၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( မေလ ၂ဝ ရက်နေ့မှ ၂၆ ရက်နေ့အထိ)

blank

၁။ တနင်္လာသားသမီး

သူတစ်ပါးကို ပျော်ရွှင်အောင်ထားဖို့နဲ့ စီစဉ်ထားတဲ့အရာတွေ လုပ်နိုင်ဖို့ ငွေကြေးမလောက်မငှဖြစ်တတ်တယ်။ အခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ့်သူတွေ ပေါ်လာတတ်တယ်။ အချစ်ရေးမှာ သင်လေးစားရသူနဲ့ ဖူးစာဆုံလိမ့်မယ်။

ယတြာ- မွေးနေ့နံနက်မှာ ပုတီးစိပ်ပါ။

၂။ အင်္ဂါသားသမီး

ဒီတစ်ပတ်မှာ ဘယ်အရာမဆို ရင့်ကျက်မှုကြောင့် ဖြေရှင်းနိုင်မယ်။ ဆန်းဆန်းပြားပြားတွေထက် သဘာဝအတိုင်းလေးနေတာက သင့်အတွက် ဆွဲဆောင်မှုတစ်ခုပါ။ ကိစ္စတိုင်းမှာ ဇွတ်တရွတ်မလုပ်ဘဲ သေသေချာချာ ဆုံးဖြတ်ရမယ့်ကာလပါ။ အချစ်ရေးမှာ လူမှုရေးပြဿနာတွေကြောင့် ချစ်သူ့ဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးရလိမ့်မယ်။

ယတြာ- ရေကုသိုလ်ပြုပါ။

၃။ ဗုဒ္ဓဟူးသားသမီး

အလုပ်မှာ သင်လေးစားရသူတစ်ယောက်ရဲ့ သတင်းဆိုးကြားရတတ်တယ်။ သင့်အမြင်အတိုင်း ဆုံးဖြတ်ချက်ချရမယ့် ကာလပါ။ မိသားစုအတွက် ငွေကြေးထောက်ပံ့ကူညီပေးမယ့်သူတွေ ပေါ်လာတတ်တယ်။ အချစ်ရေးမှာ အလိမ်ညာခံရလိမ့်မယ်။

ယတြာ- အိမ်ဘုရားမှာ ဆီမီးပူဇော်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကြာသပတေးသားသမီး

သင်ပြောလိုက်တဲ့စကားလုံးတိုင်း၊ သင်ဆောင်ရွက်လိုက်တဲ့ အပြုအမူတိုင်းဟာ သင့်ဘဝလင်းလက်တောက်ပမယ့် လက္ခဏာတွေပါပဲ။ အရေးကြီးတဲ့လုပ်ငန်းကိစ္စတွေမှာ လုပ်ဖော်ကိုင်ဖက်တွေဆီက အကူအညီတွေ အများကြီးရလိမ့်မယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားရမယ်။  သင်ထင်ထားတာထက် လုပ်ငန်းအခြေအနေတွေ တိုးတက်မယ့်ကာလပါ။ အချစ်ရေးကတော့ နေမြဲအတိုင်းပါ။

ယတြာ- ခရီးသွားရင် အနက်ရောင်ရှောင်ပါ။

၅။ သောကြာသားသမီး

ဒီတစ်ပတ်မှာ မဖြစ်နိုင်တဲ့ကိစ္စတွေကိုတောင် ဖြစ်အောင်လုပ်နိုင်လိမ့်မယ်။ ရပ်ဆိုင်းထားတဲ့လုပ်ငန်းတွေကို အစီအစဉ်သစ်တွေနဲ့ ပြန်လည်စတင်ရမယ့်ကာလပါ။ ကလန်ကဆန်လုပ်တတ်တဲ့မိသားစုဝင်တစ်ယောက်ကို အဆင်ပြေလာအောင် နားချနိုင်လိမ့်မယ်။ အချစ်ရေးမှာ သူငယ်ချင်းအဆင့်ထက် ပိုလာမယ်။

ယတြာ- ရိပ်သာတစ်ခုမှာ အအေးကုသိုလ်ပြုပါ။

၆။ စနေသားသမီး

ဒီတစ်ပတ်မှာ အပျော်အပါးအတွက် ငွေအကုန်အကျများနေမယ်။ ဘဝအတွက် အာမခံချက်ရှိတာတွေ လုပ်ဆောင်နိုင်လိမ့်မယ်။ မိသားစုရေးနဲ့အချစ်ရေးကြားမှာ ရွေးချယ်ရခက်တတ်တယ်။ ငွေကံကောင်းနေပါတယ်။

ယတြာ- အိမ်မှာရှိတဲ့ အိုးခွက်အဟောင်းတစ်ခုကို စွန့်ပစ်လိုက်ပါ။

၇။ တနင်္ဂနွေသားသမီး

အလုပ်ကိစ္စ၊ မိသားစုကိစ္စတွေကြောင့် ပင်ပန်းရလိမ့်မယ်။ လူမှုရေးကိစ္စတွေမှာ ထင်ထားတာထက် ဖြေရှင်းရလွယ်နေမယ်။ အလုပ်မှာ ရာထူးတိုးမယ့် အခွင့်အရေးတွေ ပေါ်လာတတ်တယ်။ အချစ်ရေး အဆင်ပြေနေပါမယ်။

ယတြာ- မွေးနေ့မှာ ကြက်သွေးရောင်အင်္ကျီဝတ်ဆင်ပါ။

တိုက်ဆိုင်မှုရှိသွားရင် share သွားဦးနော်။