးကိစ္စတွေမှာ သင့်ရဲ့ပြတ်သားတဲ့ဦးတည်ချက်တွေကြောင့် ဦးဆောင်ဦးရွက်ပြုနိုင်မယ်။ အင်္ဂါသားသမီးတစ်ယောက်ကြောင့် စိတ်ပိုင်းဆိုင်ရာငြိမ်းချမ်းမှုကို တွေ့ရှိရတတ်တယ်။ သူငယ်ချင်းတွေနဲ့ ချစ်သူကြား ဗျာများနေရတတ်တယ်။ နှစ်ဖက်စလုံးကို အကောင်းဆုံးဆက်သွယ်နိုင်ဖို့ စီစဉ်နိုင်တာကြောင့် မကြာခင်မှာ အဆင်ပြေရမယ်။

ယတြာ- ငွေကြေးမပြည့်စုံတဲ့ လူမမာတစ်ဦးအတွက် ဆေးဖိုးဝါးခလှူဒါန်းပါ။

၇။ တနင်္ဂနွေသားသမီး

ပညာရေးကိစ္စကြောင့် မမျှော်မှန်းထားဘဲ နိုင်ငံရပ်ခြားခရီးသွားရလိမ့်မယ်။ အလုပ်ကိစ္စတွေမှာလည်း သင့်ရဲ့လိမ္မာပါးနပ်မှုကြောင့် ရည်မှန်းထားတဲ့အတိုင်း အဆင်ပြေမယ်။ သင့်ရဲ့မွန်မြတ်လှတဲ့အကောင်းမြင်စိတ်လေးကြောင့် သင့်ဘဝထွန်းလင်းတောက်ပလာပါမယ်။

ယတြာ- လူကြီးမိဘတွေအတွက် ဝေယျဝစ္စကုသိုလ်ပြုပါ။

ရှောင်ကွင်းလို့ရမယ့် အန္တရာယ်တွေ ကွေကွင်းနိုင်ဖို့ ဒီစာစောင်လေးကို အများအတွက် မျှဝေလိုက်ပါဦးနော်။