၂ဝ၁၉ မှာ ကံအကောင်းဆုံးတွေဖြစ်မယ့် တူရာသီဖွားများ

blank

၂ဝ၁၉ ဟာ တူရာသီဖွားတွေအတွက် ကံကောင်းခြင်းတွေယူဆောင်လာပေးမယ့် နှစ်တစ်နှစ်ပါ။ ဒီနှစ်မှာ တူရာသီဖွားတွေအနေနဲ့ လူအများရဲ့ ယုံကြည်ကိုးစားမှု၊ ချစ်ခင်မှုတွေကို ခံယူရရှိမှာပါ။

၂ဝ၁၉ ဟာ တူရာသီဖွားတွေအတွက် ဘဝအပြောင်းအလဲတွေကို ယူဆောင်လာပေးမယ့် အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်တာကြောင့် စိတ်အားထက်သန်မှုတွေနဲ့ အကောင်းမြင်စိတ်တွေသာ အပြည့်အဝထားပါ။ နှစ်စမှာကတည်းက ကံကောင်းခြင်းတွေ ရရှိစေမှာပါ။

၂ဝ၁၉ ဟာတူရာသီဖွားတွေအတွက် စိတ်ခံစားမှုအရရော၊ မိသားစုအရေးတွေမှာပါ ငြိမ်းချမ်းမှုတွေနဲ့ တိတ်ဆိတ်ငြိမ်သက်မှုတွေ ပြည့်နှက်နေမယ့် နှစ်တစ်နှစ်ပါ။ ကာလကြာရှည်တွဲလာတဲ့ချစ်သူတွေ၊ စေ့စပ်ထားတဲ့ချစ်သူတွေအဖို့တော့ လက်ထပ်ဖို့အချိန်ကောင်းပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တူရာသီဖွားတွေအတွက် အသင့်တော်ဆုံးရာသီခွင်တွေကတော့ မေထုန်ရာသီဖွား၊ ဓနုရာသီဖွား နဲ့ ကုမ်ရာသီဖွားတွေပဲ ဖြစ်ပါတယ်။

၂ဝ၁၉ ဟာ အလုပ်အကိုင်အတွက် အကျိုးပေးတဲ့ နှစ်တွေထဲက တစ်နှစ်ပါ။ ဂျူပီတာဂြိုဟ်ဟာ အလုပ်အကိုင်အကျိုးပေးတဲ့ဂြိုဟ်ခုံဖက်ကို ပြောင်းလဲလာပြီဖြစ်လို့ ကံကောင်းမှုတွေ၊ ပေါကြွယ်ဝမှုတွေကို သယ်ဆောင်လာပေးတော့မှာပါ။ လုပ်ငန်းခွင်မှာလည်း အောင်မြင်မှုတွေရရှိနိုင်တဲ့ အခွင့်အလမ်းတွေရှိတာကြောင့် ယခင်ကထက် ပိုမိုကြိုးစားလုပ်ကိုင်လိုက်ပါ။ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေကြားမှာ မိမိရဲ့ ဂုဏ်သတင်းမွှေးပျံ့နေပြီး အားလုံးရဲ့အထူးဂရုစိုက်မှု၊ အလေးပေးမှုကို ရရှိမယ့်နှစ်တစ်နှစ်ပါ။ အလုပ်အကိုင်နဲ့ ပတ်သက်ရင် အရာရာအဆင်ပြေမယ့် နှစ်တစ်နှစ်ဖြစ်တာကြောင့် အလုပ်ပြောင်းချင်နေတဲ့ တူရာသီဖွားတွေအတွက်လည်း ယခုအချိန်ဟာ အချိန်ကောင်းပါပဲ။

စာချစ်သူတို့ရဲ့ သူငယ်ချင်း တူရာသီဖွားလေးတွေ သိရှိစေဖို့ comment box မှာ mention ခေါ်ခဲ့ကြပါဦးနော်။