အပတ်စဉ် ဂန္ထဝင်ဗေဒင် ( မတ်လ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ )

blank
တနင်္လာသားသမီး

ဒီအပတ်မှာ အခက်အခဲတွေကို ကျော်လွှားနိုင်လိမ့်မယ်။ အလုပ်ကိစ္စတွေ နှောင့်နှေးနေပေမဲ့ စိတ်အားထက်သန်မှုကြောင့် ပြေလည်သွားတတ်ပါတယ်။ အနာဂတ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်လိမ့်မယ်။ အချစ်ရေးကတော့ နေမြဲအတိုင်းပါပဲ။

ယတြာ- မွေးနံထောင့်မှာ ရေချမ်းကပ်လှူပါ။

အင်္ဂါသားသမီး

ဒီအပတ်မှာ အလုပ်ကိစ္စ၊ အိမ်တွင်းရေးကိစ္စတွေမှာ အရှုပ်ထုပ်တွေ ဖြေရှင်းရလိမ့်မယ်။ ဒေါသကြောင့် ပြောလိုက်မိတဲ့စကားတွေကြောင့် ရလဒ်ဆိုးတွေ ကြုံရလိမ့်မယ်။ ဖူးစာရှင်နဲ့ ဆုံရလိမ့်မယ်။

ယတြာ- ပုတီးစိပ်ပါ။

ဗုဒ္ဓဟူးသားသမီး

ဒီအပတ်မှာ အလုပ်ကိစ္စလေးတွေ ရှုပ်ထွေးနေလိမ့်မယ်။  စိတ်အေးအေးထားပါ။ သင့်ရဲ့အမှားတွေကို ပိုကြီးအောင် ထိုးနှက်မယ့်သူလေးတွေ ရှိတတ်တယ်။ အချစ်ရေးအဆင်ပြေပါတယ်။ ငွေကြေးလက်လွန်တတ်တာကြောင့် သတိထားပါ။

ယတြာ- ငှက်စာကျွေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

ဒီအပတ်အတွင်းမှာ စိန်ခေါ်မှုအသစ်တွေ ကြုံရလိမ့်မယ်။ မကြာခဏပေါ်လာတတ်တဲ့  စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေအတွက် ဒေါသကိုချုပ်တည်းပြီး အကောင်းမြင်စိတ်နဲ့ ကျော်လွှားနိုင်ပါလိမ့်မယ်။ ကြားလူတစ်ယောက်ကြောင့် ချစ်သူနဲ့ကတောက်ကဆလေးတွေ ဖြစ်တတ်တယ်။

ယတြာ- နေ့စဉ် တရားထိုင်ပါ။

သောကြာသားသမီး

ဒီအပတ်အတွင်းမှာ အရင်ကဖြစ်နေတဲ့  စိတ်မအေးစရာတွေအားလုံး အခိုးအငွေ့လို ပျောက်ကွယ်သွားပါလိမ့်မယ်။ ဖန်တီးတီထွင်မှုတွေမှာ အရည်အချင်းတွေကို ထုတ်ပြနိုင်မယ်။ မျှော်လင့်နေသူနဲ့ အဆင်ပြေသွားမယ်။ ငွေကြေးလက်လွန်ထားတာတွေ ပြန်ရမယ်။

ယတြာ- ဘုန်းကြီးကျောင်းမှာ ဆွမ်းချိုင့်ပို့ပါ။

စနေသားသမီး

ဒီအပတ်မှာ သင့်အတွေးအခေါ်တွေကို ဖော်ပြတဲ့အခါ ပိတ်ပင်တားဆီးမယ့်သူ အနည်းငယ်ရှိတတ်ပါတယ်။ အလုပ်မှာ အတိုက်အခိုက်အနည်းငယ်ရှိတတ်ပါတယ်။  အချစ်ရေးမှာ စိန်ခေါ်မှုတွေနဲ့ ကြုံရလိမ့်မယ်။

ယတြာ- လူကြီးမိဘတွေကို ဆေးဝါးထောက်ပံ့ပေးပါ။

တနင်္ဂနွေသားသမီး

ဒီအပတ်မှာ အလုပ်ကိစ္စ၊ မိသားစုကိစ္စအတွက် ခေါင်းရှုပ်ရတတ်တယ်။  အချစ်ရေးမှာ သင့်အိပ်မက်တွေအတိုင်း ဖြစ်လာတတ်ပါတယ်။ လုပ်ငန်းအသစ်တွေကို ရင်းနှီးမြှပ်နှံဖို့ အချိန်မကျသေးပါ။ ရပ်ဝေးမှသတင်းကောင်းကြားရတတ်ပါတယ်။

ယတြာ- တရားထိုင်ပါ။

သင့်အတွက်မှန်ခဲ့ရင် ဝေမျှပေးဖို့ မမေ့ပါနဲ့။