မကာရ ရာသီဖွားတို့အတွက် ၂ဝ၁၉ တစ်နှစ်တာဟောစာတမ်း

မကာရ ရာသီဖွားလေးတွေအတွက်တော့ မယုံနိုင်စရာကောင်းတဲ့ အဖြစ်အပျက်တွေဖြစ်လာမယ့် နှစ်တစ်နှစ်လေးပါပဲ။ အရာအားလုံးဟာ ကိုယ်စီစဉ်ထားသလို တစ်ထပ်တည်းဖြစ်လာမှာမို့ စိတ်ရှည်ရှည်ထားပြီး ကြိုးစားပါ။ အောင်မြင်မှုတိုင်းဟာ ကိုယ့်အတွက်ချည်းပါပဲနော်။

အချစ်ရေးအနေနဲ့ကတော့ မကာရရာသီဖွားတွေဟာ ကိုယ့်အကျင့်စရိုက်တွေနဲ့ လုံးဝဆန့်ကျင်နေပြီး၊ ကိုယ့်ရဲ့ကြိုးစားချင်စိတ်တွေကို လှုံ့ဆော်ပေးနိုင်မယ့် သူမျိုးနဲ့ တွေ့ရှိရမှာပါ။ သူဟာ ကိုယ့်အတွက်သီးသန့်ဖြစ်တည်လာတာလို့ ထင်ရလောက်အောင်ကို အဘက်ဘက်က ပြီးပြည့်စုံတဲ့ ဖူးစာဖက်လေးပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မကာရရာသီဖွားတွေအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ပုန်းကွယ်နေတဲ့အရည်အချင်းတွေလည်း ပေါ်ထွက်လာမယ့်နှစ်တစ်နှစ်ပါ။ ဒီအရည်အချင်းတွေဟာ အလုပ်မှာလည်း အကောင်းဆုံးအထောက်အပံ့တွေပေးနိုင်ပြီး အောင်မြင်မှုတွေရရှိနိုင်စေမှာမို့ ပိုက်ဆံအိတ်ကိုဖွင့်ပြီး ငွေတွေဝင်လာမှာကိုသာ အသင့်စောင့်ဆိုင်းနေလိုက်ပါတော့။ ကိုယ့်ဘဝ ကြီးပွားဖို့အတွက် အကောင်းဆုံးအချိန်တစ်ခုဖြစ်တာကြောင့် ဘယ်သူ့စကားကိုမှ နားမယောင်လိုက်ပါနဲ့။၂ဝ၁၉ ဟာ မကာရ ရာသီဖွားတွေအတွက် အံ့သြစရာအရာတွေသယ်ဆောင်လာပေးမယ့် ကောင်းတဲ့နှစ်တစ်နှစ်ပါ။

စာချစ်သူတို့သိတဲ့ မကာရရာသီဖွားလေးတွေကို mention ခေါ်ခဲ့ပေးပါဦးနော်။