ဓနုရာသီးဖွားအများစုက ဘာ့ကြောင့် အပျိုကြီး၊ လူပျိုကြီးဖြစ်တတ်ကြတာလဲ။ 

blank

ဓနုရာသီဖွားတွေဟာ….

လွတ်လွတ်လပ်လပ်နေတတ်ကြတယ်။

အစီအစဉ်မရှိဘဲ ခရီးထထွက်တတ်ကြတယ်။

ဖုန်းတွေတဂွမ်ဂွမ်ဆက်နေတာမျိုး၊ မက်ဆေ့ဂ်ျတွေ တရစပ်ပို့နေတာမျိုးတွေကို ငြီးငွေ့တတ်ကြတယ်။

သူများအကြိုက်လိုက်ပြီးနေပေးရမှာ၊ ခွင့်တွေတောင်းခံနေရတာမျိုးကို မုန်းတတ်ကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူငယ်ချင်းတွေနဲ့ လျှောက်လည်နေရတာကို နှစ်သက်တတ်ကြတယ်။

ချောချောလေးတွေမြင်ရင် မျက်စိအစာကျွေးတတ်ကြတယ်။ ပြောရရင်တော့ အလှအပကို ခံစားတတ်တာပေါ့။

ဒါ့ကြောင့် ကိုယ်စိတ်အတိုင်းပဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ ဓနုရာသီဖွားလေးတွေဟာ အိမ်ထောင်ကျပြီးသွားရင် လွတ်လပ်မှုတွေပျောက်ဆုံးသလို ခံစားနေတတ်ကြတယ်လေ။ ဒါ့ကြောင့် လူပျိုကြီး၊ အပျိုကြီးလုပ်တဲ့ ဓနုရာသီဖွားတွေက ပိုပြီးပျော်ရွှင်ကြတာပေါ့။

သင်က ဓနုရာသီဖွားတစ်ယောက်လား။