၂ဝ၁၉ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် ( ဧပြီလ ၂၂-ရက်နေ့မှ ၂၈-ရက်နေ့အထိ)

blank
၁။ တနင်္လာသားသမီး

နှစ်သစ်ကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ စတင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကာလဖြစ်တယ်။ စိတ်ကအလိုလို လွတ်လပ်ပေါ့ပါးနေမယ်။ သူငယ်ချင်းဟောင်းတွေနဲ့ မမျှော်လင့်ဘဲဆုံတွေ့နိုင်တယ်။ အနာဂတ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မယ်။ အပျော်အပါးစွက်ရင်း ငွေနဲ့အချိန်တွေဖြုန်းမိနေတတ်ပါတယ်။ မတော်တဆမှုတွေဖြစ်ပွားတတ်တာကြောင့် အသွားအလာ ဂရုစိုက်ပါ။

ယတြာ- မွေးနေ့မှာ ငှက်စာကျွေးပါ။

၂။ အင်္ဂါသားသမီး

လှပပြီးဆွဲဆောင်မှုရှိတဲ့ ဆန့်ကျင်ဖက်လိင်တစ်ဦးနဲ့ မိတ်ဆွေအသစ်ဖွဲ့ရမယ်။ ရိုးရိုးသားသားအခြေအနေတွေကနေ ဆန်းဆန်းပြားပြားအဆင့်တွေကို တက်လှမ်းနိုင်လိမ့်မယ်။ အလုပ်အကိုင်တွေကို အချစ်ရေးလောက် လေးလေးနက်နက်မထားဘဲ လုပ်မိနေလိမ့်မယ်။ အိမ်တွင်းရေးသာယာအဆင်ပြေမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လွန်းတဲ့အကျင့်ကြောင့် အိမ်သားတွေနဲ့ အဆင်မပြေဖြစ်မယ်။

ယတြာ- ဘုရားမှာ လျှပ်စစ်မီးပူဇော်ပါ။

၃။ ဗုဒ္ဓဟူးသားသမီး

အလိုလိုထိရှလွယ်နေတဲ့ စိတ်ကြောင့် နောင်တရစေမယ့် အပြုအမူတွေလုပ်မိလိမ့်မယ်။ လူတွေရဲ့ အထင်အမြင်လွဲမှားစရာတွေကြုံတွေ့ရလိမ့်မယ်။ စိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်ပြီး အကောင်းမြင်စိတ်တွေနဲ့ ပြုမူတုံ့ပြန်ပါ။ ဘဝတစ်ခုလုံးကို ပြောင်းလဲစေမယ့် သတင်းကောင်းတစ်ခုကြားရလိမ့်မယ်။ အဝေးရောက်ချစ်သူနဲ့ ပြန်လည်ဆုံတွေ့ရလိမ့်မယ်။

ယတြာ- တိရိစ္ဆာန်လေးတွေကို အစာကျွေးပါ။

၎။ ကြာသပတေးသားသမီး

မိသားစုအလိုကျဖြည့်ဆည်းရင်း မိမိကိုယ်ကိုပျောက်ဆုံးနေသလို ခံစားနေရမယ်။ တစ်ပါးသူရဲ့ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးရင်း မိမိလိုချင်တဲ့အရာများကို လက်လွတ်ဆုံးရှုံးနေရမယ်။ လူမှုရေးအဖွဲ့အစည်းတစ်ခုကို ကူညီရင်း မိတ်ဆွေအသစ်တွေအများကြီးရမယ်။ အလုပ်အကိုင်နေရာပြောင်းရွှေ့ရတတ်တယ်။

ယတြာ- နေအိမ်ဘုရားမှာ နို့ဆွမ်းကပ်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သောကြာသားသမီး

ဒီတစ်ပတ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ မြင့်တက်နေမယ်။ အလုပ်အကိုင်အတွင်းမှာ တစ်ဆင့်မြင့်တဲ့နေရာတွေကို တက်လှမ်းနိုင်မယ်။ နှစ်သစ်အတွက် အစီအစဉ်ကောင်းတွေကို ချမှတ်နိုင်မယ်။ ရင်ခုန်ရတဲ့သူတစ်ဦးနဲ့ အမှတ်မထင်ဆုံတွေ့ရမယ်။ ငွေကြေးကံကောင်းတတ်တယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာသတင်းကြားရတယ်ဆိုရင် ထီထိုးပါ။

ယတြာ- ဂီလာနဘိုးဘွားများကို ဆေးဝါးဒါနပြုပါ။

၆။ စနေသားသမီး

မိမိထက်ငယ်ရွယ်တဲ့သူ၊ လက်အောက်ငယ်သား တစ်ယောက်ယောက်ရဲ့ ဘဝအရေးကို ဝင်ရောက် ဖြေရှင်းအကြံပေးရလိမ့်မယ်။ မိသားစုအရေးအရာတွေမှာ စိတ်ကိုကြည်ကြည်လင်လင်ထားပြီး နားလည်မှုအပြည့်နဲ့ ကိုင်တွယ်ဖြေရှင်းပါ။ အလုပ်အကိုင်အတွင်းမှာ နေရာရမယ်။ မျှော်လင့်မထားတဲ့ခရီးတစ်ခုထွက်ရမယ်။ လူပျိုကြီး၊ အပျိုကြီးများ ဖူးစာရှင်နဲ့ ဆုံဆည်းတတ်တယ်။

ယတြာ- ဘုရားတစ်ခုခုမှာ ရေအိုးလှူဒါန်းပါ။

၇။ တနင်္ဂနွေသားသမီး

ပြဿနာရပ်တိုင်းကို အလွယ်တကူကိုင်တွယ်ဖြေရှင်းနေနိုင်လိမ့်မယ်။ အများနဲ့ ချိတ်ဆက်လုပ်ကိုင်တဲ့ အလုပ်အကိုင်တွေ အဆင်ပြေလိမ့်မယ်။ မိမိကိုစိတ်အနှောင့်အယှက်ပေးနေတဲ့ လူတွေနဲ့ ဖြစ်ရပ်တွေကို အပြီးသတ်ချန်ထားနိုင်လိမ့်မယ်။ ချစ်သူကိုချစ်ခွင့်ပန်ရန် အချိန်ကောင်းမဟုတ်သေးပါ။ အလုပ်အသစ်ပြောင်းရင် အထူးကံကောင်းပါမယ်။

ယတြာ- သံဃာတော်များကို ထီးလှူဒါန်းပါ။

သင့်အတွက် တိုက်ဆိုင်သွားတယ်ဆိုရင် မျှဝေလိုက်ပါဦးနော်။