၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( ဇွန်လ ၁ဝ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ)

blank

၁။ တနင်္လာသားသမီး

စကားအရှုပ်အရှင်း အနည်းငယ်ဖြစ်တတ်တဲ့အချိန် ဖြစ်ပါတယ်။ ချစ်ခင်သူတွေနဲ့ ကသိကအောက်ဖြစ်တတ်တဲ့အတွက် စကားအပြောအဆိုဆင်ခြင် သတိပြုသင့်ပါတယ်။ သင့်လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေချောမွေ့အောင် ကူညီမယ့်သူတွေ တွေ့တတ်ပါတယ်။ ငွေကြေးလာဘ်ရွှင်နေတဲ့အတွက် အလုပ်ကြိုးစားလုပ်သင့်တဲ့ အချိန်ပါ။

ယတြာ ။        ။ မွေးနံဘုရားထောင့်မှာ ရေသပ္ပာယ်ပါ။

၂။ အင်္ဂါသားသမီး

သင်မတတ်နိုင်တဲ့ကိစ္စတွေအတွက် စိုးရိမ်ပူပန်နေတာတွေကို ရပ်တန့်လိုက်ပါ။ မလိုအပ်တဲ့စိုးရိမ်ပူပန်မှုတွေက သင့်ကို စိတ်ဖိစီးစေပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေဆီက အကူအညီတောင်းပါ။ သိပ်မကြာခင် လက်ရှိ အခက်အခဲတွေ ပြေလည်သွားပါလိမ့်မယ်။ ကြန့်ကြာနေတဲ့စီးပွားရေးလုပ်ငန်းတွေလည်း ပြန်လည်ပတ်လာပါမယ်။ အိမ်ထောင်ရေး၊ အချစ်ရေး သင့်တင့်ပါတယ်။

ယတြာ ။        ။ အောင်မြင်မှုရရှိအောင် သပြေညွှန့်ဆောင်ပါ။

၃။ ဗုဒ္ဓဟူးသားသမီး

အလုပ်အကိုင်အဆင်ပြေနေတဲ့အချိန်ဖြစ်ပါတယ်။ အဝေးရောက် မိတ်ဆွေသူငယ်ချင်းများထံမှ အံ့သြဝမ်းသာစရာ သတင်းကောင်းတစ်ခုကြားရမယ်။ ပညာသင်ဖို့ အခွင့်အလမ်းကောင်းပေါ်မယ်။ အခွင့်အရေးကို လက်မလွှတ်ဘဲ ရယူသင့်ပါတယ်။  အစားမှားတတ်တယ်။ အစားအသောက် ဆင်ခြင်သတိပြုပါ။ အချစ်ရေး သာယာပါတယ်။

ယတြာ ။        ။ ကြောင်လေးတွေကို ငါးကြော်ကျွေးပါ။

၎။ ကြာသပတေးသားသမီး

မိတ်ဆွေသူငယ်ချင်းတွေနဲ့ စပ်လျဉ်းပြီး ကိုယ်နဲ့မဆိုင်တဲ့ပြဿနာတွေကြားထဲ ရောက်ရှိတတ်တဲ့အချိန်ဖြစ်ပါတယ်။ အပြောအဆို၊ အသွားအလာဆင်ခြင်သတိပြုပါ။ ငွေကံပွင့်လန်းနေတာကြောင့် စီးပွားရေးလုပ်ငန်းကို အားသွန်ခွန်စိုက်လုပ်ရမယ့် အချိန်ပါ။ အထူးသဖြင့် ဒီတစ်ပတ်အတွင်း ငွေဝင်ကိန်းရှိပါတယ်။ အချိန်ကို ထိရောက်စွာ အသုံးချပြီး အခွင့်အလမ်းကောင်းတွေကို ရယူလိုက်ပါ။

ယတြာ။         ။ မွေးရက်မှာ သက်ကြီးရွယ်အိုတစ်ဦးကို ကြာဆံကြော် ဒါနပြုလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သောကြာသားသမီး

ရွေးချယ်စရာတွေများလို့ ဗျာများနေရတဲ့ကာလဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ အပြိုင်ပေါ်တတ်ပါတယ်။ အချစ်ရေးမှာ  သင့်ကိုချစ်တဲ့သူနဲ့ သင်က ချစ်တဲ့သူအကြား စဉ်းစားရခက်နေတတ်ပါတယ်။ သင်ဖြစ်ချင်တာကို သေချာဆန်းစစ်ပြီး ရွေးချယ်ရမယ့်အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့  ခါးနာ၊ ဒူးနာတာတွေ ဖြစ်တတ်ပါတယ်။ လှေကားအတက်အဆင်း ဂရုစိုက်ပါ။

ယတြာ။         ။ နာမကျန်းဖြစ်နေသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၆။ စနေသားသမီး

သင့်ကိုယ်သင် အဆိုးမြင်တာတွေများနေတာကို ရပ်လိုက်သင့်တဲ့ ကာလဖြစ်ပါ တယ်။ အဆင်မပြေမှုတွေထွက်ခွာပြီး ပျော်ရွှင်စရာတွေရောက်လာတတ်ပါတယ်။ ပိုကောင်းတဲ့ အလုပ်နေရာကို ပြောင်းရွှေ့ရတတ်တယ်။ မိတ်ဆွေကောင်း တွေ့တတ်တယ်။ ပညာသင်ယူဖို့ အခွင့်အလမ်းကောင်းတွေ တွေ့ရတတ်ပါတယ်။ အခွင့်အရေးတွေကို လက်မလွှတ်ရအောင် အားစိုက်ထုတ်ပြီး ကြိုးစားလိုက်ပါ။

ယတြာ။         ။ နွမ်းပါးသူတစ်ဦးကို ထီလက်မှတ်ဒါနပြုပါ။

၇။ တနင်္ဂနွေသားသမီး

အံ့သြစရာ ကိစ္စလေးတွေနဲ့ ကြုံရတတ်တဲ့ အချိန်ဖြစ်ပါတယ်။ မျှော်လင့်မထားသူ တစ်ယောက်ဆီက တောင်းပန်မှုကို လက်ခံရတတ်တယ်။ ကွဲကွာနေတဲ့ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံတွေ့ရတတ်တယ်။ ကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေ ပြန်ရတတ်ပါတယ်။ ဆရာသမားဟောင်းတွေဆီက အကူအညီတွေ ရရှိတတ်တယ်။

ယတြာ။        ။ လမ်းဘေးခွေးလေးတွေကို ထမင်းဟင်းကျွေးပါ။

တခြားသူတွေလည်း တစ်ပတ်တာအတွင်း ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေ သိနိုင်စေဖို့ ဤစာစောင်ကို SHARE လိုက်ပါ။