အပတ်စဉ် ဂန္ထဝင်ဗေဒင် ( ဧပြီ်လ ၁ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ )

တနင်္လာသားသမီး

ဒီတစ်ပတ်မှာ ဂရုစိုက်ပေးမယ့်သူတွေ ပေါ်လာတတ်တယ်။ လူအများနဲ့စည်းစည်းလုံးလုံး ဆောင်ရွက်ခြင်းဖြင့် ပေါ်လာတဲ့ပြဿနာတွေကို အဆင်ပြေပြေဖြေရှင်းနိုင်မယ်။ အချစ်ရေးမှာ ကောင်းမွန်တဲ့အနာဂတ်အစီအစဉ်တွေ ချမှတ်နိုင်မယ်။

ယတြာ- ဘုရားမှာ သစ်သီးဆွမ်းကပ်လှူပါ။

အင်္ဂါသားသမီး

ဒီတစ်ပတ်မှာ စိန်ခေါ်မှုတွေပေါ်လာတိုင်း စိတ်လိုက်မာန်ပါ မလုပ်သင့်ပါဘူး။ အလုပ်ကိစ္စမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် အဆုံးထိတွေးတောနိုင်မှ အမှန်မြင်နိုင်မယ်။ အဝေးရောက်နေတဲ့ မောင်နှမသားချင်းတွေဆီက သတင်းကောင်းကြားရလိမ့်မယ်။

ယတြာ- မွေးနေ့မှာ စတုဒီသာကျွေးပါ။

ဗုဒ္ဓဟူးသားသမီး

ဒီတစ်ပတ်မှာ အခြားသူတွေက သင့်စိတ်ကူးတွေကို လက်ခံပေးဖို့ ခက်ခဲနေတတ်တယ်။ သင့်အတွေးတွေက ဖြစ်နေတာတွေထက် ရှေ့ရောက်နေတတ်တယ်။ ဒါပေမဲ့ သင်အကောင်းဆုံးကြိုးစားထားတာတွေက အခြားသူတွေအတွက် အကျိုးပြုနေတယ်ဆိုတာ တဖြည်းဖြည်းမြင်လာပါလိမ့်မယ်။ အချစ်ရေးမှာ ငွေကြေးကြောင့် ပြဿနာလေးတွေ ပေါ်လာတတ်တယ်။

ယတြာ- အဓိဋ္ဌာန်ပတီးစိပ်ပါ။

ကြာသပတေးသားသမီး

ဒီတစ်ပတ်မှာ ငွေကြေးပြဿနာလေးတွေကြောင့် ခေါင်းရှုပ်ရတတ်တယ်။ အခြားသူတွေရဲ့ ထင်မြင်ချက်တွေက သင့်ကို မှန်ကန်တဲ့ဖြေရှင်းနည်း မပေးတတ်ပါဘူး။ ကျွမ်းကျင်သူတစ်ယောက်ဆီက အကြံဉာဏ်ရလိမ့်မယ်။ အချစ်ရေးမှာ ပြောင်းလဲမှုမရှိပါ။

ယတြာ- ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေးလုပ်ပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သောကြာသားသမီး

ဒီတစ်ပတ်မှာ ရွေးချယ်ရခက်တဲ့ကိစ္စတစ်ခုနဲ့ ကြုံရမယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရွေးချယ်မှုမှားတတ်တယ်။  အချစ်ရေးမှာ ခက်ခဲချိန်တွေကို ကြုံရတတ်ပါတယ်။

ယတြာ- ဘုရားမှာ ဆီမီးပူဇော်ပါ။

စနေသားသမီး

ဒီတစ်ပတ်မှာ ဘဝပေးအခြေအနေတစ်ခုကို မယိုင်လဲအောင် ထိန်းသိမ်းခြင်းက သင့်အားသာချက်ဖြစ်လာတတ်ပါတယ်။ မပြီးပြတ်သေးတဲ့ အလုပ်ကိစ္စတွေကို စိတ်ရှည်ရှည်နဲ့ ဂရုတစိုက်ဖြေရှင်းပါ။ စိတ်ရှည်၊ ဇွဲသန်ခြင်းက အခက်အခဲတိုင်းကို အောင်နိုင်မယ့် သင့်အတွက် လျှို့ဝှက်ချက်ပါ။ အချစ်ရေးမှာ အပြိုင်အဆိုင်တွေ ပေါ်လာတတ်တယ်။

ယတြာ- ဆေးရုံတစ်ရုံမှာ ရေကုသိုလ်လုပ်ပါ။

တနင်္ဂနွေသားသမီး

ဒီတစ်ပတ်မှာ အိမ်တွင်းရေး သဘောထားကွဲလွဲမှုတွေ ပေါ်လာတတ်တယ်။ ဒေါသကို ရှေ့တန်းမတင်ဘဲ ဖြေရှင်းပါ။ ရည်မှန်းချက်တွေက သင်လုပ်ဆောင်နိုင်တာထက် ကျော်လွန်နေတတ်တယ်။ လက်တွေ့ကျကျ လုပ်ဆောင်ပါမှ သင်လိုချင်တာတွေ ရနိုင်မယ်။ အချစ်ရေးမှာ အံ့အားသင့်စရာကိစ္စတွေ ရှိလာတတ်တယ်။

ယတြာ- ဘုရားဝင်းအတွင်း သန့်ရှင်းရေးလုပ်ပါ။

တိုက်ဆိုင်မှုလေးတွေရှိရင် Share လိုက်ပါဦးနော်။