၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( မေလ ၂၇ ရက်နေ့မှ ဇွန်လ၂ ရက်နေ့အထိ)

blank
၁။ တနင်္လာသားသမီး

ဒီတစ်ပတ်မှာ အပျော်အပါးကိစ္စတွေကြောင့် ငွေအထွက်များနေမယ်။ ဘဝအတွက် မှန်ကန်ကန်နဲ့ ခြေလှမ်းသစ်တွေကိုလည်း စတင်နိုင်မယ်။ မာနတွေ နိမ့်ချနိုင်ပြီး အောင်မြင်မှုရလိမ့်မယ်။ အချစ်ခရီးလမ်း သာယာဖြောင့်ဖြူးနေမယ်။

ယတြာ- မွေးနေ့နံနက်မှာ ဖယောင်းဆီမီး ၅ တိုင်ကို ဘုရားမှာ ပူဇော်ပါ။

၂။ အင်္ဂါသားသမီး

ဘေးလူတွေကြောင့် ခက်ခက်ခဲခဲနဲ့ ဘဝအပြောင်းအလဲတွေ ဖန်တီးနိုင်မယ်။ ဒါပေမဲ့ စိတ်ရှုပ်စရာတွေ ကြုံရတတ်တယ်။ သင့်ရဲ့တွေဝေနေမှုကို ဘေးလူတွေ အားမလိုအားမရဖြစ်ပြီး ဝေဖန်ကြလိမ့်မယ်။ မိတ်ဆွေတွေရဲ့လုပ်ဆောင်ချက်တွေကြောင့် သူတို့စိတ်ရင်းမှန်ကို မြင်ရလိမ့်မယ်။ အချစ်ရေးမှာ အရှုပ်အရှင်းကင်းပြီး အေးချမ်းနေပါမယ်။

ယတြာ- မျက်စိဝေဒနာရှင်တစ်ဦးအတွက် ဆေးဖိုးဝါးခ လှူဒါန်းပါ။

၃။ ဗုဒ္ဓဟူးသားသမီး

ဒီတစ်ပတ်မှာ အရင်ကလစ်ဟင်းနေတဲ့ အလုပ်တာဝန်တွေကို မြန်မြန်ဆန်ဆန် လုပ်နိုင်လိမ့်မယ်။ အလုပ်တာဝန်တွေ များနေတဲ့အတွက် ကျန်းမာရေးထိခိုက်တတ်တယ်။ ဘယ်အတွက်မဆို အစီအစဉ်ချလုပ်ဆောင်ခြင်းဖြင့် အဆင်ပြေလာလိမ့်မယ်။ အချစ်ရေးမှာ ရိုဆန်ဆန်အမှတ်တရတွေ ဖန်တီးနိုင်မယ်။

ယတြာ- ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဆန်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကြာသပတေးသားသမီး

ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သင်စဉ်းစားထားတာနဲ့ မလုံလောက်တဲ့အတွက် အခြားသူတွေရဲ့ အကြံဉာဏ်ရယူရလိမ့်မယ်။ စိတ်စေညွှန်ရာအတိုင်း လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရလိမ့်မယ်။ ဒီတစ်ပတ်ထဲမှာ အချစ်ရေးကော၊ ငွေရေးကြေးရေးပါ ဆက်လက်ကံကောင်းနေမယ်။

ယတြာ- အဝါရောင်အသုံးအဆောင်တွေ များများသုံးပါ။

၅။ သောကြာသားသမီး

ဒီတစ်ပတ်မှာ စီစဉ်ထားတဲ့ကိစ္စတော်တော်များများကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်လိမ့်မယ်။ အလုပ်မှာ လူ2မှုရေးပြဿနာတွေ သတိထားရလိမ့်မယ်။ အခွင့်အရေးတွေ လွဲချော်သွားတတ်တယ်။ ဘဝအတွက် ဖူးစာရှင်အမှန်နဲ့ ဆုံရမယ်။

ယတြာ- မွေးနံဘုရားမှာ သောက်တော်ရေချမ်းကပ်လှူပါ။

၆။ စနေသားသမီး

စီးပွားရေးမှာ သင့်ရိုးသားမှုကြောင့် တစ်ဆင့်တက်လှမ်းနိုင်လိမ့်မယ်။ စိတ်သဘောထားချင်းမတူသူနဲ့ အချိန်ကုန်ဆုံးစရာအကြောင်း တိုက်ဆိုင်လာတတ်တယ်။ စိုးရိမ်စရာတွေ များလာတတ်တယ်။ အချစ်ရေးမှာ ရှေ့မတိုးသေးတာ အကောင်းဆုံးပါ။

ယတြာ- မိဘမဲ့ကလေးတစ်ဦးအတွက် ဖိနပ်တစ်ရံဝယ်ပေးလိုက်ပါ။

၇။ တနင်္ဂနွေသားသမီး

သင့်ကိုယ်သင် ယုံကြည်မှုရှိနေတာကြောင့် ဘဝအတွက် စီမံနိုင်မယ့်နည်းလမ်းတွေ  တွေ့လာလိမ့်မယ်။ ခရီးခဏခဏထွက်ရမယ်။ အမှားတွေကနေ သင်ခန်းစာယူနိုင်လိမ့်မယ်။ ပြည်ပနဲ့ဆက်စပ်တဲ့အလုပ်အကိုင်တွေ ပေါ်လာတတ်တယ်။ သင့်ကို အမြဲကူညီချင်နေတဲ့မိတ်ဆွေတစ်ယောက်နဲ့ မေတ္တာမျှလိမ့်မယ်။

ယတြာ- သက်ကြီးအဘိုးအဘွားတွေအတွက် ဝေယျာဝစ္စကုသိုလ်ပြုပါ။

ယခုစာစောင်လေးကို LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။