၁၂ ရာသီဖွားတို့အတွက် စိတ်ဖိစီးမှု လျော့ကျချင်ရင် ဒီလိုလေးတွေ နေထိုင်ပါ

blank

စာချစ်သူတို့ရေ…….

ကျွန်မတို့တွေဟာ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားရင်း စိတ်ဖိစီးမှုတွေ ရှိလာကြတယ်။ ဒါကြောင့် ဒီစိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချရမလဲဆိုတာ ကိုယ့်နည်းကိုယ့်လမ်းနဲ့ ကြိုးစားကြရပါတယ်။ ရာသီခွင်အလိုက် စိတ်ဖိစီးမှုတွေ လွယ်လွယ်လျော့ကျအောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းရမယ်ဆိုတာ ဂန္ထဝင်က တင်ဆက်ပေးလိုက်ပါတယ်။

မိဿရာသီဖွား ( မတ်လ ၂၁ ရက်မှ ဧပြီလ ၁၉ ရက်အတွင်း မွေးဖွားသူများ )

မိဿရာသီဖွားတွေအနေနဲ့ အခြားရာသီဖွားတွေနဲ့ မတူတာက လူအများနဲ့ ဆက်သွယ်ရတဲ့ကိစ္စတွေမှာ စိတ်မဝင်စားတတ်ကြပါဘူး။ ခေါင်းဆောင်နေရာတွေမှာ ရောက်နေခဲ့ရင်လည်း လူမှုရေးကောင်းကြပေမဲ့ အကန့်အသတ်နဲ့ပေါင်းတတ်ကြတယ်။ တစ်ယောက်တည်းနေပြီး စိတ်ဖိစီးမှုတွေကို လျှော့ချလို့မရတာကြောင့် အပေါင်းအသင်းတွေနဲ့ လည်ပတ်သွားလာတာမျိုးတွေ လုပ်သင့်ပါတယ်။ ပါတီပွဲတွေ တက်ရောက်တာ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်တာ၊ နေရာသစ်တွေမှာ အုပ်စုလိုက်ခရီးသွားတာမျိုးတွေနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။

ပြိဿရာသီဖွား ( ဧပြီလ ၂ဝ ရက်မှ မေလ ၂ဝ ရက်အတွင်း မွေးဖွားသူများ )

ပြိဿရာသီဖွားတွေအနေနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ လုပ်ဆောင်ရမှာက မိဿရာသီဖွားတွေနဲ့ ဆန့်ကျင်ဘက်ပါ။ ပြိဿရာသီဖွားတွေဟာ ခေါင်းမာတတ်သူတွေဖြစ်ကြတာကြောင့် ပတ်ဝန်းကျင်ကလူတွေနဲ့ အပေါင်းအသင်းမတတ်တဲ့အခါ စိတ်ဖိစီးမှုတွေ ပိုတိုးလာတတ်ကြပါတယ်။ ပြိဿရာသီဖွားတွေအတွက် အေးအေးဆေးဆေးနဲ့ စိတ်ဖိစီးမှုတွေလျှော့ချချင်ရင် တစ်ယောက်တည်းနေရမယ့် အချိန်တွေလိုအပ်ပါတယ်။

မေထုန်ရာသီဖွား ( မေလ ၂၁ ရက်မှ ဇွန်လ ၂ဝ ရက်အတွင်း မွေးဖွားသူများ )

လူတိုင်းက ပျင်းရိခြင်းကို မနှစ်သက်ကြပါဘူး။ ဒါပေမဲ့ မေထုန်ရာသီဖွားတွေအတွက်တော့ အသစ်အဆန်းတွေမလုပ်ဘဲ ကိစ္စတစ်ခုကို နေ့စဉ်နဲ့အမျှ ထပ်ခါထပ်ခါလုပ်တာက စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ မေထုန်ရာသီဖွားတွေဟာ စူးစမ်းချင်စိတ်ရှိကြတယ်။ အတွေ့အကြုံနဲ့ဗဟုသုတတွေရဖို့ အသစ်အဆန်းတွေကို ကိုယ်တိုင်လုပ်ဆောင်ချင်ကြတယ်။ စိတ်ခံစားချက်တွေ တည်ငြိမ်နေတဲ့အခါမျိုးမှာ ခရီးသွားတာက နေ့စဉ်ဘဝရဲ့စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းပါ။

ကရကဋ်ရာသီဖွား ( ဇွန်လ ၂၁ ရက်မှ ဇူလိုင်လ ၂၂ ရက်အတွင်း မွေးဖွားသူများ )

ကရကဋ်ရာသီဖွားတွေဟာ လူတွေအပေါ် အယုံအကြည်နည်းတတ်ကြပါတယ်။ သူတို့ရဲ့ခံစားချက်တွေကို ရင်ဖွင့်ပြဖို့ ခက်ခဲကြတယ်။ ကရကဋ်ရာသီဖွားတွေရဲ့ ယုံကြည်မှုရသွားရင်လည်း မိသားစုဝင်တစ်ယောက်လို ဆက်ဆံခံရပြီး သူတို့ဘဝရဲ့အရေးကြီးဆုံးသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ကရကဋ်ရာသီဖွားတွေဟာ သူတို့စိတ်အပေါ် လွှမ်းမိုးနိုင်သူကို အချစ်ဆုံးသူအဖြစ် သတ်မှတ်ပြီး အေးချမ်းမှုကို ရှာဖွေတတ်ကြပါတယ်။

သိဟ်ရာသီဖွား ( ဇူလိုင် ၂၃ ရက်မှ သြဂုတ်လ ၂၂ ရက်အတွင်း မွေးဖွားသူများ )

သိဟ်ရာသီဖွားတွေဟာ အပြင်ထွက်ပြီး လှုပ်လှုပ်ရှားရှားနေရတာကို နှစ်သက်ကြပါတယ်။ သိဟ်ရာသီဖွားတွေအနေနဲ့ စိတ်ဖိစီးမှုတွေ လျှော့ချချင်ရင် တစ်နေရာရာကို သွားလာပြီး စိတ်ကူးသစ်တွေ ရှာဖွေသင့်ပါတယ်။ ဒါကြောင့် အပြင်ထွက်ပြီး လတ်ဆတ်တဲ့လေကို ရှုရှိုက်ပါ။

ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ )

ကန်ရာသီဖွားတွေဟာ သူတို့ရဲ့လေးစားဖွယ်စရိုက်လက္ခဏာတွေကြောင့် လူတွေအပေါ် လွယ်လွယ်လွှမ်းမိုးနိုင်ကြတယ်။ ကန်ရာသီဖွားတွေဟာ အရာရာကို အသေးစိတ် ဆင်ခြင်သုံးသပ်နိုင်ကြပြီး မဖြစ်နိုင်တဲ့ကိစ္စတွေကို လက်လွှတ်တတ်ကြတယ်။ ကန်ရာသီဖွားတွေဟာ  ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ စေ့စေ့စပ်စပ် လေ့လာကြတယ်။ ကန်ရာသီဖွားတွေအတွက် စိတ်ဖိစီးမှုတွေကို ရပ်တန့်ချင်ရင် နည်းလမ်းကောင်းတွေနဲ့ ခွဲခြမ်းစိတ်ဖြာပြီး အာရုံစူးစိုက်ဖို့ လိုအပ်ပါတယ်။

တူရာသီဖွား ( စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ )

တူရာသီဖွားတွေဟာ ဘက်မမျှမှုတွေကို မုန်းတီးကြတယ်။ တူရာသီတွေဟာ အခြားလူတွေနဲ့ သူတို့ဘဝကြားမှာ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးဖို့ အချိန်နဲ့ခွန်အားကို အသုံးချကြတယ်။ လုပ်ငန်းခွင်မှာ ဘက်မျှအောင် မထိန်းချူပ်နိုင်ရင် တူရာသီဖွားတွေအတွက် လုပ်သင့်တဲ့ အကောင်းဆုံးအရာကတော့ ကိုယ်အကြိုက်ဆုံးအရာတွေကို လုပ်တာပါပဲ။ ဥပမာ- စာအုပ်ကောင်းလေးတွေ ဖတ်တာ၊ သီချင်းကောင်းလေးတွေ နားထောင်တာ၊ အရသာရှိတဲ့အစားအသောက်တွေ စားသောက်တာ၊ အကြိုက်ဆုံးနေရာလေးတွေ သွားလည်တာမျိုးတွေ လုပ်သင့်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၃ ရက်မှ နိုဝင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားသူများ )

ဗြိစ္ဆာရာသီဖွားတွေဟာ ရာသီခွင်အားလုံးထဲမှာ အမှောင်မိုက်ဆုံးလက္ခဏာ ရှိပါတယ်။ ဗြိစ္ဆာရာသီဖွားတွေဟာ အလွန်နက်နက်ရှိုင်းရှိုင်းခံစားတတ်ပြီး ဘဝမှာရှိတဲ့ မကောင်းတဲ့အရာတွေကို မရှောင်ရှားတတ်ကြဘူး။ ဗြိစ္ဆာရာသီဖွားတွေအတွက် စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ နက်နဲတဲ့ခံစားချက်တွေကို အကောင်းဆုံးထိန်းသိမ်းသွားသင့်ပါတယ်။

ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားသူများ )

ဓနုရာသီဖွားတွေဟာ တစ်ယောက်တည်းနေရတာကို မနှစ်သက်ကြပါဘူး။ စိတ်ဖိစီးမှုတွေ များနေတဲ့အချိန်မှာ ကောင်းကျိုးတွေပေးတတ်တဲ့ လူအများနဲ့ပေါင်းသင်းပေးဖို့ လိုအပ်ပါတယ်။ တကယ်တော့ ဓနုရာသီဖွားတွေဟာ လုံခြုံအေးချမ်းတဲ့နေရာတစ်ခုမှာ နေရတာကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ဓနုရာသီဖွားတွေအနေနဲ့ လုပ်သင့်တာကတော့ တစ်နေရာရာကို အလည်အပတ်သွားပြီး အကျိုးရှိတာလေးတွေ လုပ်ဖို့ပါပဲ။ အရည်အသွေးပြည့်ဝတဲ့မိတ်ဆွေတွေက ဓနုရာသီဖွားတွေအတွက် လိုအပ်တဲ့အကူအညီတွေ အများကြီးပေးတတ်ကြပါတယ်။

မကာရရာသီဖွား ( ဒီဇင်ဘာလ ၂၂ ရက်မှ ဇန်နဝါရီလ ၁၉ ရက်အတွင်း မွေးဖွားသူများ )

မကာရရာသီဖွားတွေဟာ အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းရာမှာ အံ့အားသင့်ဖွယ်စွမ်းအားတွေကို အသုံးပြုကြတယ်။ အခြားရာသီဖွားတွေအတွက် စိတ်ဖိစီးမှု ဖြေလျှော့ဖို့ အလုပ်အများကြီးလုပ်ရမယ်ဆိုရင် မကာရရာသီဖွားတွေအတွက် အလုပ်တွေကို ချန်ထားပြီး အေးအေးဆေးဆေးနေရပါမယ်။ မကာရရာသီဖွားတစ်ယောက်အနေနဲ့ ဘဝမှာ ဘက်မမျှမှုတွေကို ခံစားနေရပြီဆိုရင် လက်ရှိအခြေအနေတွေကို ထိန်းချုပ်ပြီး ပုံမှန်အတိုင်းဖြစ်အောင် ပြန်လည်လုပ်ဆောင်တာဟာ အကောင်းဆုံးဖြေရှင်းနည်းပါပဲ။

ကုမ်ရာသီဖွား ( ဇန်နဝါရီလ ၂ဝ ရက်မှ ဖေဖော်ဝါရီလ ၁၈ ရက်အတွင်း မွေးဖွားသူများ )

လူအများစုဟာ စိတ်ဖိစီးမှုတွေကို လျှော့ချချင်ရင် ဦးနှောက်ကို အနားပေးဖို့ ဆုံးဖြတ်ကြတယ်။ တကယ်တော့ ဒါဟာ လုံးဝမမှန်ကန်ပါဘူး။ အထူးသဖြင့် ကုမ်ရာသီဖွားတွေအတွက်ပေါ့။ တခြားအရာတစ်ခုခုအပေါ် မှတ်ဉာဏ်ကို အသုံးချပြီး အာရုံစူးစိုက်ခြင်းဖြင့် ဘဝရဲ့ဖိစီးမှုတွေကို လျှော့ချပစ်ပါ။ ကုမ်ရာသီဖွားတွေအတွက် ကိစ္စတစ်ခုအပေါ် ဦးနှောက်ကို သုံးပြီးတစ်ယောက်တည်း အလုပ်လုပ်ခြင်းက စိတ်အပန်းဖြေဖို့ အကောင်းဆုံးနည်းလမ်းပါ။

မိန်ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက်မှ မတ်လ ၂ဝ ရက်အတွင်း မွေးဖွားသူများ )

မိန်ရာသီဖွားတွေဟာ သူတို့ဘဝကို လှည့်ပတ်ရှုပ်ထွေးစေမယ့်အရာတွေကို မနှစ်သက်ကြပါဘူး။ မိန်ရာသီဖွားတွေဟာ စိတ်ဖိစီးမှုတွေကို ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ သူတို့ရဲ့စိတ်ကူးဉာဏ်ကို အမြဲအသုံးချလေ့ရှိပါတယ်။ မိန်ရာသီဖွားတွေဟာ တကယ်လည်း စိတ်ဖိစီးမှုတွေကို လျှော့ချတဲ့အခါ သူတို့ရဲ့စိတ်ကူးဉာဏ်က အသုံးတဲ့လာပါတယ်။ မိန်ရာသီတွေရဲ့ဖန်တီးနိုင်စွမ်းကြောင့် စိတ်အေးချမ်းမှုကို ရှာတွေ့နိုင်ပါတယ်။

ဒီစာစောင်လေးက သင့်အတွက် အသုံးဝင်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။