၂ဝ၁၉ ရဲ့ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( မေလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ)

blank
၁။ တနင်္လာသားသမီး

ဒီတစ်ပတ်ဟာ ကိစ္စတိုင်းမှာ အကောင်းမြင်ဖို့ ကြိုးစားရမယ့်ကာလပါ။ အချည်နှီးဖြစ်စရာကိစ္စတွေကြောင့် အစီအစဉ်တွေ ထင်သလောက်ရှေ့မရောက် ဖြစ်တတ်ပါတယ်။ ချစ်သူနဲ့ အနာဂတ်အတွက် အစီအစဉ်တွေ ချမှတ်နိုင်မယ်။

ယတြာ- ရပ်ကွက်လမ်းမှာ အရိပ်ရအပင်တွေ ကုသိုလ်ဖြစ် စိုက်ပါ။

၂။ အင်္ဂါသားသမီး

အလုပ်ကိစ္စ၊ မိသားစုကိစ္စတွေကြောင့် မကြာခဏ စိတ်သောကရောက်နေရတတ်တယ်။ ဒါပေမဲ့ ဒီတစ်ပတ်အတွင်းမှာပဲ ပြန်အဆင်ပြေသွားမယ်။ အချစ်ရေးမှာ အထင်လွဲမှုတွေ ကြုံရမယ်။

ယတြာ- ဘုန်းကြီးကျောင်းမှာ သောက်ရေအိုးလှူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဗုဒ္ဓဟူးသားသမီး

ရိုးရိုးရှင်းရှင်းလုပ်ရမယ့် အလုပ်ကိစ္စတွေတောင် မပြီးမြောက်နိုင်ဖြစ်နေတတ်တယ်။ အလုပ်ကိစ္စတွေကြောင့် ဗျာများနေရမယ်။ ရန်လိုတတ်တဲ့အပြုအမူတွေကို ရှောင်ပါ။ ဖူးစာရှင်ကတော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သင့်ဘေးမှာရှိနေပေးမယ်။

ယတြာ- ပရဟိတအဖွဲ့တွေမှာ ပါဝင်အကျိုးဆောင်ပါ။

၎။ ကြာသပတေးသားသမီး

ဒီတစ်ပတ်မှာ သင့်ထင်မြင်ချက်တွေနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေ ကြုံရမယ်။ အခက်အခဲတွေကြားမှာ သင့်ကိုယ်သင် ကာကွယ်ဖို့ မမေ့ပါနဲ့။ စိတ်ဖိစီးမှုနဲ့ စိတ်သောကတွေကို အကောင်းမြင်စိတ်နဲ့ ကျော်လွှားနိုင်မယ်။ သင်ယုံကြည်တဲ့အရာတွေ အကျိုးပေးလိမ့်မယ်။ အချစ်ရေးမှာ သစ္စာရှိဖို့ လိုမယ်။

ယတြာ- မွေးနေ့မှာ ငါးလွှတ်ကုသိုလ်ပြုပါ။

၅။ သောကြာသားသမီး

အချစ်ရေးနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ စိတ်မချစရာကိစ္စတွေ အခိုးအငွေ့လို ပျောက်ကွယ်သွားလိမ့်မယ်။ သင့်ရဲ့အကောင်းဆုံးကြိုးစားမှုကြောင့် စိတ်ချမ်းသာစရာတွေ ကြုံရမယ်။ အချစ်ရေးမှာလည်း အခက်အခဲတွေ ဖြေရှင်းနိုင်မယ်။

ယတြာ- ဘုန်းကြီးကျောင်းမှာ အမှိုက်ရှင်းပါ။

၆။ စနေသားသမီး

သင့်ထင်မြင်ချက်တွေကို ပိတ်ပင်မယ့်သူတွေ ပေါ်လာတတ်တယ်။ အလုပ်မှာ အမြင်မတူသူတွေ ရှိလာပါမယ်။ ကိုယ့်အပေါ် စိတ်ဝင်စားဖို့ ပုံကြီးဖွဲ့မပြောသင့်ပါဘူး။ အချစ်ရေးမှာ စိန်ခေါ်မှုတွေ ကြုံရမယ်။

ယတြာ- ကုသိုလ်ပြုပြီးတိုင်း မေတ္တာများများပို့ပါ။

၇။ တနင်္ဂနွေသားသမီး

အလုပ်မှာကော မိသားစုရေးမှာပါ သင့်ပတ်ဝန်းကျင်က လူတွေအပေါ် ထောက်ပံ့ပေးဖို့ လစ်ဟာနေမယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အလိုက်တသိအချိန်ပေးလာနိုင်ပြီး ပျော်ရွှင်ရပါလိမ့်မယ်။ မျှော်လင့်ချက်တွေ တကယ်ဖြစ်လာတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေပါမယ်။ အချစ်ရေးကတော့ အလွမ်းရက်ရှည်ကြုံရမယ့်ကာလပါ။

ယတြာ- မိဘမဲ့ကလေးတွေအတွက် နို့မှုန့်လှူပါ။

တိုက်ဆိုင်မှုတွေ ရှိခဲ့ရင် မျှဝေလိုက်တော့နော်။