အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဧပြီလ ၈ ရက် မှ ဧပြီလ ၁၄ ရက်အထိ)

blank

၁။ တနင်္လာသားသမီး

စိတ်ထဲမှာ ပြဿနာလေးတစ်ခုခုကြောင့် တနုံ့နုံ့နဲ့ ခံစားနေရတတ်ပါတယ်။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို တတ်နိုင်သလောက်ခွဲခြားထားပါ။ ကြိုးစားမှုနဲ့ အသိဉာဏ်ထက်မြက်မှုကြောင့် လူအများကြားမှာ ထင်ပေါ်ကျော်ကြားတတ်ပါတယ်။ အချစ်ရေးကတော့ အဖုအထစ်အနည်းငယ် ရှိနေပါတယ်။

ယတြာ ။          ။ မကြာသင့်တာတွေမကြာအောင်လို့ ဘုရားမှာ ကြာပန်းလှူပါ။

၂။ အင်္ဂါသားသမီး

လုပ်ချင်တဲ့အလုပ်နဲ့ လုပ်နေရတဲ့အလုပ် တလွဲစီဖြစ်ပြီး တွေဝေနေတတ်တယ်။ အလုပ်မှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ ပြေလည်သွားတဲ့အခါ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်လာနိုင်တာကြောင့် စိတ်ရှည်သည်းခံပြီး ကြိုးစားလိုက်ပါ။ စိတ်ထောင်းကိုယ်ကြေမဖြစ်အောင် စိတ်ရောကိုယ်ပါ ကျန်းမာအောင်နေပါ။ အချစ်ရေးကတော့ သာသာယာယာပဲ ရှိနေပါလိမ့်မယ်။

ယတြာ ။          ။ မွေးရက်မှာ သားသက်လွတ်စားပါ။

၃။ ဗုဒ္ဓဟူးသားသမီး

ရှေ့နှစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းဆုတ်ပြီး အားယူသင့်တဲ့အချိန်ပါ။ စိတ်မြန်လက်မြန် ဆုံးဖြတ်တာထက် သေသေချာချာစဉ်းစားပြီးမှ ဆုံးဖြတ်တာက လုပ်ငန်းအတွက် ရလဒ်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ မိသားစုအတွင်း ပဋိပက္ခလေးတွေ ကြုံလာနိုင်ပါတယ်။ အချစ်ရေးကံကောင်းနေပါတယ်။

ယတြာ ။          ။ အဆိုးတွေ ကင်းဝေးအောင် ဖိနပ်အဟောင်းတစ်ရံကို စွန့်ပစ်လိုက်ပါ။

၎။ ကြာသပတေးသားသမီး

ကံဇာတာတွေ အရမ်းတက်နေမယ်။ လုပ်ငန်းခွင်မှာ ဒီထက်ပိုပြီးအောင်မြင်နိုင်မယ့် အခွင့်အလမ်းတွေ ရရှိလာမယ်။ မလွတ်တမ်းဖမ်းဆုပ်ထားပါ။ အလုပ်ကိုပဲ အာရုံစိုက်နေသလို ဖြစ်နေတာကြောင့် မိသားစုကို လျစ်လျူရှုထားမိသလို ဖြစ်တတ်တယ်။ နိုင်ငံရပ်ခြား ခရီးသွားရကိန်းရှိပါတယ်။ အချစ်ရေးကတော့ မာနချင်းပြိုင်နေဆဲပါပဲ။

ယတြာ ။          ။ အလုပ်ကိစ္စအရေးကြီးသွားတော့မယ်ဆိုရင် အဝါရောင်ကို ဆောင်သွားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သောကြာသားသမီး

သင့်ရဲ့ စွမ်းဆောင်ချက်တွေကို လူအများက အံ့သြချီးမွမ်းလိမ့်မယ်။ သင့်ဘဝနဲ့ သင့်အောင်မြင်မှုကို မနာလိုဖြစ်တဲ့သူကြောင့် အနည်းငယ်ထိခိုက်မှုလေးတွေ ရှိတတ်တယ်။ မိသားစုဝင်တစ်ယောက်ယောက်ရဲ့ အကူအညီကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာမယ်။ ချစ်ရသူကို အချိန်ပေးဖို့ သတိရပါဦး။

ယတြာ။           ။ အိမ်ယာမဲ့ဆင်းရဲသားတွေအတွက် အဝတ်အထည်တွေ လှူလိုက်ပါ။

၆။ စနေသားသမီး

မလိုသူတွေရဲ့ ကုန်းတိုက်စကားကြောင့် အလုပ်အကိုင်နဲ့ပတ်သက်တဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးရလိမ့်မယ်။ ငွေကြေးအာမခံကိစ္စတွေကို တတ်နိုင်သလောက်ရှောင်ပါ။ ရှေ့ပြောနောက်ကြည့်ပါ။ ချစ်သူရဲ့ အားပေးဖေးမမှုကြောင့် စိတ်ဓာတ်ခွန်အားတွေ ရလာလိမ့်မယ်။

ယတြာ ။          ။ သံဃာတော်များကို ဘယာကြော် ကပ်လှူပါ။

၇။ တနင်္ဂနွေသားသမီး

ကြိုးစားမှုကြောင့် ရလာတဲ့ရလဒ်က သင့်ကို အမြဲတမ်းအထင်သေးဝေဖန်နေတတ်တဲ့သူတွေအတွက် အံ့အားသင့်သွားလောက်အောင် ကောင်းမွန်တတ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာ သင့်ဘဝအတွက် အမှတ်ရစရာ အဖြစ်အပျက်တစ်ခုခု ဖြစ်ပေါ်လိမ့်မယ်။ ပညာရေးမှာ ကြိုးစားဖို့လိုနေသေးတယ်။ အချစ်ရေးကတော့ ပုံမှန်ပါပဲ။

ယတြာ။           ။ ပညာရေးမှာ ရလဒ်ကောင်းထွက်ဖို့ စာသင်သားသံဃာတော်တွေကို            စာရေးကိရိယာလှူဒါန်းပါ။

တိုက်ဆိုင်မှုလေးတွေ ရှိသွားရင် မျှဝေလိုက်တော့နော်။