၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( မေလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ)

blank

၁။ တနင်္လာသားသမီး

ဒီတစ်ပတ်အစမှာ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး လွဲချော်မှုတွေ ကြုံရမယ်။ လူတိုင်းက သင့်အတွေးတွေကို နားလည်နိုင်မှာမဟုတ်တဲ့အတွက် သင်သိစေချင်တာကို လူချင်းတွေ့ပြီး တိုက်ရိုက်ပြောပါ။ အပြုသဘောဆောင်တဲ့နည်းလမ်းတွေနဲ့ အနာဂတ်အတွက် လျှောက်လှမ်းနိုင်ပါလိမ့်မယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေ များနေမယ်။

ယတြာ- အိမ်ဘုရားစင်မှာ အောင်သပြေကပ်လှူပါ။

၂။ အင်္ဂါသားသမီး

ဒီတစ်ပတ်မှာ အရာရာကံကောင်းနေပါတယ်။ အချစ်ရေးမှာတော့ ထင်သလောက် ခရီးမပေါက်သလိုဖြစ်နေမယ်။ အသက်အရွယ်အရ ရင့်ကျက်လာတာကြောင့် လိမ်ညာသူတွေရဲ့လက္ခဏာတွေကို သိလာမယ်။ အချစ်ရေးမှာ ဖွင့်ပြောဖို့ အခွင့်အရေးရတတ်တယ်။

ယတြာ- ရေကုသိုလ်ပြုပါ။

၃။ ဗုဒ္ဓဟူးသားသမီး

ဒီတစ်ပတ်မှာ စီစဉ်ထားတဲ့ခရီးတွေ သွားရဖို့ ကြန့်ကြာနေတတ်တယ်။ အလုပ်မှာ သင့်စိတ်ထင်သလောက် မလုပ်နိုင်ဖြစ်နေလိမ့်မယ်။ ဒီတစ်ပတ်အကုန်မှာတော့ မမျှော်လင့်ဘဲ ခရီးသွားရလိမ့်မယ်။ အချစ်ရေးမှာ လူမှုရေးတွေ ကြားဝင်နေမယ်။

ယတြာ- သက်ကြီးရွယ်အိုတွေကို ထီးလှူပါ။

၎။ ကြာသပတေးသားသမီး

အတိတ်မှာတုန်းက လုပ်ဆောင်ခဲ့ဖူးတဲ့ အရာတစ်ခုအတွက် ကောင်းကျိုးတွေခံစားရမယ့်ကာလပါ။ လတ်တလောမှာ အချိန်ကုန်၊ ငွေကုန်စရာကိစ္စတွေ ပေါ်လာတတ်တယ်။ အနာဂတ်လမ်းတွေ ဝေဝါးနေမယ်။ အချစ်ရေးမှာ အနေနီးသူနဲ့ သံယောဇဉ်တွယ်လာတတ်တယ်။

ယတြာ- ဇရပ်ဆောက်လုပ်ခြင်းမှာ တတ်စွမ်းသလောက်လှူဒါန်းပါ။

၅။ သောကြာသားသမီး

ဒီတစ်ပတ်မှာ ငွေကြေးအာမခံထားတာတွေနဲ့ ပတ်သက်ပြီး အရှုပ်အရှင်းတွေ ဖြေရှင်းရလိမ့်မယ်။ ဘဝအတွက် ရွေးချယ်ထားတဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ သင့်ကိုယ်သင် ကတိပေးပြီး ကြိုးစားရမယ့်ကာလပါ။ အရေးပေါ်ကိစ္စတွေအတွက် ငွေကုန်တတ်တယ်။ မြင်မြင်ချင်းအချစ်နဲ့ ဆုံတွေ့ရလိမ့်မယ်။

ယတြာ- မွေးနေ့မှာ ငှက်စာကျွေးပါ။

၆။ စနေသားသမီး

ဒီတစ်ပတ်မှာ အလုပ်နဲ့ မိသားစုကိစ္စတွေမှာ စီစဉ်ထားသလို ဖြစ်မလာတတ်ဘူး။ ဒါပေမဲ့ လူရင်းတစ်ယောက်ရဲ့အကူအညီကြောင့် ဖြေရှင်းနိုင်လိမ့်မယ်။ လုပ်ရမယ့်တာဝန်တွေအတွက် ခြေလှမ်းတွေ နှေးနေတတ်တယ်။ အချစ်ရေးမှာ တစ်ယောက်ပေါ်တစ်ယောက် လေးစားမှုရှိနေကြမယ်။

ယတြာ- ဘုရားမှာရေချမ်းကပ်လှူပါ။

၇။ တနင်္ဂနွေသားသမီး

ဒီတစ်ပတ်မှာ ငွေအထွက်များနေမယ်။ လူမှုရေးကောင်းပြီး အောင်မြင်ကျော်ကြားတတ်တယ်။ မိတ်ဆွေဟောင်းတွေနဲ့ ဆုံစည်းရတတ်တယ်။ မိတ်ဆွေကောင်းတွေပဲ ရလိမ့်မယ်။ အချစ်ရေးမှာ ငွေကြေးပြဿနာလေးတွေ ပေါ်လာတတ်တယ်။

ယတြာ- ပဌာန်းရွတ်ပါ။

တိုက်ဆိုင်မှုလေးတွေရှိသွားရင် share ခဲ့ဦးနော်။