၂ဝ၁၉ ၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇွန်လ ၁၇-ရက်နေ့မှ ၂၃-ရက်နေ့အထိ)

၁။ တနင်္လာသားသမီး

အဖိုးတန်ပစ္စည်းတွေ အကျအပျောက်ရှိတတ်တဲ့ကာလဖြစ်ပါတယ်။ သင့်ပစ္စည်းတွေကိုလုံခြုံ အောင် သိမ်းဆည်းပါ။ ငွေကြေးအချေးအငှားကိစ္စ လက်မလွယ်ပါနဲ့။ ဆုံးတတ်ပါတယ်။ လုပ်ငန်းခွင်မှာ အဆင်ပြေမှုလေးတွေကြောင့် စိတ်ချမ်းသာရမယ်။ အချစ်ရေးမှာ သင်ချစ်နေသူဆီက နားလည်မှုလေး တွေရတတ်ပါတယ်။

ယတြာ။ ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။

၂။ အင်္ဂါသားသမီး။

ကြိုးစားသလောက်ခရီးမတွင်တဲ့အခြေအနေကြောင့် ခြေကုန်လက်ပန်းကျဖြစ်နေမိမယ့် ကာ လဖြစ်ပါတယ်။ အားမလျှော့ပါနဲ့။ ကြိုးစားမှုကို နှစ်ဆတိုးမြှင့်လိုက်ပါ။ အောင်မြင်မှုတွေက သင့်ကိုဆီး ကြိုနေပါတယ်။ ဝေးကွာနေတဲ့အချစ်ဟောင်းနဲ့ ပြန်လည်ဆုံစည်းရတတ်တယ်။ ကျန်းမာရေးကောင်း ပါတယ်။

ယတြာ။ ။ မွေးနံထောင့်မှာ ခရေပန်းလှူပါ။

၃။ ဗုဒ္ဓဟူးသားသမီး

အလွယ်ကူယုံလိုက်မိသူတစ်ဦးက နောက်ကျောကို ဓားနဲ့ထိုးတာကြောင့် လုပ်ငန်းမှာ ဆုံးရှုံးမှု တွေ ကြုံရတတ်တယ်။ ငွေရေးကြေးရေးကိစ္စတွေမှာ စာချုပ်စာတန်းနဲ့ သေချာပြုလုပ်ပါ။ လူတိုင်းအ ပေါ် အယုံမလွယ်ပါနဲ့။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။ ရှေ့သွားနောက်လိုက်ညီတဲ့ စိတ်တူ ကိုယ်တူချစ်သူမျိုးနဲ့တွေ့တတ်ပါတယ်။

ယတြာ။ ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်းလှူပါ။

၎။ ကြာသပတေးသားသမီး

ကျန်းမာရေးအနည်းငယ်အညံ့ရှိတဲ့ ကာလဖြစ်ပါတယ်။ အစားအသောက်၊ အနေအထိုင်ဆင် ခြင်သတိပြုပါ။ ငွေဝင်များသလို ငွေကုန်ကြေးကျစရာကိစ္စတွေလည်း များနေတတ်တယ်။ လူမှုရေး ကိစ္စတွေများနေတာကြောင့် ချစ်သူကိုအချိန်မပေးနိုင်ဘဲဖြစ်နေမယ်။ ဝန်ထမ်းဖြစ်ပါက နေရာအ ပြောင်းအရွှေ့ရှိပါတယ်။

ယတြာ။ ။ မွေးရက်မှာ သူငယ်ချင်းတစ်ယောက်ကို မုန့်ကျွေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သောကြာသားသမီး

ရောက်လေရာမှာ ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေတာကြောင့် ရွေးရခက်နေတတ်တယ်။ မိ သားစုအတွင်းမှာ ပျော်စရာသတင်းကောင်းကြားရမယ်။ လူဦးရေအသစ်တိုးမယ်။ စီးပွားရေးလုပ်ငန်း သစ်တွေတိုးချဲ့ရမယ်။ ငွေကြေးဆုံးရှုံးတတ်တာကြောင့် အချိန်နဲ့နေရာသေချာရွေးပြီးမှ အလုပ်တွေ တိုးချဲ့သင့်ပါတယ်။

ယတြာ။ ။ မွေးရက်မှာ ခိုတွေကို အစာကျွေးပါ။

၆။ စနေသားသမီး

ကြန့်ကြာနေတဲ့ကြွေးဟောင်းတွေ ပြန်ရတတ်တဲ့ကာလဖြစ်ပါတယ်။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့မယ်။ ဆရာသမားကောင်းတွေ အကူအညီနဲ့ လုပ်ငန်းသစ်တွေစတင်ရတတ်တယ်။ တနင်္လာနံ နဲ့စတဲ့လုပ်ငန်းတွေမှာ ပိုအကျိုးအမြတ်ရတတ်ပါတယ်။ တစ်ကိုယ်တည်းသမားများ ချစ်သူတွေ့ရတတ် တယ်။
ယတြာ။ ။ မွေးရက်မှာ ဒံပေါက်ဆွမ်းကပ်လှူပါ။

၇။ တနင်္ဂနွေ သားသမီး။

ဝင်ငွေထွက်ငွေမမျှတသေးတဲ့ အခြေအနေကြောင့် အတန်ငယ်စိတ်မောနေရဦးမယ့်ကာလဖြစ် ပါတယ်။ ခြိုးခြံချွေတာဖို့ကြိုးစားပေမဲ့ ငွေကုန်ကြေးကျစရာတွေများနေမယ်။ လူမှုရေးတွေများနေမယ်။ မိတ်ဆွေသူငယ်ချင်းကောင်းတွေ့မယ်။ အချစ်ရေးမှာ နားလည်မှုရှိတဲ့ချစ်သူကြောင့် စိတ်ချမ်းသာရ မယ်။

ယတြာ။ ။ မွေးရက်မှာ သစ်ပင်တစ်ပင်စိုက်ပါ။